နိုင်ငံခြားပါရဂူများက ယူနန်၏"ကျွမ်းကျင်သူတစ်ထောင်စီမံကိန်း"ကို ချီးကျူး

2018-04-02 18:10:16 |သတင်းအရင်းအမြစ် 云桥网

ယခုရက်ပိုင်းတွင် "ယူနန် 'ကျွမ်းကျင်သူတစ်ထောင်စီမံကိန်း' စီမံချက် စမ်းသပ်အစီအစဉ်" ထုတ်ပြန်ခဲ့ရာ ၎င်းစီမံကိန်းအရ ထောက်ပံ့ငွေ၊ ကျွမ်းကျင်သူခေါ်ယူခြင်း၊ ဝန်ဆောင်မှုနှင့် အာမခံချက် စသည့်အရေးပါသော အထောက်အပံ့များပေးထားပြီး ယူနန်သည် ကျွမ်းကျင်သူခေါ်ယူခြင်းအပေါ် အလေးထားခြင်းနှင့် တံခါးဖွင့်လှစ်ကြိုဆိုခြင်းမှာ ပေါ်လွင်လာသည်ကို တွေ့ရှိကြောင်း ကူမင်းတွင် နေထိုင်သောနိုင်ငံခြားပါရဂူများက ထုတ်ဖော်ပြောကြားကြသည်။

ယွီရှီကျဲရွန်ဇီဝနည်းပညာလီမိတက်ကုမ္ပဏီ အထွေထွေမန်နေဂျာ ကျိန် ရှန်က အမေရိကန်နိုင်ငံမှ ရောက်ရှိလာပြီး ၂၀၁၆ ခုနှစ် ကတည်းက ယူနန် တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး "ယူနန်အဆင့်မြင့် နိုင်ငံခြားပါရဂူများ" စာရင်းတွင် ရွေးချယ်ခံထားရသူ ဖြစ်သည်။ "ကျွမ်းကျင်သူတစ်ထောင်စီမံကိန်း"တွင် နိုင်ငံခြား ကျွမ်းကျင်သူများအတွက် ဖြစ်စေ၊ အလုပ်ဌာနအတွက်ဖြစ်စေ၊ ယူနန်ပြည်နယ်ဆိုင်ရာ စက်မှုလုပ်ငန်းအတွက်ဖြစ်စေ၊ ယူနန်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်မှု အတွက်ဖြစ်စေ အကျိုးကျေးဇူးများနိုင်သည်ဟု သူ၏ထင်မြင်ယူဆချက်အား ပြောပြသည်။ ဥပမာအားဖြင့် ယူနန်ပြည်နယ်၏ထောက်ပံ့မှုကြောင့် ထိုကုမ္ပဏီမှထုတ်လုပ်သော ဗက်စင်းကာကွယ်ဆေး HPV2 လုပ်ငန်း အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ဇီဝဆေးကုသရေးနှင့် ကျန်းမာ ရေးထိန်သိမ်းခြင်းဆိုင်ရာ လုပ်ငန်းသည် ယူနန်ပြည်နယ်မှ အထူးဖွံ့ဖြိုးတိုးတက်နေသော စက်မှုလုပ်ငန်း(၈)ခုအနက် တစ်ခုအပါအ၀င်ဖြစ်ပြီး ဤစီမံကိန်းမှတစ်ဆင့် ယူနန်တွင် သုတေသနပြုတီထွင်ရန် ပိုများသောနိုင်ငံခြားကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်ကာ နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း ယူနန်စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးမြှင့်တင်ရန် တွန်းအားပေးကြောင်း ကျိန်ရှန်က ပြောကြားသည်။

ကိုးရီးယားနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာပါရဂူ လီတုံရှမ် သည် ယခုရက်ပိုင်း ယူနန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်တွင် စပါးမျိုး ပျိုး ထောင်နေသည်။ သူသည် ယူနန်တွင် ၁၀ နှစ် ကျော်ကျော်လုပ်ကိုင်လျက်ရှိရာ ယူနန်ပြည်နယ်နိုင်ငံခြားပါရဂူ "ရောင်စုံတိမ်ဆု"ကို ဆွတ်ခူးခဲ့သည်။ လွန်ခဲ့ သောနှစ်တွင် သူက "ယူနန်အဆင့်မြင့် နိုင်ငံခြားပါရဂူများ" အဖြစ် လျှောက်လွှာတင်ခဲ့ရာ ယခုနှစ်တွင် အတည်ပြုခြင်း ခံရသည်။ သူ၏အတွေ့ အကြုံအရ ယူနန်၏တမူထူးခြားသော သဘာဝပတ်ဝန်းကျင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ သုတေသီများအတွက် ဆွဲဆောင်မှု လွန်စွာရှိသကဲ့သို့ "ကျွမ်းကျင်သူတစ်ထောင်စီမံကိန်း"မှာ နိုင်ငံခြားကျွမ်းကျင်သူများအတွက် ကောင်းမွန်သော အခွင့်အရေးနှင့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးသည် ယူနန်အတွက် အရေးပါလှပြီး "ကျွမ်းကျင်သူတစ်ထောင် စီမံကိန်း"အရ ကုန်ပြင်မြင့်ခေတ်မီလယ်ယာစိုက်ပျိုးရေးကို အရေးပါသော နယ်ပယ်တစ်ခုအဖြစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာသုတေသီများ၏ အသိအမြင်ဖွင့်ပေးကာ သုတေသနပြုရလဒ်များဖြင့် အကောင်အထည်ဖော် မြှင့်တင်ပေးနိုင်ကြောင်း လီတုံရှမ်က ပြောကြားသည်။

"ကျွမ်းကျင်သူတစ်ထောင်စီမံကိန်း"မှာ ယူနန်ပြည်နယ်၏ လူတော်လူချွန် အတွေးအခေါ်များ ထင်ရှားပေါ်လွင်လာစေသည်။"ဟု "ယူနန်အဆင့်မြင့် နိုင်ငံခြားပါရဂူ"အဖြစ် ရွေးချယ်ခြင်းခံရသော ရန်ဟုန်ကျိက ပြောကြားသည်။ သူက အခြေခံသုတေသန၊ သတင်းအချက်အလက်သိပ္ပံနည်းပညာ စသည့်နယ်ပယ်များတွင် ဝါရင့်သော ပါရဂူတစ်ဦးဖြစ်ပြီး အင်္ဂလန်နိုင်ငံ Bath Spa University တွင် အနှစ်(၂၀)ကျော်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုမူ သူက အနောက်တောင်သစ်တောတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည်။ ယူနန်၏ဖွံ့ဖြိုးမှုတွင် တီထွင်ဆန်းသစ်မှုစွမ်းအားမရှိခြင်းနှင့် အဆင့်မြင့်ကျွမ်းကျင်သူ လူရည်ချွန်နည်းပါးခြင်း ပြဿနာများ ဖြစ်ပေါ်နေကြောင်း၊ "ကျွမ်းကျင်သူတစ်ထောင် စီမံကိန်း" ဖြင့် ယူနန်ပြည်နယ်အတွက် နိုင်ငံခြားကျွမ်းကျင်သူလူတော်များ ဖွံ့ဖြိုးမှုမဟာဗျူဟာစနစ်သစ်ကို ဖန်တီးပေးမည်ဖြစ်သကဲ့သို့ စွန့်ဦးတီထွင်မှုရှိသော ကျွမ်းကျင်သူအဖွဲ့ တည်ဆောက်ခြင်း၊ ကျွမ်းကျင်မှုပုံစံ အဆင့်မြင့်ပြုပြင်ပြောင်းလဲရေး မြှင့်တင်ခြင်း၊ အဆင့်မြင့်ကျွမ်းကျင်သူများအဖွဲ့ တည်ဆောက်ခြင်းနှင့် ကျွမ်းကျင်သူများဖွံ့ဖြိုးမှုပတ်ဝန်ကျင်း ကောင်းမွန်အောင်ပြုပြင်ခြင်း စသည်များအတွက် အောင်မြင်မှုရလဒ်များရရှိနိုင်မည်ဖြစ်ကြောင်း ရန်ဟုန်ကျိက သူ၏ယူဆချက်ကိုပြောပြသည်။

Editor: Wang Shixue

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006