သွားကြစို့။ ဟော့ပေါ့အတူတူ သွားစားစို့။

2018-12-14 18:44:29 |သတင်းအရင်းအမြစ် 云桥网

ဟော့ပေါ့ဟာ တရုတ်လူမျိုးအများစုကြိုက်တဲ့ စားကောင်းသောက်ဖွယ် တစ်မျိုးဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဘယ်ကိုပဲသွားသွား ဟော့ပေါ့ကို တွေ့မြင်နိုင်ပါတယ်။

ဟော့ပေါ့ဟာ ဟင်းချက်နည်းတစ်မျိုးလို့ ပြောနိုင်သလို စားသောက်နည်း တစ်မျိုးလို့လည်း ပြောနိုင်ပါတယ်။ အစားအသောက်တစ်မျိုး ဖြစ်ရုံတင်သာမကပဲ ယဉ်ကျေးမှုတစ်မျိုးလည်း ဖြစ်ပါတယ်။

ဘာကိစ္စပဲဖြစ်နေဖြစ်နေ ဟော့ပေါ့စားခြင်းဖြင့် ဖြေရှင်းပေးနိုင်တယ်လို့ ဆိုလေ့ ရှိပါတယ်။
မိတ်ဆွေချင်း စကားများလာတဲ့အခါ ဟော့ပေါ့စားရင်းနဲ့ ချက်ချင်း ပြန်ပြီး သင့်မြတ်လာနိုင်တယ်။
မိသားစုဝင်ချင်း မတူခြားနားချက် ရှိတဲ့အခါ ဟော့ပေါ့စားရင်းနဲ့ ချက်ချင်း ပျော်လာပါတယ်။
ဟော့ပေါ့ဆိုတာဘာလဲ။ နွေးထွေးတဲ့ဆက်ခံမှု၊ စနစ်၊ ညှာတာခြင်း၊ သင့်မြတ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
တရုတ်နိုင်ငံမှာ တမူထူးခြားတဲ့ဟော့ပေါ့တွေကို စားကြည့်သင့်ပါတယ်။ ထူးခြားတာတွေကို အတူတူ လေ့လာကြည့်ရအောင်။

ပေကျင်း ကြေးအိုးဆိတ်သားလွှာဟော့ပေါ့

ဆိတ်သားကို လက်နဲ့ လှီးရတယ်။ ဟင်းရည်မှာ ဂျင်းစိမ်း၊ ကြက်သွန်မြိတ် တစ်တုံးနှစ်တုံးလောက် ထည့်ပါတယ်။ “အကောင်းဆုံးဆိတ်သားနဲ့ ဟင်းရည် လိုက်ဖက်ညီစားတယ်”လို့ ဆိုတဲ့အတိုင်း ဆိတ်သားရဲ့ အရည်အသွေးကို အလွယ်တကူ သိရှိနိုင်ပါတယ်။ ဆိတ်သားလွှာကို နှမ်းတောင်ကျူဖြင့် သုတ်စားတာ အကောင်းဆုံးပဲ။

ချုံချင့် ၀က်အူ၊ အမဲအူ ဆိတ်အူ ဟော့ပေါ့

ဝက်အူ၊ အမဲအူ၊ ဆိတ်အူဟော့ပေါ့ဟာ ချုံချင့်ဟော့ပေါ့ကို ကိုယ်စားပြုနိုင်တဲ့ ဟော့ပေါ့ဖြစ်ပါတယ်။ ချုံချင့်နယ်သူနယ်သားတို့ ၀က်အူ၊ အမဲအူ၊ ဆိတ်အူဟော့ပေါ့ကို စားတဲ့အခါ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူကို များများထည့်လေ့ရှိတယ်။ ငါးရှဥ့်ရဲ့သွေးလည်း ဒီအတိုင်းပဲ ထည့်ပြီး ပြုတ်စားတယ်။

ယူနန် မှိုရိုင်းဟော့ပေါ့

မိုးရာသီမှာ ယူနန်နယ်သူနယ်သား မှိုရိုင်း စားတဲ့ရာသီအချိန် ဖြစ်ပါတယ်။ မှိုရိုင်းဟော့ပေါ့စားရင် အသားမထည့်ရဘူး။ အရသာကောင်းမွန်တဲ့ မှိုရိုင်းတစ်အိုး စားရတာဟာ အသားရဲ့အရသာထက် ပိုပြီး ခံတွင်းတွေ့စေနိုင်ပါတယ်။

ကွမ်းတုံ ချောင်ရှမ် အမဲသားဟော့ပေါ့

ချောင်ရှမ်ဒေသမှာ အမဲဆီ သိပ်မထွက်တဲ့ဒေသဖြစ်တယ်။ ဒါပေမယ့် ချောင်ရှမ်နယ်သားတို့ အမဲသားကို အထူးစားလေ့ရှိပါတယ်။ သူတို့ ချက်ပြုတ်တဲ့ အမဲသားဟော့ပေါ့ရဲ့ အရသာ ကောင်းလှတဲ့အတွက်ကြောင့် လူကြိုက်များပါတယ်။

အရှေ့မြောက်ပိုင်းဒေသ ချဉ်ဖတ်အသားဟော့ပေါ့

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ (၆)လကြာတဲ့ ဆောင်းရာသီကာလကို ဖြတ်သန်းရတယ်။ ချဉ်ဖတ်ဆိုတော့ ပြည်သူလူထုတို့ အဓိက စားတဲ့အစားအစာ ဖြစ်လာပါတယ်။ အရှေ့မြောက်ပိုင်းဒေသဟင်းလျာအားဖြင့် အသားနဲ့ ချဉ်ဖတ် အမြဲ တွဲစားလေ့ရှိပါတယ်။ ဟော့ပေါ့က ပူပူလေးစားရင် အရသာပိုကောင်းပါတယ်။

အန်ဟွေဟွေကျိုး ဟင်းပေါင်းစုံဟော့ပေါ့

ပူနွေးနွေး သံအိုးကြီးတစ်အိုး စားပွဲပေါ်မှာ တင်ထားလိုက်တယ်။ ကြက်သားတစ်ထပ်၊ ဘဲသားတစ်ထပ်၊ ၀က်သားတစ်ထပ်၊ ကြက်ဥဖက်ထုပ်တွေ၊ အိုးအောက်မှာ မုန်လာဥနှင့်မုန်ညင်းဖြူကို အကုန်လုံး ပြုတ်စားပါတယ်။ ဒီဟော့ပေါ့ကတော့ ဟွေကျိုးနယ်သားတို့ ဧည့်သည်တော်ကို ဧည့်ခံတဲ့ အကောင်းဆုံးဟင်းလျာ ဖြစ်ပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006