“ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့်နိုင်ငံအုပ်ချုပ်ရေး”စာအုပ်မှ ဓမ္မဓိဋ္ဌာန်ကျသောအကြောင်းကို နိုင်ငံခြားသားများကပြောဆိုဆွေးနွေး(၁)

2018-02-12 16:37:14 |သတင်းအရင်းအမြစ် 新华社

တရုတ်နိုင်ငံပြင်ပတွင် မရေမတွက်နိုင်သောပရိသတ်များစွာရရှိခဲ့သည့် နာမည်ကျော် တရုတ်စာအုပ် တစ်အုပ်ရှိသည်။ အချို့စာဖတ်သူများသည် အလွန်နှစ်သက်သည့်အတွက် အကြိမ်ပေါင်းများစွာဖတ်ရင်း အခန်းဆက် မှတ်တမ်းရေးထားသည်ကို တွေ့ရပါသည်။ အချို့စာဖတ်သူများသည် ဤစာအုပ်ကို ပြတင်းပေါက်တစ်ခုအဖြစ် တင်စားပြောဆိုပြီး ဤစာအုပ်သည်   ပေါင်းကူးတံတားဖြစ် သည်ဟု မှတ်ယူ ကြသည်။ ဤစာအုပ်မှာ“ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံအုပ်ချုပ်ရေး”စာအုပ်ဖြစ်ပါသည်။

နိုင်ငံတော်တော်များများမှ ပုဂ္ဂိုလ်များသည် ဤစာအုပ်ကို အလွန်စိတ်ဝင်စားပြီး အကြိမ်ပေါင်း များစွာ ပြန်ဖတ်ခဲ့ကြသည်။ ဤစာအုပ်ကိုဖတ်ရှုပြီးနောက် အချို့က ဖွံ့ဖြိုးတိုးတက်ရန် အားတက်စရာ အသစ်များ တိုးပွားလာသည်ဟု ခံစားရပြီး  အချို့က တရုတ်အိပ်မက်၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သဘောပေါက်နားလည်လာပါသည်။

လေ့လာရန် စံပြစာအုတ်

“学习模范”之限量版

ပြင်သစ်နိုင်ငံဝန်ကြီးချုပ်ဟောင်းဖြစ်သူJean-Pierre Raffarin တွင်  တမူထူးခြားသည့်“ရှီကျင့်ဖျင်၏တရုတ်စီမံခန့်ခွဲမှုနှင့်နိုင်ငံအုပ်ချုပ်ရေး”စာအုပ်တစ်အုပ်ရှိပါသည်။“ကျွန်တော်တရုတ်နိုင်ငံတွင်သမ္မတရှီနှင့်တွေ့ဆုံစဉ်သူ့အားဤစာအုပ်ပေါ်တွင်လက်မှတ်ရေးထိုးပေးရန်တောင်းဆိုခဲ့ကြောင်း” Pierre Raffarinကပြောကြားခဲ့ပါသည်။

“ကျွန်တော် ဒီစာအုပ်ကို သေသေချာချာ ဖတ်ပြီး အလွန်ကောင်းသော စကားစုများကို ကောက်နှုတ်ပြီး မှတ်တမ်းတင် ထားပါကြောင်း၊ လူအများ ဖတ်ရှုနိုင်ရန်အတွက် မိမိ၏အင်တာနက်    ဝက်ဘ်ဆိုဒ်တွင်လည်း ဖော်ပြခဲ့ပါကြောင်း”Pierre Raffarinက   ပြောပြပါ သည်။  “ တရုတ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအပေါ်  သံသယရှိသူများသည်  ဤစာအုပ်ကို  ဖတ်သင့်ကြောင်း”လည်း သူကအကြံပြုပါသည်။

သူ၏personal blogအတွင်းရှိ“Pierre Raffarin ၏  မှတ်စုစာအုပ်”တွင်  ဤစာအုပ်နှင့်ပတ်သက်ပြီးမှတ်စုဆောင်းပါးအရှည်ကြီးရေးသားပြုစုခဲ့ပြီး“လေ့လာရန်စံပြစာအုပ်”ဟုချီးကျူးမှတ်ချက်ပြုထားသည်။

ဤစာအုပ်ဖတ်ရာတွင်Pierre Raffarinသည် အဓိကခေါင်းစဉ်များအလိုက်  သေသေချာချာ ရွေးချယ်ပြီး မှတ်စုများစွာ ကောက်နှုတ်ခဲ့ပါသည်။ ဤစာအုပ်ကို   ဖတ်ရှုခြင်းဖြင့်  သမ္မတရှီနှင့်  တရုတ်နိုင်ငံအကြောင်းများစွာကို  လေ့လာသိရှိနိုင်မည်ဟု သူက ခံယူထားသည်။ “ကျွန်တော်   အကြံပြုလိုသည်မှာ အားလုံးက ဤစာအုပ်ကိုဖတ်သင့်ပါ   ကြောင်း၊ ဤစာအုပ်မှတစ်ဆင့်  တရုတ် နိုင်ငံခေါင်းဆောင်များ၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံအုပ်ချုပ်ရေးဆိုင်ရာ ခံယူချက်များ၊ တရုတ်၏  မဟာဗျူဟာခံယူချက်များကို  လေ့လာနိုင်မည်ဖြစ်ကြောင်း”သူက ပြောပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006