တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ် ယန်ကျဲ့ချီသည် မတ်လ ၂၉ ရက်မှ ၃၀ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးရာ ဗဟိုကော်မတီရုံး ဌာနမှူး ယန်ကျဲ့ချီသည် တောင်ကိုရီးယားနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက မတ်လ ၂၈ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)