ယူနန်ပြည်နယ် ဖူဝိုက်နှလုံးခွဲစိတ်ကုသဆေးရုံ (အောက်တွင် ယူနန်ဖူဝိုက်ဆေးရုံ)သည် ဆေးရုံဆင်းတော့မည့် နောက်ဆုံးအသုတ် မြန်မာနိုင်ငံမှ မွေးရာပါ နှလုံးရောဂါဝေဒနာရှင်ကလေးများအတွက် ကိတ်မုန့်ပို့ဆောင်ကာ ဂုဏ်ပြုနှုတ်ဆက်ပွဲကို နိုဝင်ဘာလ ၁၉ ရက်တွင် ကျင်းပကြောင်း သိရပါသည်။
လွန်ခဲ့သောလတွင် မြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်(၁၅)ဦးတို့သည် အဆိုပါဆေးရုံကြီးတွင် အခမဲ့စရိတ်ငြိမ်းကုသမှု ခံယူခဲ့သည်။ ယခုအကြိမ် “‘ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ်’ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များကုသပေးသည့်လှုပ်ရှားမှု” မှာ တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်၊ ယူနန်ပြည်နယ်ကုသိုလ်ဖြစ်အဖွဲ့ချုပ်နှင့် ယူနန်ဖူဝိုက်ဆေးရုံတို့ပူးတွဲဆောင်ရွက်ခြင်း ဖြစ်သည်။ တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူတို့ စိတ်ချင်းနီးစပ်စေရန်အတွက်လည်းကောင်း၊ အချင်းချင်းချစ်ကြည်ရေး တိုးမြှင့်စေရန်အတွက်လည်းကောင်း ရည်ရွယ်ထားပါသည်။
ဓာတ်ပုံ - တရုတ်သတင်းစာတိုက် သတင်းထောက် Liu Ranyang
ဆေးရုံဆင်းတော့မည့် မြန်မာမိန်းကလေးတစ်ယောက်ကို တွေ့ရစဉ်။
မြန်မာယောက်ျားလေးတစ်ယောက် ဂုဏ်ပြုနှုတ်ဆက်ပွဲ ဆင်နွှဲနေစဉ်။