တရုတ်နိုင်ငံတံခါးတိုးချဲ့ဖွင့်ခြင်းအတွက် သမ္မတရှီကျင့်ဖျင်သည် အစီအစဉ်(၁၀)ရပ် ကြေငြာပြီး မျှော်လင့် ချက်(၃)ချက်တင်ပြ

2018-04-10 18:48:58 |သတင်းအရင်းအမြစ် 新华网

Boao အာရှတိုက်ဖိုရမ် ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၁၀)ရက်နေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံတံခါးဖွင့်မူဝါဒအား ပိုမို ကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်မည့်အကြောင်း ကမ္ဘာထံသို့ ကြေငြာလိုက်သည်။

တံခါးဖွင့်မူဝါဒအား ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များအတွက် သမ္မတရှီကျင့်ဖျင်သည် အစီအစဉ်(၁၀)ရပ်ကြေငြာပြီး မျှော်လင့်ချက်(၃)ချက်ကို တင်ပြ ထားပါသည်။

ဈေးကွက်ဝင်ရောက်ခွင့်(Market Access)ကန့်သတ်ချုပ်ချယ်မှု ပိုမိုလျှော့ပါးစေမည်။
(၁) ၂၀၁၇ ခုနှစ်ကုန်ပိုင်းက ကြေငြာခဲ့သော ဘဏ်တိုက်၊ တန်ဖိုးရှိငွေလက်မှတ်နှင့် အာမခံ စသည့် လုပ်ငန်းအတွင်း နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံသော အစုရှယ်ယာနှုန်းထားအား ကန့်သတ်မှုလျှော့ချခြင်းဆိုင်ရာ အစီအစဉ်များကို တိကျစွာ ဆောင်ရွက်ရမည်။
(၂) အာမခံစက်မှုလုပ်ငန်း တံခါးဖွင့်လှစ်ခြင်း လုပ်ငန်းစဉ်ကိုလည်း အရှိန်မြင့် ဆောင်ရွက်မည်။ နိုင်ငံခြား မှရင်းနှီးမြှုပ်နှံသော ငွေရင်းကြေးရင်းလုပ်ငန်းတည်ထောင်ခြင်း ကန့်သတ်ချက်ကို လျှော့ချပြီး တရုတ် နှင့်နိုင်ငံခြားငွေကြေးဈေးကွက် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်မည်။
(၃) အနာဂတ်တွင် လုပ်ငန်းများ အထူးသဖြင့် မော်တော်ယာဉ် လုပ်ငန်းကဏ္ဍများအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အစုရှယ်ယာနှုန်းကန့်သတ်မှု လျှော့ကျအောင် ဆောင်ရွက်မည်။

