အတူတူပြေးရအောင် ယူနန်ကို လာခဲ့ပါ

2018-12-12 18:29:55 |သတင်းအရင်းအမြစ် 澜湄趴

ရေကန်၊ မြစ်နံဘေး၊ စင်ရော် တို့နဲ့ စိမ်းလန်းစိုပြေနေ……

တတိယအကြိမ် SCO Kunming Marathon 2018 Yunnan Salt Industry ကို ဆောင်းရာသီအစ ဒီဇင်ဘာလ(၂)ရက်နေ့က စတင်ခဲ့တယ်။

မာရသွန်ပြေးပွဲ၊ ခရီးစဉ်တစ်ဝက်ပြေးမာရသွန်၊ ပြည်သူ့ကျန်းမာရေးအပြေးပြိုင်ပွဲ၊ SCO မိသားစုအပြေးပြိုင်ပွဲ စတဲ့ပြိုင်ပွဲတွေမှာ နိုင်ငံနှင့်ဒေသ(၅၁)ခုက စိတ်အားထက်သန်တဲ့ အပြေးသမား (၂)သောင်းကျော်ဟာ ကူမင်းမြို့မှာ အတူတူ ပါဝင်ယှဉ်ပြိုင်ကြတယ်။ နွေဦးမြို့တော်လို့ ဂုဏ်ပြုခေါ်တဲ့ ကူမင်းဟာ စည်ကားလျက်ရှိနေပါတယ်။

SCO ကူမင်းမာရသွန်ပြိုင်ပွဲကို အနာဂတ်(၅)နှစ်အတွင်းမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပသွားမယ်လို့ SCO ကူမင်းမာရသွန် စည်းရုံးရေးကော်မတီအဖွဲ့က ကြေငြာလိုက်ပါတယ်။

ဒီနှစ်ပိုင်း ကူမင်းမြို့မှာ ကျင်းပခဲ့တဲ့ မာရသွန်အပြေးပြိုင်ပွဲတွေဟာ အမြဲ ရေပန်းစားလျက် ရှိပါတယ်။

အမှန်အားဖြင့် ယူနန်ပြည်နယ်မှာ ကောင်းမွန်တဲ့ အပြေးနေရာတွေ ရှိနေပါသေးတယ်။ အတူတူ သွားရောက်လေ့လာကြည့်ရှုရအောင်ပါ။

တာ့လီရေကန်ပတ်လမ်း

တာ့လီမြို့ဟာ လေညှင်း၊ ပန်းမန်၊ နှင်းပွင့်၊ စန္ဒာလမင်း စတာတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ကူးယဉ်ဆန်တဲ့ရိုမန်တစ်မြို့ ဖြစ်ပါတယ်။ ဆန့်တန်းလျက်ရှိနေတဲ့ ချန်စန်တောင်နှင့် တိတ်ဆိတ်ငြိမ်သက်တဲ့ အလ်ဟိုင်ရေကန်တွေလည်းရှိတာကြောင့် ရေကန်ပတ်လမ်းမှာ လမ်းလျှောက်ရင်း အလှတရားများစွာ ရှုစားနိုင်ပါတယ်။

ချိန်ကျန်းဟူရှန်ရေကန်

ဟူရှန်ရေကန်ဟာ ကူမင်းနဲ့ ကီလိုမီတာ(၆၀)ကျော် ကွာဝေးပါတယ်။ ယူနန်ပြည်နယ်ရဲ့ အနက်ဆုံးရေကန် ဖြစ်ပါတယ်။ ရေကြည်လင်တဲ့အတွက်ကြောင့် ရေအရင်းအမြစ် တော်တော်လေး ကြွယ်ဝပါတယ်။ ကွေ့တီးကွေ့ကောက်ဖြစ်နေတဲ့ ရေကန်ပတ်ကားလမ်းမှာ ပြေးရင် ခမ်းနားကြီးကျယ်တဲ့ တောတောင်ရေမြေပန်းချီကားထဲ ရောက်နေသလိုပဲ ခံစားမိနိုင်ပါတယ်။

လောဖိန် ပန်းမန်ပင်လယ်ကြီး

နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလကနေ ဧပြီလထိ ရွှေဝါ၀ါ ဆီထွက်မုန်ညင်းပန်းခင်းကြီးဟာ ရှုမဆုံးအောင် ရှင်သန်လျက် ရှိနေပါတယ်။ ပန်းပင်လယ်ကြီးမှာ ပြေးရင်း တမူထူးခြားတဲ့ ပျော်ရွှင်မှုကို ခံစားနိုင်ပါတယ်။

စစ်ဆောင်ပန်နား အပူပိုင်းဇုန်သစ်တောပန်းခြံ

စစ်ဆောင်ပန်နား အပူပိုင်းဇုန်သစ်တောပန်းခြံဟာ တောတွင်းဖြတ်ကျော် အပြေးသမားတွေအဖို့ အကြိုက်ဆုံးနေရာ ဖြစ်ပါတယ်။ လမ်းခရီးစဉ်တစ်ခုလုံးမှာ မာကျောတဲ့လမ်းအရှည်မှာ နှစ်ကီလိုမီိတာ မရှိလောက်ပါဘူး။ မွန်လာနိုင်ငံတော်အဆင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဇုန်ကို ဖြတ်ကျော်ပြီး လမ်းတစ်လျှောက်မှာ ထုံးကျောက်အပူပိုင်းဇုန်သစ်တောရှုခင်းနဲ့ ကတ်စ(ထ)ထုံးကျောက်မြေသွင်ပြင်ဟာ တမူထူးခြားစွာရှိနေလို့ ဒီအလှတရားတွေ ပြန်ရှာတွေ့ဖို့ မလွယ်ကူလှပါဘူး။

ထိန်ချုံဟော်ရွှန်ရှေးဟောင်းမြို့

ရှေးဟောင်းကျောက်ပြားတွေပေါ်မှာ ပြေးရတယ်။ လမ်းသွယ်တွေကို ဖြတ်ကျော်ပြီး တရုတ်ကျေးရွာဒေသမှာ အကြီးဆုံးစာကြည့်တိုက်ဖြစ်တဲ့ လုံးထန်ကို ရောက်ရှိလာပါတယ်။ ဒီနေရာမှာ ပြေးရင်း ရှေးဟောင်းရိုးရာအငွေ့အသက်ကို ခံစားနိုင်ပါတယ်။

ပုံ-အင်တာနက်

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006