တရုတ်ပြည်တွင် စီးပွားရေးလာရောက်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီများသည် တရုတ် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားရမည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေငြာ

2018-05-07 17:48:30 |သတင်းအရင်းအမြစ် 新华社

တရုတ်ပြည်တွင် စီးပွားရေးလာရောက်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီများသည် တရုတ် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားရမည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေငြာ

တရုတ်ပြည်တွင် စီးပွားရေးလာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများသည် တရုတ် နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားရမည်ဟု တရုတ် နိင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Geng Shuang သည် မေလ(၆)ရက်နေ့က ကြေငြာခဲ့ သည်။

သတင်းများအရ တရုတ်ပြည်တွင် စီးပွားရေးလာရောက်လုပ်ကိုင်ကြသော ကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်နှင့် အင်တာနက်ကွန်ယက်ပေါ်ရှိ ကြော်ငြာစာသားများတွင် ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်ဒေသအား “နိုင်ငံ”အဖြစ် သီးခြားခွဲထားခြင်းမပြုရဟု တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနမှ တောင်းဆိုထားသည်ကို အမေရိကန်နိုင်ငံက ယခုရက်ပိုင်းတွင် ကြေငြာချက်ထုတ်ပြန်ပြီး ပြစ်တင်ဝေဖန်ခဲ့ပါသည်။ အဆိုပါကိစ္စအတွက် တရုတ်နိုင်ငံ အနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်၏ မေးမြန်းမှုနှင့် ပတ်သက်ပြီး Geng Shuang မှ အောက်ပါအတိုင်းဖြေကြားခဲ့သည်။

“အမေရိကန်နိုင်ငံသည် မည်ကဲ့သို့ ပြောဆိုသည်ဖြစ်စေ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် တစ်ခုတည်းသာရှိသည့်အဖြစ်မှန်အား ပြောင်းလဲ၍မရနိုင်ပေ။ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်ဒေသသည် တရုတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ခွဲ၍မရနိုင်ပါ။ တရုတ် နိုင်ငံသည် ‘ကမ္ဘာတွင် တရုတ်တစ်နိုင်ငံတည်းသာရှိသည်’ဟူသောမူကို အခြေပြုပြီး အခြားနိုင်ငံများနှင့် သံတမန်ဆက်သွယ်ဆက်ဆံသည်။ တစ်ချိန်တည်းတွင် တရုတ်ပြည် တွင်း စီးပွားရေးလာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီလုပ်ငန်းများသည် တရုတ် နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားရမည်၊ တရုတ်ဥပဒေ နှင့်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်၊ တရုတ်ပြည်သူပြည်သားများ၏ အမျိုးသား သံယောဇဉ်ချစ်မေတ္တာလည်း ရိုသေရပါမည်။”

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006