၂ဝ၁၇ ခုနှစ် တရုတ်-မြန်မာဆက်ဆံရေးမှတ်တမ်း

2018-02-12 16:31:02 |သတင်းအရင်းအမြစ် 云桥网综合

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ယူနန်စိုက်ပျိုးရေးတက္ကသိုလ်နှင့်မြန်မာ နိုင်ငံရေဇင်းစိုက်ပျိုးရေးတက္ကသိုလ် တို့အတူ တရုတ်-မြန်မာ စိုက်ပျိုးရေးသုတေသနဌာနတည်ဆောက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တရုတ်အစိုးရမှ ပုဂံမြို့ရှေးဟောင်းအမွေအနှစ်များအား ပြန်လည်ပြုပြင် ခြင်းနှင့် ထိန်းသိမ်းခြင်းများပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် မြန်မာအစိုးရထံ အလှူငွေဒေါ်လာ(၁)သန်း လှူဒါန်းခဲ့သည်။

မတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ပထမဦးဆုံးအကြိမ် ''တရုတ်-မြန်မာခရီးသွားလာရေး ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်''ကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ အဆိုပါပွဲသည် ပထမဦးဆုံးအကြိမ် တရုတ်-မြန်မာနှစ်နိုင်ငံအတူကျင်းပသော ခရီးသွားလာရေးဆိုင်ရာ အခမ်းအနားကြီးဖြစ်သည်။

မတ်လ ၂၄ ရက်နေ့တွင် စတုတ္ထအကြိမ် တရုတ်ယူနန်-မြန်မာခရီးသွားအရာရှိနှင့် ခရီးသွားလာရေး လုပ်ငန်းရှင်များလေ့လာရေးနှင့် နှီးနှောဖလှယ်ရေးလှုပ်ရှားမှုကို  ကူမင်းမြို့တွင်  စတင်ဖွင့်လှစ်ခဲ့သည်။   မြန်မာနိုင်ငံမှ သင်တန်းသူ၊ သင်တန်းသား (၃ဝ)ဦးသည် ယူနန်ပြည်နယ်တွင် ကမ္ဘာလုံးဆိုင်ရာခရီးသွား လာခြင်း၊ လုပ်ငန်းသစ်ကုန်ပစ္စည်းသစ်များ တီထွင်ခြင်းစသောဖွံ့ဖြိုးတိုးတက်ရေးအတွေ့အကြုံများကို လေ့လာခဲ့သည်။

မတ်လ ၂၈ ရက်နေ့တွင် တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်သည် ရန်ကုန်မြို့ရန်ကင်းကလေးအထူး ကုဆေးရုံတွင် မြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်များအား ကယ်ဆယ်ရေး“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု--  ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး”လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ပါ သည်။ မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်မှ ဒေသ၂ဝခုမှ နှလုံးရောဂါဝေဒနာရှင်မိသားစု ၃ဝဝ ကျော်အား တရုတ်အန်ကျိန်ဆေးရုံမှ နှလုံးရောဂါအထူးကုဆရာဝန်များက စစ်ဆေးပေးကာမွေးရာပါနှလုံးရောဂါ ဝေဒနာရှင် ကလေးသူငယ် ၅၄ ဦးကို ဆေးကုသပေးရန်ရွေးချယ်ခဲ့ပြီးကလေးငယ်များကိုအဖွဲ့ခွဲကာ တရုတ်နိုင်ငံပေကျင်းမြို့တွင် အခမဲ့ခွဲစိတ်ကုသပေးခဲ့သည်။

ဧပြီလ ၁ဝရက်နေ့တွင် ရေနံစိမ်း တန်ချိန်(၁.၄)သိန်း သယ်ဆောင်လာသော သင်္ဘောတစ်စင်းသည် ရေနံစိမ်းပိုက်လိုင်း၏စမှတ်ဖြစ်သော မြန်မာနိုင်ငံရှိမဒေးကျွန်းတွင်  ရေနံစိမ်းများစတင်ကုန်ချရာ ယင်းသည် ရေနံစိမ်းပိုက်လိုင်း တရားဝင်လုပ်ငန်းလည်ပတ်နေခြင်းပင်ဖြစ်သည်။

မေလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံမဒေးကျွန်းမှ ရေနံစိမ်းများသည်  ၁၈ ရက် ကြာလမ်းခရီးကို ဖြတ်သန်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်သို့ရောက်ရှိခဲ့ရာ နယ်စပ်စစ်ရှာဖွေရေးဝန်ထမ်းများ၏ လုပ်ဆောင်ချက်ဖြင့် ရေနံပိုက်လိုင်းမှ ပထမဦးဆုံးသောရေနံနမူနာကို ရယူနိုင်ခဲ့သည်။ ယင်းသည် တရုတ်-မြန်မာရေနံစိမ်းပိုက်လိုင်းမှရေနံများ တရုတ်နိုင်ငံအတွင်းသို့တရားဝင် စတင်ရောက်ရှိခြင်းဖြစ် သည်။

ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း၏ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

ဇွန်လ ၂၆ ရက်နေ့တွင် ၂ဝ၁၇ ခုနှစ် မြန်မာသတင်းစာဆရာများ မွမ်းမံသင်တန်းကို ကူမင်းမြို့၌ဖွင့်လှစ် ခဲ့သည်။ ယခုအကြိမ်မွမ်းမံသင်တန်းသို့ မြန်မာနိုင်ငံမှမီဒီယာ ၁၉ ခုမှ သတင်းမီဒီယာသမား ၂ဝ ဦး ပါဝင်တက်ရောက်ခဲ့ပြီး ကူမင်းမြို့နှင့်ပေကျင်းမြို့နှစ်နေရာတွင် လေ့လာရေးအစီအစဉ်များ ကျင်းပခဲ့ပါ သည်။

ဇူလိုင်လ၂၆ရက်နေ့တွင် မြန်မာနိုင်ငံသို့ အကူအညီပေးသည့် ၂ဝ၁၇ ခုနှစ် အားကစားနည်းပညာပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်ဖြစ်သော “တရုတ်နိုင်ငံတွင် လာရောက်လေ့ကျင့်ခဲ့သော ရလဒ်များ ပြသပွဲ နှင့်ပို့ဆောင်နှုတ်ဆက်ပွဲအခမ်းအနား”ကို ကူမင်းနှင့်ဟူနန်တွင် ကျင်းပခဲ့ပါသည်။ ၃ လ ကြာလေ့ကျင့် ဖလှယ်မှုများပြုလုပ်ပြီးနောက် မြန်မာနိုင်ငံနိုင်ငံ့လက်ရွေးစင်အသင်းသည် ပူးပေါင်းလေ့ကျင့်ရေးတာဝန် (၁၃)ခုကို အဆင်ပြေချောမွေ့စွာပြီးမြောက်နိုင်ခဲ့သည်။

သြဂုတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန့်သည် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းကိုယ်စား မြန်မာနိုင်ငံကြက်ခြေနီအသင်းထံ မြန်မာနိုင်ငံရေဘေးဒုက္ခသည်များအား ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ(၁)သိန်း လှူဒါန်းခဲ့သည်။

သြဂုတ်လ ၈ ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲနှင့် ရင်ရှမ်မော်တော်ဆိုင်ကယ်တို့ ပူးပေါင်းကျင်းပသော ပထမဆုံးအကြိမ် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်းကို မြန်မာနိုင်ငံမန္တလေးမြို့ လူငယ်အသက်မွေးဝမ်းသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိလူငယ်များအား မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းမှုပညာတတ်မြောက်စေရန်ဖြစ်သည်။

အောက်တိုဘာလ၁ရက်နေ့တွင်''တရုတ်ရုပ်ရှင်ပွဲတော်''ဖွင့်ပွဲအခမ်းအနားကိုနေပြည်တော်ရှိအောင်သပြေရုပ်ရှင်ရုံတွင်ကျင်းပခဲ့ပြီးမြန်မာဘာသာနောက်ခံစကားပြောရုပ်ရှင်“Xuan Zang” နှင့်“Kong Fu Yoga” တို့ကိုအခမဲ့ပြသခဲ့သည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် (၁၇)ကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ပျော်ရွှင်ပွဲတော် ကို ယူနန်ပြည်နယ်ရွှေလီမြို့တွင် ဖွင့်လှစ်ကျင်းပခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲအခမ်းအနားကို ကူမင်းမြို့ တျိန်ချီအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ကြွရောက်ကြသော ဧည့်သည်တော်များသည် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ငပလီစသည့်ဒေသများ၏ရှုခင်းသာယာ လှပပုံနှင့် မတူသောဒေသများ၏ ယဉ်ကျေးမှုများကို လေ့လာသိရှိခွင့်ရခဲ့ကြသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ (၁၆)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ရွှေလီမြို့တွင်ကျင်းပခဲ့သည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြည်တွင်းပြည်ပမှအားကစားသမား ၅ဝဝဝ ကျော် ပါဝင်ယှဉ်ပြိုင်သော “ ၂ဝ၁၇ ခုနှစ် တရုတ်-မြန်မာ ရွှေလီ-မူဆယ် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ”အား ရွှေလီမြို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

သတင်းအရင်းအမြစ်။ သတင်းဆောင်းပါးပေါင်းချုပ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006