ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် တရုတ်အတွေ့အကြုံကို ဝေမျှ   

2018-10-19 17:12:59 |သတင်းအရင်းအမြစ် 人民日报

အောက်တိုဘာလ(၁၇)ရက်နေ့သည် တရုတ်နိုင်ငံ၏ (၅)ကြိမ်မြောက်နိုင်ငံတော်ဆင်းရဲနွမ်းပါးမှုလျှော့ချ ရန် ကူညီထောက်ပံ့မှုပေးမှုနေ့ဖြစ်ပြီး တရုတ်နိုင်ငံသည် နောက်တစ်သုတ်အနေဖြင့် ဆင်းရဲသော ခရိုင် (၈၅)ခုသည် ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်လာကြသည်ဟု တရုတ်နိုင်ငံတော်ကောင်စီမှ သတင်းအရ သိရသည်။

တရုတ်နိုင်ငံသည် မိမိနိုင်ငံ၏လူမှုရေးအခြေအနေကို အမှီပြုပြီး တရုတ်ထူးခြားချက်ရှိသော ဆင်းရဲနွမ်းပါး မှုလျှော့ချရေးလမ်းကြောင်းကို ဖောက်လုပ်လာခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် မိမိရွေးချယ်သော လမ်းကြောင်း၏ စစ်မှန်ခြင်းကို သက်သေပြခဲ့ပြီး တစ်ချိန်တည်းတွင် ကမ္ဘာပေါ်ရှိ အမိနိုင်ငံလွတ်လပ် ရေးကို ထိန်းသိမ်းကာ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ဆန္ဒရှိသည့်နိုင်ငံများအတွက် ရွေးချယ်ရန်လမ်းကြောင်း သစ်များကို ဝေမျှတင်ပြပေးနေသည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချစေရန်အတွက် ကြိုးစားစွာ ကူညီ ထောက်ပံ့ပေးနေသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလထိတိုင် တရုတ်နိုင်ငံသည် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း (၁၆၆)ခုအတွက် တရုတ်ငွေ ဘီလီယံ(၄၀၀)ကို ကူညီထောက်ပံ့ပေးခဲ့ပြီး ပရဟိတဝန်ထမ်း (၆)သိန်းကျော်ကို အခြားနိုင်ငံသို့ ကူညီထောက်ပံ့ရန် စေလွှတ်ကာ ၎င်းအနက် ပရဟိတဝန်ထမ်း (၇၀၀) ကျော်သည် နိုင်ငံခြား၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အသက်ပေးလှူခဲ့ကြရသည်။ ထို့ပြင် အာရှတိုက်၊ အာဖရိကတိုက်၊ လက်တင်အမေရိကတိုက်၊ Caribbean ဒေသ၊ အိုရှင်နီယာတိုက်မှ နိုင်ငံ(၆၉) နိုင်ငံ အတွက် ဆေးကုသခြင်းပညာသင်ကြားပေးခဲ့ကာ ဖွံ့ဖြိုးဆဲနိုင်ငံ(၁၂၀)နိုင်ငံကျော်အတွက် ကုလသမဂ္ဂ၏ နှစ်ပေါင်းထောင်ချီဖွံ့ဖြိုးရေးပန်းတိုင်ကို ဆောင်ရွက်ရာတွင် အကူအညီဝေမျှပေးခဲ့သည်။

ယခုအချိန်ထိတိုင် တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် ပူးပေါင်းပြီး “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်သွယ်”အဆိုပြုချက်ကို ဆောင်ရွက်နေပြီး ပိုမိုများပြားသော နိုင်ငံနှင့် ပြည်သူ့တို့နှင့်အတူ တရုတ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအကျိုးရလဒ်ကို အတူမျှဝေနေသည်။ ထို့ပြင် တရုတ်နိုင်ငံသည် နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစနစ်သစ်ကို အဆိုတင်သွင်းပြီး နိုင်ငံရေးတောင်းဆို ချက်များ လုံးဝမပါဝင်ပဲ မိမိဆန္ဒအလျှောက်ပါဝင်ခြင်းနည်းလမ်းဖြင့်သာ သာမန်ပြည်သူပြည်သားများ၏ လိုအပ်ချက်ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်နေသည်။

သတင်းအရင်းအမြစ်၊ ပြည်သူ့နေ့စဉ်သတင်းစာပြည်ပကော်လံ။
ဆောင်းပါးရှင်၊ ထန်ဝေ့ဖိန်၊ ဒုဌာနမှူး၊ တရုတ်နိုင်ငံတကာဆင်းရဲနွမ်းပါးမှုလျှော့ချရေးဌာန။
ဘာသာပြန်၊ Yunnan Gateway.

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006