တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်(Li Keqiang)က ယနေ့ (မတ်လ၁၉ရက်)နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် အမျိုးသားဥပဒေပြုရေးနှစ်ပတ်လည်အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး၌ ဝေ့ဖုန့်ဟော် (WeiFenghe)၊ ဝမ်းယန်(WangYong)၊ ဝမ်ရိ(WangYi)၊ ရှောင်ကျယ်(XiaoJie) နှင့် ကျောက်ခဲ့ကျစ်(ZhaoKezhi)တို့ ငါးဦးအား နိုင်ငံတော်ကောင်စီဝင်များအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ၎င်းတို့အား နိုင်ငံတော်ကောင်စီဝင်(statecouncilors)များအဖြစ် ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရသည်။(Xinhua)