ယူနန် “ဆွယ်တာအင်္ကျီအဘွား”တို့က ဆွယ်တာအင်္ကျီတစ်ရာကျော်ကိုရက်လုပ်ပြီး ဆင်းရဲသောကျောင်းသူကျောင်းသားများအား လှူဒါန်း

2018-11-05 18:46:49 |သတင်းအရင်းအမြစ်

ကူမင်းဆေးတက္ကသိုလ် အမှတ်(၁)တွဲဖက်ဆေးရုံတွင် ဆွယ်တာအင်္ကျီအဘွားတို့အဖွဲ့ စုဝေးကာ ဆွယ်တာအင်္ကျီရက်လုပ်ကြပါသည်။ သူတို့အဖွဲ့သည် ပျမ်းမျှအားဖြင့် အသက်(၇၅)နှစ်ခန့် ရှိပြီး အဘွား(၁၉)ဦးဖြင့် ဖွဲ့စည်းထားပါသည်။

ယခုရက်ပိုင်းတွင် ၎င်းဘွားဘွားတို့သည် တရုတ်နိုင်ငံတော်အဆင့် ဆင်းရဲကျေးရွာဖြစ်သော ချောင်ကျာခရိုင် ယောင်စန်မြို့နယ် ပန်ကျင်ရွာရှိ ဆင်းရဲနွမ်းပါးသောကလေးများအတွက် ဆောင်းရာသီတွင်ဝတ်ရန် ဆွယ်တာအင်္ကျီများကို ရက်လုပ်ပေးကြပါသည်။

ယခင်က သူတို့အဖွဲ့သည် ကလေးများအတွက် (၉)လကြာ အသေးစိတ်ရက်လုပ်ထားသည့် ဆွယ်တာအင်္ကျီ (၁၈၄)ထည်နှင့် ခြေအိတ်(၁၈၀)ရံကို ပို့ပေးလှူဒါန်းကြောင်း သိရပါသည်။တရုတ်သတင်းစာတိုက် သတင်းထောက်--Liu Ranyang

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006