အရှိန်အဟုန်မြင့်လာသည့် အမြန်ချောပို့လုပ်ငန်း

2018-11-13 17:54:07 |သတင်းအရင်းအမြစ် 云桥网

နှစ်စဉ် နိုဝင်ဘာ(၁၁)ရက်နေ့သည် တရုတ်စားသုံးသူများအတွက် shopping နေ့တစ်နေ့ဖြစ်ပြီး တစ်ချိန်တည်းတွင် အမြန်ချောပို့လုပ်ငန်းအတွက်လည်း စိန်ခေါ်မှုများစွာ ကြုံတွေ့သောနေ့တစ်နေ့ ဟုလည်း ပြောနိုင်သည်။

Online photo

ယခုနှစ်သည် နိုဝင်ဘာလ(၁၁)ရက်နေ့ shopping နေ့ကျင်းပသည့် (၁၀) နှစ်မြောက်ဖြစ်သည်။ ၎င်း (၁၀)နှစ်အတွင်း ပြန်ပြောင်းကြည့်လျှင် ဆိုင်တွင် ပစ္စည်းဝယ်ယူခြင်းနှင့် အွန်လိုင်း shopping အပြန် အလှန်ပေါင်းစပ်ဆောင်ရွက်ဖွံ့ဖြိုးတိုးတက်လာကာ အမြန်ချောပို့လုပ်ငန်းလည်း ဖြစ်ထွန်းလာသည်။ Cai Niao အမြန်ချောပို့လုပ်ငန်း၏ စာရင်းဇယားများအရ၊ နိုဝင်ဘာလ(၁၁)ရက်နေ့ shopping နေ့တွင် Tmall အွန်လိုင်း shopping ကွန်ရက်မှတစ်ဆင့် ပစ္စည်းမှာယူခြင်းပမာဏသည် ၂၀၀၉ ခုနှစ်က (၂.၆)သိန်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် (၈၁၂)သန်းသို့ တိုးများလာကာ အဆ(၃၁၀၀)ကျော် တိုးလာသည်ဟု ပြောနိုင် သည်။ ယခုနှစ်တွင် ယခင်ကထက် ပိုမိုဝမ်းမြောက်ဝမ်းသာစေသည့် အောင်မြင်မှုကို ရရှိခဲ့ပြီး အမှာစာရင်း ပမာဏသည် (၁)ဘီလီယံသို့ ရောက်ရှိခဲ့သည်။

အထည်(၁)ဘီလီယံကျော်သော ပါဆယ်ထုပ်အားလုံးကို အမြန်ချောပို့ဖြင့် စားသုံးသူထံ ပို့ပေးလိုက် သည်ကို သင်မည်ကဲ့သို့ ကောင်းစွာ နားလည်လိုက်သနည်း။

တကယ်တမ်းပြောရလျှင် အဆိုပါပါဆယ်ထုပ်တစ်ခုပြီးတစ်ခု တန်းစီးလိုက်လျှင် ကျွန်တော်တို့နေထိုင်နေ သော ကမ္ဘာကြီးကို အကြိမ် (၁၂၀၀) ဝိုင်းပတ်နိုင်သည်ဟု ပြောနိုင်သည်။

အထူးပြောချင်သည့် အရေးကြီးဆုံးတစ်ချက်သည် အဆိုပါပါဆယ်ထုပ်များကို (၁)ပတ်အချိန်ကာလ အတွင်း စားသုံးသူများထံသို့အရောက် အကုန်ပို့ပေးနိုင်ခဲ့သည်။ မည်ကဲ့သို့သော အရှိန်အဟုန်ဖြင့် ထိုသို့မြန်ဆန်ပါသနည်း။ တရုတ်အမြန်ချောပို့လုန်ငန်းသည် နည်းပညာစနစ်သစ်ဖြင့် အရှိန်အဟုန်ကို အာမခံနေသောကြောင့်ဖြစ်ပါသည်။

ပစ္စည်းခွဲဝေသော စက်ရုပ်။
ပစ္စည်းခွဲဝေသော စက်ရုပ်သည် ပုံသဏ္ဌာန်မတူသောပစ္စည်းများကို ခွဲခြားပြီး သတ်မှတ်ထားသော ပစ္စည်းသိုလှောင်နေရာသို့ အလိုအလျှောက် ပို့ဆောင်ပေးနိုင်သည်။

AR မျက်မှန်ဖြင့် ခွဲဝေခြင်း။
AR(Augmented Reality) မျက်မှန်တပ်ဆင်လျှင် ပါဆယ်ထုပ်ဆိုင်ရာအကြောင်းအရာများကို အကုန် မြင်တွေ့နိုင်ပြီး AR စမတ်ကုန်သွယ်စီးဆင်းမှုစနစ်ဖြင့် စားသုံးသူများတင်ပြထားသည့် ပစ္စည်းမှာယူခြင်း စာရင်းကို အကုန်တွေ့မြင်ကာ ဆောင်ရွက်ပေးနိုင်သည်။ AR မျက်မှန်သည် အထုပ်တည်ရှိသောနေရာကို သေချာရှာဖွေပေးနိုင်ပြီး ထိုအထုပ်သွားယူသော အဆင်ပြေဆုံးလမ်းကြောင်းကို အလိုအလျှောက် စီစဉ် ပေးနိုင်သည်။

မောင်းသူမဲ့လေယာဉ်
ကြိုးမဲ့အဝေးထိန်းစက် (Telecontrol Equipment)ဖြင့် ထိန်းချုပ်ရေးစနစ် ပါဝင်သော ကောင်းကင်ယံ အနိမ့်ပျံသန်းနိုင်သည့် မောင်းသူမဲ့စက်ကိရိယာဖြင့် ပါဆယ်ထုပ်ပို့ပေးသောစက်တစ်မျိုးဖြစ်သည်။ မောင်းသူမဲ့လေယာဉ်သည် ပါဆယ်ထုပ်ကို မိနစ်အနည်းငယ်မျှဖြင့် စားသုံးသူများထံ အရောက်ပို့ နိုင်သည်။

ပါဆယ်ထုပ်ပို့ပေးသည့်စက်ရုပ်။
ပါဆယ်ထုပ်ပို့ပေးသည့်စက်ရုပ်သည် အလိုအလျှောက် ပါဆယ်ထုပ်ပို့ရန် လမ်းကြောင်းကို စီစဉ်ခြင်း၊ မိမိလမ်းညွှန်ပေးခြင်း၊ တားဆီးခြင်းကို ရှောင်ရှားခြင်း၊ စားသုံးသူများနှင့်ကြိုတင်ချိန်းဆိုထားခြင်း၊ ပါဆယ်ထုပ်စစ်ဆေးခြင်းနှင့် ပါဆယ်ထုပ်လက်မခံခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်။

စမတ်စက်ဖြင့် ပါဆယ်ထုပ်ထုပ်ခြင်း။
ပါဆယ်ထုပ်ထုပ်ပေးသည့်စမတ်စက်သည် Electromagnetic Levitation နည်းပညာဖြင့် တစ်နာရီ လျှင် ပါဆယ်ထုပ်အထည်(၁၀၀၀)အား ထုပ်ပေးနိုင်ပြီး လူအားဖြင့် ဆောင်ရွက်ခြင်းထက် (၁၀)ဆ အရှိန် အဟုန် ပိုမိုမြန်ဆန်နေသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006