၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သော Boao ဖိုရမ်တွင် မိန့်ခွန်းပြောကြားခဲ့သော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)
ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ ခုနှစ် အာရှအတွက် Boao ဖိုရမ် (BFA) နှစ်ပတ်လည် ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီလ ၃ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ ဖိုရမ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နမ်ကျွန်းပြည်နယ် Boao မြို့တွင် “ကြွယ်ဝချမ်းသာသော ကမ္ဘာကြီးအတွက် ပွင့်လင်းပြီး ဆန်းသစ်ပြောင်းလဲတဲ့ အာရှ” ဟူသော ခေါင်းစဉ်ဖြင့် ဧပြီလ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)