နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး ကျောက်ခဲ့ကျစ်အား လက်ခံတွေ့ဆုံ

2018-05-10 18:08:33 |သတင်းအရင်းအမြစ် 新华网

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး ကျောက်ခဲ့ကျစ်အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ကျောက်ခဲ့ကျစ်က ပထမဦးစွာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်အား မင်္ဂလာနှုတ်ခွန်းဆက်သလိုက်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် ခေတ်သစ်နိုင်ငံတကာဆက်ဆံရေးပုံစံသစ်ဖြင့် လူသားတို့၏ ကံကြမ္မာတူအကျိုးတူအသိုက်အ၀န်း တည်ဆောက်နေခြင်းဖြစ်ရာ တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမိုကျယ်ပြန့်သည့် အနာဂတ် အလားအလာကောင်းများ ရှိလာပြီဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံကောင်းများ ဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် အထူးအလေး ထားကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏အရေးကြီးသည့် သဘောတူ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုကို အတူတွန်းအားပေးဆောင်ရွက်သွားကာ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍ အသီးသီး၏ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားပြီး တရုတ်-မြန်မာဘက်ပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်လိုကြောင်းပြောကြားခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အဓိကကျသည့် အခန်းကဏ္ဍဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရေးဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို တစ်ဆင့်တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊ မူးယစ်ဆေးတားမြစ် ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ဆက်သွယ်ရေးနည်းပညာဖြင့် လိမ်လည်မှုများအား တိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားပြီး နှစ်နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံတည်ငြိမ်လုံခြုံရေးကို အတူဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

သမ္မတ ဦးဝင်းမြင့်ကလည်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် ၀န်ကြီးချုပ် လီခဲ့ချန်တို့အား မင်္ဂလာ နှုတ်ခွန်းဆက်စကား ပြောကြားပေးပါရန်နှင့် ဆုတောင်းမေတ္တာပို့သလိုက်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ကူညီထောက်ခံအားပေးမှုများအတွက် ကျေးဇူးတင် ရှိကြောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးမှာ ခိုင်မာနက်ရှိုင်းကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှုဆိုင်ရာစီမံကိန်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်သွားလိုကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍများတွင် အပြုသဘောဆောင်သည့် အောင်မြင်မှုများရရှိကာ နှစ်နိုင်ငံ ပြည်သူအတွက် အကျိုးပိုမိုဖြစ်ထွန်းလာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ တရုတ်ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး လီဝေ၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်မှူး၊ ပြည်သူ့လုံခြုံရေးဌာန ဌာနမှူး ရန်ကျွင့်ဟောက်တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006