တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် မြို့တော် ဝူဟန်မြို့၌ ဧပြီ ၂၇ ရက် မှ ၂၈ ရက်အထိ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီတို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံသို့ ရောက်ရှိ နေသည့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့ တွေ့ဆုံခဲ့ပြီးနောက် ဧပြီ ၂၂ ရက်တွင် ဝမ်ရိက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ရှီကျင့်ဖိန်နှင့် မိုဒီတို့သည် ကမ္ဘာကြီး၏ နက်နဲသိမ်မွေ့သည့် ပြောင်းလဲမှုများအပေါ် မဟာဗျူဟာမြောက် ဆက်သွယ်မှုများပြုလုပ်သွား မည်ဖြစ်ပြီး တရုတ်-အိန္ဒိယ ဆက်ဆံရေးနှင့် ပတ်သက်၍ ရေရှည်မဟာဗျူဟာမြောက် ကိစ္စရပ် များအပေါ် အမြင်များ ဖလှယ်သွားမည်ဖြစ်ကြောင်း ဝမ်ရိက Swaraj နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရှီကျင့်ဖိန်နှင့် မိုဒီတို့၏ နောက်ဆုံးတွေ့ဆုံမှုအဖြစ် ၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး အပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် တရုတ် နိုင်ငံ အရှေ့တောင်ပိုင်း ရှားမန်မြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)