တရုတ် နိုင်ငံ သမ္မတ နှင့် ရုရှား နိုင်ငံ သမ္မတ တို့ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ

2018-09-12 17:50:53 |သတင်းအရင်းအမြစ် 云桥网

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံသမ္မတ ပူတင်တို့က စက်တင်ဘာ ၁၁ ရက်နေ့ တွင် ဗလာဒီဗော့စတော့ မြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင် တို့ က တရုတ်-ရုရှား ဆက်ဆံရေး မှာ ယခု နှစ်တွင် ပိုမိုတက်ကြွစွာ ဖွံ့ဖြိုးတိုးတက်လာပြီး ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိလာကာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ၊ နိုင်ငံတကာ အခြေအနေ မည်သို့ပြောင်းလဲမှု ဖြစ်ပေါ်စေကာမူ တရုတ်-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် ခိုင်မြဲစွာ ဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေးကို ခိုင်မြဲစွာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်တို့က လက်ခံခဲ့ကြသည်။ေ

တွ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် အဆင့်မြင့် အရာရှိ အနီးကပ် ဆက်ဆံရေး အား ထိန်းသိမ်းထားခြင်း သည် နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်အတန်း မြင့်မားမှု နှင့် ထူးခြားမှု တို့ကို ပေါ်လွင်စေခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အား သက်ဆိုင်ရာ နိုင်ငံ ၏ နိုင်ငံခြားရေး ကဏ္ဍ တွင် ဦးစားပေး နေရာ ၌ ထားရှိထားသည် ကို တွေ့ရှိနိုင်မည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းအားထုတ်မှုအောက်တွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်များကို ရရှိစေခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် မိမိ နိုင်ငံ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းသည် ကို ထောက်ခံအားပေး ခဲ့ကြပြီး တစ်ဖက်နိုင်ငံ ၏ လုံခြုံရေး နှင့် အကျိုးစီးပွား အပေါ် ကာကွယ်ခြင်း အား ခိုင်မြဲစွာ ထောက်ခံ အားပေးခဲ့ကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ရိုးရာချစ်ကြည်ဆက်ဆံရေး ကို တည်မြဲအောင် ဆောင်ရွက်ပြီး ဘက်စုံ ညှိနှိုင်းဆောင်ရွက်မှု ကို တိုးချဲ့ကာ တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အား ပိုမို မြင့်မားသည့် အဆင့်သို့ ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး နှင့် ဥရောပ-အာရှ စီးပွားရေး မဟာမိတ် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရေး တို့ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး အရေးပါသည့် စီမံကိန်း များ တည်ငြိမ်စွာ အကောင်အထည် ဖော်သွားကာ ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားရမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ သမ္မတ က အထူး ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် တစ်ဖက် နိုင်ငံ တွင် ကျင်းပ သည့် အကြီးစား အခမ်းအနား များအပေါ် အပြန်အလှန် ထောက်ခံအားပေးခြင်း သည် နှစ်နိုင်ငံ ၏ ကောင်းမွန်သည့် ရိုးရာ အစဉ်အလာ တစ်ရပ်ဖြစ်ပြီး ယခု အကြိမ် ရုရှား နိုင်ငံ သမ္မတ ကိုယ်တိုင် ဦးဆောင်ကျင်းပ သည့် အစည်းအဝေး မှ နှစ်နိုင်ငံ ပိုမိုနက်ရိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် အတွက် အခွင့်အလမ်းများကို ရရှိစေမည် ကို ယုံကြည်ကြောင်း ၊ တရုတ်-ရုရှား နှစ်နိုင်ငံ က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း ကောင်စီဝင် များ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် အရေးပါသည့် တာဝန်များ ထမ်းဆောင် ထားကြကြောင်း ၊ တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတွင် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အတူတကွ တန်းတူညီမျှမှု တည်ရှိရန် ထိန်းသိမ်းပေးသွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ နှင့် ကုန်တွယ်မှု ကာကွယ်ရေး မူဝါဒ တို့ကို ဆန့်ကျင်သွားရမည် ဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ် နှင့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တို့ကို တွန်းအားပေး တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ဖိတ်ကြားချက် အရ အရှေ့တိုင်း စီးပွားရေး ဖိုရမ် ကို တက်ရောက်ခဲ့ခြင်း အပေါ် လှိုက်လှဲစွာ ကြိုဆိုပြီး ကျေးဇူးတင်ရှိကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အနီးကပ် ဆက်ဆံရေး အား ထိန်းသိမ်းထားခြင်း သည် နှစ်နိုင်ငံ ဆက်ဆံရေး ၏ အဆင့်မြင့်မားမှု ကို ပေါ်လွင်စေခဲ့ကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး က အရှိန်မြင့်မားစွာ တိုးတက်ဖွံ့ဖြိုးလာပြီး နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် တိုးမြင့်လာကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တွင်လည်း ကျယ်ပြန်စွာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဆက်လက်၍ ဥရောပ-အာရှ စီးပွားရေး မဟာမိတ် နှင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ချိန်ဆက်ရေး ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ပြီး ယဉ်ကျေးမှု ဖလှယ်ခြင်း အနီးကပ် ဆောင်ရွက်ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်သွားရမည် ဖြစ်ကြောင်း ၊ ရုရှား-တရုတ် နှစ်နိုင်ငံ အနေဖြင့် လက်ရှိ နိုင်ငံတကာ အခြေအနေ နှင့် ပတ်သက်၍ တူညီသည့် သဘောထား အမြင်များစွာ တည်ရှိပြီး နှစ်နိုင်ငံ မှ နိုင်ငံတကာ ကိစ္စရပ် များတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ ကာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ကို ဆန့်ကျင်သွား ရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် တရားမျှတ ပြီး လက်ခံနိုင်သည့် နိုင်ငံတကာ စည်းစနစ် ကို ထိန်းသိမ်းသွား ကာ ကမ္ဘာလုံးဆိုင်ရာ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ကို အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ နှစ်နိုင်ငံ ခေါင်းဆောင် တို့ မှ အတူတကွ စိတ်ဝင်စား သည့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ် များ အပေါ် သဘောထား အမြင်များ အား နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြပြီး တွေ့ဆုံ ဆွေးနွေးမှု အပြီး တွင် နှစ်နိုင်ငံ ခေါင်ဆောင်များ ရှေ့မှောက်၌ ပူးပေါင်းဆောင်ရွက်မှု စာချုပ် များစွာ လက်မှတ်ရေးထိုး ခဲ့ကြသည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006