တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် ( ဝဲ - ဒုတိယ) နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအမ် ( ယာ-ဒုတိယ) တို့ ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ (ဧပြီ ၂၇ ရက်)တွင် နှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယားနိုင်ငံဘက်အခြမ်း ပန်မွန်ဂျုံရွာရှိ ငြိမ်းချမ်းရေးအိမ်တော်တွင် စတင်ဆွေးနွေးမှုပြုလုပ်နေကြောင်း သိရသည်။
ယခုဆွေးနွေးပွဲသည် ကိုရီးယားနှစ်နိုင်ငံအကြား တတိယအကြိမ်မြောက် ပြုလုပ်သော ထိပ်သီး အစည်းအဝေးပွဲ တစ်ခုဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံဘက်အခြမ်း၌ ပထမဆုံး အကြိမ်ပြုလုပ် သော အစည်းအဝေးတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)