“ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့်နိုင်ငံအုပ်ချုပ်ရေး”စာအုပ်မှ ဓမ္မဓိဋ္ဌာန်ကျသောအကြောင်းကို နိုင်ငံခြားသားများကပြောဆိုဆွေးနွေး(၂)

2018-02-12 16:38:27 |သတင်းအရင်းအမြစ် 新华社

တရုတ်နိုင်ငံအကြောင်းနားလည်သိရှိနိုင်မည့်စာအုတ်တစ်အုတ်

တောင်အာဖရိကနိုင်ငံUniversity of The Witwatersrand မှဒုတိယပါမောက္ခနှင့်နာမည်ကျော်တရုတ်နိုင်ငံအရေးလေ့လာသူပညာရှင်Garth Sheldon သည်တောင်အာဖရိကနိုင်ငံတွင်အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုထားသော“ရှီကျင့်ဖျင်၏တရုတ်စီမံခန့်ခွဲမှုနှင့်နိုင်ငံအုပ်ချုပ်ရေး”စာအုပ်အားပထမဆုံးဖတ်ရှုသူတစ်ယောက်ဖြစ်ပါသည်။

သူသည် အချိန်တိုအတွင်း ဤစာအုပ်ကို အစမှအဆုံးအထိဖတ်ရှုနိုင်ခဲ့ ပြီး မှတ်စုများကိုလည်း သေသေချာချာ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် သူသည် သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် တပည့်များကို ဤစာအုပ်အားဖတ်ရှုရန် အကြိမ်ကြိမ် အကြံပြုပြောဆိုခဲ့သည်။ အနောက်မီဒီယာများတင်ပြသော တရုတ်နိုင်ငံဆိုင်ရာအကြောင်းအရာအများစုသည် အဖြစ်မှန်အတိုင်း မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ အကြောင်းကို အမှန်တကယ်လေ့လာရန် ဆန္ဒရှိပါက အကောင်းဆုံးနည်းလမ်းမှာ“ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံအုပ်ချုပ်ရေး”စာအုပ်ကို ဖတ်ရှုခြင်းပဲဟု သူ့တပည့်များကို ပြောပြသည်။

Sheldon သည်တရုတ်နိုင်ငံယခုလိုကြီးမားသောအောင်မြင်မှုရရှိသည့်အကြောင်းရင်းများကိုအမြဲလေ့လာတွေးတောလျက်ရှိပါသည်။သမ္မတရှီကျင့်ဖျင်သည်တရုတ်နိုင်ငံရှေးခေတ်ပညာရှင်များပြောသည့်အတိုင်း“ နိုင်ငံကြီးတစ်နိုင်ငံအားစီမံခန့်ခွဲခြင်းသည်လတ်ဆတ်သည့်ဟင်းပွဲလေးချက်ပြုတ်သည်နှင့်တူကြောင်း(Cure big country such as cooking small fresh)”၊ပြောကြားခဲ့ရာယခုလိုပြောဆိုချက်သည်အလွန်ထိမိကြောင်း၊သို့သော်ယင်းအဆင့်သို့ရောက်ရှိနိုင်ရန်မှာအလွန်  အဆင့်မြင့်သောနိုင်ငံစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးစွမ်းဆောင်ရည်ရှိရန်လိုအပ်ပါကြောင်း၊တရုတ်နိုင်ငံ၏လက်တွေ့အခြေအနေနှင့်လည်းကိုက်ညီရန်လိုအပ်ပါကြောင်းသူကပြောခဲ့ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006