မှန်ကန်သောလမ်းကြောင်း ရှာဖွေတွေ့ရှိရေးဆိုင်ရာ အသိဉာဏ်ဖွင့်ပေးနိုင်သောစာအုပ်
“သမ္မတရှီကျင့်ဖျင်၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိန့်ခွန်းပြောကြားချက်များသည် တရုတ်နိုင်ငံ ၏အခြေအနေများနှင့် ကိုက်ညီရုံတင်မကဘဲ ဇင်ဘာဘွေနိုင်ငံ အပါအဝင် အာဖရိကတိုက်မှ နိုင်ငံများစွာအတွက် လည်း ဉာဏ်ဖွင့်ပေးသည်နှင့် တူပါကြောင်း” “ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံအုပ်ချုပ်ရေး” စာအုပ်ကို လက်စွဲကိုင်သူ၊ အာဖရိကတိုက်မှ နာမည်ကျော် တရုတ်နွယ်ဖွားပညာရေး ဆိုင်ရာပညာရှင်၊ ဇင်ဘာဘွေနိုင်ငံပညာရေး ဝန်ကြီးဟောင်းဖြစ်သူ ဖေချုန်က ယခုလိုပြောကြားခဲ့ပါ သည်။
“သမ္မတရှီကျင့်ဖျင်က ကမ္ဘာပေါ်တွင် မည်သည့်နေရာမဆို အားလုံးနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက် ရေးလမ်းကြောင်းရှိမည်မဟုတ်ပါကြောင်း၊ ဘက်အသီးသီးတို့သည် အမျိုးစုံလင်သည့် ကမ္ဘာ့ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပုံစံများအား လေးစားသင့်ပါကြောင်း၊ တရုတ်နိုင်ငံသည် အာဖရိက နိုင်ငံများ၏ မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသောလမ်းကြောင်း ရှာဖွေရေးလုပ်ငန်းများကို ဆက်လက် ပြီး ပြတ်ပြတ်သားသား ထောက်ခံသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ရာ အဆိုပါစကားများသည် ကျွန်မအား အမှတ်တရ များစွာကျန်ရစ်စေခဲ့သည်” ဟု ဖေချုန်က ပြောကြားခဲ့ပါသည်။
နိုင်ငံတိုင်းတွင် ထူးခြားသောသမိုင်းနှင့် လက်တွေ့အခြေအနေများ တည်ရှိပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးပုံစံတိုင်းသည် အစစအရာရာကို ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပါကြောင်း၊ အာဖရိကနိုင်ငံများအတွက် အထူးထည့်သွင်းစဉ်းစားရန် လိုအပ်သည်မှာ မိမိနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေတွေ့ရှိရန်ဖြစ်ကြောင်း ဖေချုန်က ပြောကြား သည်။ “အာဖရိကနိုင်ငံများသည် တရုတ် နိုင်ငံ၏အခက်အခဲကို အမှုမထားဘဲ ဇွဲသတ္တိရှိစွာဖြင့် ကြိုးပမ်း ဆောင်ရွက် သောစိတ်ဓာတ်ကို အတုယူရန်လိုအပ်ပါကြောင်း၊ မိမိနိုင်ငံ၏ တမူထူးခြားသည့် ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းအတိုင်း ရှေ့ဆက်ချီတက်သွားရန် လိုအပ်ပါကြောင်း၊ အာဖရိကတိုက်၏ အိပ်မက်အား အကောင်အထည်ဖော် နိုင်ရန် ခရီးလမ်းသည် သိပ်မဝေးတော့ဟု ကျွန်မယုံကြည်ပါ ကြောင်း” သူ မက ပြောကြားခဲ့သည်။
သတင်းအရင်းအမြစ်။ ။ဆင်ဟွာသတင်းဌာန
ဘာသာပြန်။ ။ yunnangateway