ယခုရက်ပိုင်းတွင် လိကျန်းမြို့ ယွီလုံခရိုင် စီကိုမြို့နယ်ရှိ မုန်ညင်းဆီပန်းတရုတ်ဧက (၂၀၀၀)ကျော်သည် အစီအရီ ဝေဝေဆာဆာ ပွင့်နေပြီး ပန်းပင်လယ်အလား ဖြစ်နေတော့သည်။ ထို့ကြောင့် အဆိုပါမြို့နယ် အနီးတွင်တည်ရှိသောယန်စီမြစ်အမှတ်(၁)မြစ်ကွေ့သည် ပန်းများရှုစားရန် အကောင်းမွန်ဆုံး နေရာဖြစ်လာပါသည်။
လိကျန်းမြို့မှ စီကိုမြို့နယ်သည် (၅၃) ကီလိုမီတာကွာဝေးပြီး လမ်းတစ်လျှောက်တွင် ပန်းချီကား ကဲ့သို့လှပသည့်ရှုခင်းများသာဖြစ်သည်။ စိမ်းလန်းသောသစ်ပင်၊ ရွှေဝါဝါ မုန်ညင်းဆီပန်း၊ အိမ်ဟောင်းအရှေ့ အနောက်တွင် စိုက်ထားသော မက်မွန်ပန်းနှင့်သစ်တော်ပန်းတွေကို တွေ့မြင်နိုင်ပါသည်။ ထို့ပြင်၊ ဆောင်းရာသီအေးချမ်းမှုသောကြောင့်မနိုးသေးသော ညိုးလျော်နေသည့်မြက်ခင်း၊ မြေပေါ်တွင် ထင်းထင်းကြီးဖြစ်နေသည့်ကျာက်တုံးများသည်လည်း ထူးဆန်းသောလှပမှုကို ဖော်ပြနေသည်။
စီကိုမြို့နယ်၏ မုန်ညင်းဆီပန်းသည် ပထဝီအခြေအနေအလိုက် လှေကားထစ်ပုံဖြင့် စိုက်ထားသည်။ တချိန်တည်းတွင် အပင်နှင့်လယ်ယာစိုက်ပျိုးရေးသီးနှံတို့သည် ဝေဝေဆာဆာစိုက်ထားပြီး အဝေးမှကြည့် လျှင် ဆီဆေးဖြင့် ရေးဆွဲထားသည့် သဘာဝရှုခင်းပန်းချီကားကဲ့သို့ဖြစ်နေတော့သည်။