တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ဗလာဒီဗော့စ်တော့မြို့တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် Eastern Economic Forum တက်ရောက် ရန် စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
သမ္မတ ရှီနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး သင်းရွှီးရှန်း၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဋ္ဌာနမှူး ဟယ်လိဖုန်းတို့ လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)