“ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံအုပ်ချုပ်ရေး”ဒုတိယတွဲ ကမ္ဘာကြီးအတွက် တရုတ် ဥာဏ်ပညာနှင့် စီမံချက်များ နောက်ထပ်တစ်ကြိမ်တင်ပြခြင်း

2018-02-12 16:26:51 |သတင်းအရင်းအမြစ် 云桥网综合

“ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံတော်အုပ်ချုပ်ရေး”ဒုတိယတွဲကို တရုတ်နိုင်ငံခြား ဘာသာလုပ်ငန်းဦးစီးဌာန နိုင်ငံခြားဘာသာပုံနှိပ်ထုတ်ဝေရေးဌာနမှ တရုတ်၊ အင်္ဂလိပ်ဘာသာဖြင့် ပြည်တွင်းပြည်ပဈေးကွက်အတွက် ပုံနှိပ်ထုတ်ဝေပြီးချိန်မှစပြီး နိုင်ငံတကာလူ့ဘောင်အဖွဲ့အစည်း၏ အလေးထားဂရုစိုက်မှုနှင့် ချီးကျူးသံများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်ကို တွေ့ရပါသည်။ ထိုနောက်တွင် အီတလီ၊ ပိုလန်၊ ယူကရိန်း၊ အယ်လ်ဘေးနီးယား၊ ရိုမေးနီးယား၊ ကင်ညာ၊ တာဂျစ်စတန်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ မွန်ဂိုလီးယား၊ နီပေါ၊ သီရိလင်္ကာနှင့် အာဖဂန်နစ္စတန် စသည့်နိုင်ငံ ၁၆ နိုင်ငံမှ နာမည်ကျော်ကြားသော ပုံနှိပ်ထုတ်ဝေရေးဌာနတို့သည် တရုတ်နိုင်ငံခြားဘာသာလုပ်ငန်းဦးစီးဌာန နိုင်ငံခြားဘာသာ ပုံနှိပ်ထုတ်ဝေရေးဌာနနှင့်အတူ “ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံတော်အုပ်ချုပ်ရေး”ဒုတိယတွဲ နိုင်ငံခြားဘာသာပြန်ပုံနှိပ် ထုတ်ဝေရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာများကို ပေကျင်းမြို့၌ လက်မှတ် ရေးထိုးခဲ့ပြီး အထက်ဖော်ပြပါနိုင်ငံများ၏ဘာသာစကားဖြင့် “ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံတော်အုပ်ချုပ်ရေး” ဒုတိယတွဲကို အတူတကွဘာသာပြန်ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိလာပါသည်။

“ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံတော်အုပ်ချုပ်ရေး”ဒုတိယတွဲတွင် ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့အထိ ရှီကျင့်ဖျင်၏ မိန့်ခွန်းပြောကြားချက်၊ ဆွေးနွေးပြောဆိုချက်၊ ရှင်းလင်းပြောကြားချက်၊ ညွှန်ကြားချက်နှင့် ဂုဏ်ပြုသဝဏ်လွှာများ ၉၉ စောင်ကို စုစည်းထားပြီး အခန်းပေါင်း ၁၇ ခုဖြင့် ခွဲခြားသတ်မှတ်ထားပါသည်။ ခြုံငုံလေ့လာပါက ရှီကျင့်ဖျင် အမှူးပြုသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ပါတီတစ်ရပ်လုံး၊ တစ်နိုင်ငံလုံးတိုင်းရင်းသား လူမျိုးစုပြည်သူတစ်ရပ်လုံးကို စည်းလုံးညီညွတ်စွာဦးဆောင်မှုဖြင့် ခေတ်ကာလသစ်အတွင်း တရုတ် နည်းတရုတ်ဟန်ဆိုရှယ်လစ်ဝါဒအတိုင်း မားမားမတ်မတ်ရပ်တည်ပြီး လက်တွေ့အကောင်အထည် ဖော်ဆောင်သည့် လုပ်ငန်းအကြောင်းများကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရပါ သည်။ ခေတ်ကာလသစ်အတွင်း တရုတ်နည်းတရုတ်ဟန်ဆိုရှယ်လစ်ဝါဒ၏အတွေးအခေါ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်နှင့် အဓိကအကြောင်းအရာများကို စုပေါင်းပြီး ဖော်ပြထားပါသည်။ လူ့ဘောင် အဖွဲ့အစည်း ဘုံကံကြမ္မာအသိုက်အဝန်း တည်ထောင်ရန်အတွက် တရုတ်ကွန်မြူနစ်ပါတီ၏ မောင်းနှင် အားပေးမှုကို အပြည့်အဝဖော်ပြခဲ့ပါသည်။ လူ့ဘောင်အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် စေရေးကို တွန်းအားပေးရန်အတွက် တရုတ်ဥာဏ်ပညာနှင့် တရုတ်စီမံချက်များကို တင်ပြခဲ့ခြင်းဖြစ် ပါသည်။ 

“ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံတော်အုပ်ချုပ်ရေး” ဒုတိယတွဲ ပုံနှိပ်ထုတ်ဝေပေးခြင်းသည် နိုင်ငံတကာလူ့ဘောင်အဖွဲ့အစည်း၏ အထူးအလေးထားမှုနှင့် ချီးကျူးသံများ ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ သည်ကို တွေ့ရပါသည်။

၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် “ရှီကျင့်ဖျင်၏တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံတော်အုပ်ချုပ်ရေး” ဒုတိယတွဲကို အီကွေဒေါနိုင်ငံတွင်ကျင်းပသည့် (၁ဝ) ကြိမ်မြောက် နိုင်ငံတကာစာအုပ်ပြပွဲတွင် မိတ်ဆက် ပြသလိုက်ရာ စာအုပ်လုပ်ငန်းနယ်ပယ်နှင့် စာဖတ်ပရိသတ်အများအပြား၏ လှိုက်လှိုက်လှဲလှဲကြိုဆို အားပေးမှုကို ရရှိခဲ့ပါသည်။ အီကွေဒေါနိုင်ငံယဉ်ကျေးမှုနှင့် အမွေအနှစ်လုပ်ငန်းဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Pazminoက အီကွေဒေါနိုင်ငံ နယ်ပယ်အသီးသီးတို့သည် တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ပြည်လုံးကျွတ်ညီလာခံကြီး ကျင်းပပြီးသောနောက်ပိုင်း တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အထူးအလေးထား လေ့လာလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ သူမက “ရှီကျင့်ဖျင်၏တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံတော် အုပ်ချုပ်ရေး”စာအုပ်သည် အီကွေဒေါနိုင်ငံပြည်သူများအတွက် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုံစံများ အား လေ့လာရန် အရေးကြီးသော စာတမ်းများဖြစ်ကြောင်း ပြောကြားသည်။

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှ ၇ ရက်နေ့အထိ တောင်အာဖရိကနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် “ခေတ်ကာလသစ်အတွင်း တရုတ်နည်းတရုတ်ဟန်ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်ဆိုင်ရာဆွေးနွေးပွဲနှင့် ‘ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံတော်အုပ်ချုပ်ရေး္လ ဒုတိယတွဲစာအုပ်ဆိုင်ရာ ဆွေးနွေးပွဲ” များကို ပရီတိုးရီးယားနှင့် ကိပ်တောင်းမြို့၌ အသီးသီးကျင်းပခဲ့ရာ တောင်အာဖရိကနိုင်ငံအစိုးရဌာနများ၊ ပညာရှင် နယ်ပယ်နှင့် မီဒီယာနယ်ပယ်များရှိ လူပုဂ္ဂိုလ်ပေါင်း ၅ဝဝ ကျော်တို့ တက်ရောက်အားပေးခဲ့ပါသည်။ “ရှီကျင့်ဖျင်၏တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံတော်အုပ်ချုပ်ရေး” ဒုတိယတွဲကို တောင်အာဖရိကနိုင်ငံအစိုးရ အရာရှိများနှင့် ကျွမ်းကျင်ပညာရှင်များက အထူးအလေးထားအားပေးခဲ့ကြပြီး ဤစာအုပ်သည် “ရွှေထက် ပိုမိုတန်ဖိုးရှိပါကြောင်း” ၊ “နိုင်ငံရေးပါတီအားလုံး၏ ထူးချွန်သော လမ်းညွှန်ချက်ဖြစ်ပါကြောင်း” စသဖြင့် ချီးကျူးပြောဆိုခဲ့ပါသည်။ ဤစာအုပ်သည် တစ်ကမ္ဘာလုံးအတွက် တရုတ်ဥာဏ်ပညာနှင့် တရုတ်စီမံချက် များကို နောက်ထပ်တစ်ကြိမ် တင်ပြခြင်းဖြစ်ပါကြောင်း တောင်အာဖရိကနိုင်ငံ ကျင်ရှန်း တက္ကသိုလ်မှ ပါမောက္ခနှင့် တရုတ်ရေးရာကျွမ်းကျင်ပညာရှင်ဖြစ်သူ ရှယ်လ်တွန်က ပြောကြားခဲ့သည်။

၂ဝ၁၇ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကွမ်ကျိုးမြို့၌ ကျင်းပသောFortuneမဂ္ဂဇင်း၏ ကမ္ဘာလုံး ဆိုင်ရာဖိုရမ်၌ နိုင်ငံခြားမှ နိုင်ငံရေးဆိုင်ရာအရေးပါပုဂ္ဂိုလ်များကလည်း “ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှု နှင့် နိုင်ငံတော်အုပ်ချုပ်ရေး” ဒုတိယတွဲကို အထူးချီးကျူးအားပေးသည်ကို တွေ့ရပါသည်။ ဆွစ်ဇာလန် နိုင်ငံHorasis Think Tankမှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ င်္Frank-Jurgen Richterက ဤစာအုပ်ကို သူကိုင်တိုင်ဂရုတစိုက်ဖတ်ရှုလေ့လာလျက်ရှိကြောင်း ပြောကြားသည်။ သြစတြေးလျနိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဟောင်း၊ သြစတြေးလျ-တရုတ် “ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်း တစ်ခု” ဆိုင်ရာလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနမှ ဒါရိုက်တာအကြံပေးပုဂ္ဂိုလ် Andrew Robbက “ယနေ့ခေတ်တရုတ်နိုင်ငံအရှိန်မြန်စွာဖွံ့ဖြိုးတိုးတက်လာနေချိန်တွင် ဤစာအုပ်သည် အထူးအရေးကြီးပါကြောင်း၊ ကမ္ဘာကြီးသည် တရုတ်ကွန်မြူနစ်ပါတီ၏ အဓိကလုပ်ငန်းအကြောင်းနှင့် အနာဂတ်လုပ်ငန်းစီမံချက်များကို လေ့လာရန် လိုအပ်လျက်ရှိရာတွင် ဤစာအုပ်သည် အလွန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်မည်ဖြစ်ပါကြောင်း” ပြောကြားသည်။

သတင်းအရင်းအမြစ်။ အထွေထွေသတင်း

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006