ပိုမိုအဆင်ပြေသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို ဖန်တီးပေးမည်။
(၄) နိုင်ငံတကာစီးပွားရေး၊ ကုန်သွယ်ရေး နှင့်သက်ဆိုင်သောစည်းကမ်းများ ပိုမို ချိတ်ဆက်နိုင်ရေး၊ ပွင့်လင်းမြင်သာမှု ပိုမိုရရှိရေး၊ အသိဉာဏ်မူပိုင်ခွင့် ခိုင်မာရန် ကာကွယ်ထိန်းသိမ်းရေး စသည်တို့ကို ပိုမိုရရှိအောင် ဆောင်ရွက်ပြီး တရားဥပဒေစည်းမျဉ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်။ ထို့ပြင် ကောင်းမွန်သောယှဉ်ပြိုင်ခြင်းကို အားပေးသော်လည်း လက်ဝါးကြီးအုပ်ခြင်းကိုမူ လက်ခံမည်မဟုတ်ပေ။
(၅) ၂၀၁၈ ခုနှစ် ပထမ ၆ လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံခွင့်အား ပြင်ဆင်ထိန်းညှိသုံးသပ်ကာ ပြီးမြောက် အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသားများ တန်းတူအခွင့်အရေးပေးသော ဥပဒေကို အခြေခံကာ စီမံခန့်ခွဲမှုစနစ်သာတူညီမျှစွာ အကျိုးသက်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင် အကောင်အထည်ဖော် ဆောင်ရွက်ထားရမည်ဖြစ်သည်။
အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ခိုင်မာစေရန် ကာကွယ်ထိန်းသိမ်းခြင်းကို တိုးမြင့်ဆောင်ရွက်ရပါမည်။
(၆) ယခုနှစ်တွင် နိုင်ငံတော် ဥာဏ်မူပိုင်ခွင့်ရုံးဌာနချုပ်ကို ပြန်လည်ဖွဲ့စည်းမည်။ ဥပဒေစိုးမိုးရေးအတွက် အင်အားပိုမိုဖြည့်တင်းပေးပြီး ပိုမိုတိုးတက်ကောင်းမွန်စေအောင် ဆောင်ရွက်ရမည်။ ထို့ပြင် တရားဥပဒေ ဖောက်ဖျက်ကျူးလွန်ခြင်းအတွက် ပိုမိုပြင်းထန်သည့် အရေးယူအပြစ်ပေးခြင်းကို ဆောင်ရွက်ခြင်းတို့မှတစ်ဆင့် ဥပဒေ၏ အကျိုးသက်ရောက်မှု အားကောင်းစေရန် ဆောင်ရွက်ရမည်။
(၇) ပြည်တွင်းပြည်ပကုမ္ပဏီများအကြား သာမာန်နည်းပညာဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို အားပေးတိုက်တွန်းပြီး တရုတ်ပြည်တွင်းရှိ ပြည်ပလုပ်ငန်းရှင်များပိုင်ဆိုင်သည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ကို ကာကွယ်ထိန်းသိမ်းပေးသွားမည်။
ပြည်ပသွင်းကုန်လုပ်ငန်းများချဲ့ထွင်ခြင်းကို တက်ကြွစွာ တွန်းအားပေးသွားမည်။
(၈) ယခုနှစ်တွင် မော်တော်ယာဉ်တင်သွင်းခြင်းအခွန်ကို များပြားစွာ လျှော့ချမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် အခြားသွင်းကုန်များအတွက်လည်း အခွန်အခ သိသာစွာလျှော့ချပေးမည်။
(၉) ပြည်သူပြည်သားများ အလွန်လိုအပ်သော ထူးခြားချက်ရှိသည့်ကုန်စ္စည်းများအား ပြည်ပမှတင်သွင်းခြင်းကို တွန်းအားပေးမည်။ ထို့ပြင် WTO ၏《အစိုးရ ပစ္စည်းဝယ်ယူခြင်းအပေါ် သဘောတူစာချုပ်》သို့ပါဝင်နိုင်ရန် အာရုံစိုက်ပြီး ကြိုးပမ်းဆောင်ရွက်မည်။
(၁၀) ယခုနှစ်နိုဝင်ဘာလတွင် ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး ၎င်းပြပွဲကို နောင်တွင်လည်း ဆက်တိုက်ကျင်းပသွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းပြပွဲသည် တရုတ်နိုင်ငံက ဈေးကွက်ဖွင့်လှစ်ခြင်း၏ အစီအစဉ်တစ်ခုဖြစ်ကာ တံခါးဖွင့်ခြင်းဆိုင်ရာမူဝါဒ တစ်ရပ်လည်းဖြစ်သည်။

ထို့ပြင် သမ္မတရှီကျင့်ဖျင်သည် မျှော်လင့်ချက်(၃)ရပ်ကို တင်ပြထားသည်။
နိုင်ငံခြားအစိုးရတို့သည် တရုတ်အသိဉာဏ်မူပိုင်ခွင့်ကို ပိုမို ကောင်းမွန်အောင် ထိန်းသိမ်းနိုင်ရန် မျှော်လင့်ပါသည်။
တရုတ်နိုင်ငံသည် နိုင်ငံခြားနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရာတွင် သွင်းကုန်ထက် ပို့ကုန်ကပိုများစေခြင်းကို လုံးဝရည်ရွယ်မထားပါ။ တရုတ်နိုင်ငံသည် သွင်းကုန်လုပ်ငန်း တိုးများရန် ရိုးသားဖြူစင်စွာမျှော်လင့်ပြီး ပုံမှန် လုပ်ငန်းဝင်ငွေထွက်ငွေ မျှတအောင် ဆောင်ရွက်မည်။
ဖွံ့ဖြိုးပြီးနိုင်ငံများက ပုံမှန်ဖြစ်သော၊ ကျိုးကြောင်းဆီလျော်သော၊ အထူးအဆင့်မြင့်နည်းပညာလုပ်ငန်းထုတ်ကုန် ကူးသန်းရောင်းဝယ်ရေးအား ကန့်သတ်ထိန်းချုပ်မှုအတွက် ရပ်တန့်မည်ဟု မျှော်လင့်ပါသည်။ တရုတ်နိုင်ငံ အထူးအဆင့်မြင့်နည်းပညာထုတ်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ခြင်းအား ကန့်သတ်ချုပ်ချယ်မှု လျော့ စေရန်လည်း ဆန္ဒရှိသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006