တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအသစ်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ရပ်တည်ချက်အား ထိန်းသိမ်းကာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ်လ ၁၄ ရက်က ပြောကြားလိုက်သည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းအား တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန် (Rex Tillerson) ၏ နေရာ၌ CIA ညွှန်ကြားရေးမှူး Mike Pompeo ဖြင့် အစားထိုးခန့်အပ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မတ်လ ၁၃ ရက်က ၎င်း၏ တွစ်တာအကောင့်တွင် ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တီလာဆန်ရဲ့ သက်တမ်းအတွင်း တရုတ်နဲ့ အမေရိကန်က နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တယ်။ ပြီးတော့ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုအတွက် ၎င်းရဲ့ အားထုတ်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု လုက ပြောသည်။
နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ အခြေခံ အကျိုးစီးပွားများနှင့် သဘောတူညီချက် ရရှိခဲ့ရုံမက နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်များနှင့်လည်းပဲ ဆုံဆည်းမိခဲ့ကြောင်း လုက ဆိုသည်။ (Xinhua)