မတ်လ (၂)ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့ မနောပွဲယဉ်ကျေးမှုဥယျာဉ်၌ အလွန်စည်ကားနေပါသည်။ ယောက်ကျားလေးများက ဓားရှည်ကိုင်ပြီး မိန်းကလေးများက အလှဆင်ထားသည်။ အချင်းချင်းလက်ကိုင်ပြီး အားပါးတရ ကကြသည်။ ထိုအချိန်တွင် မနောပွဲသည် အစည်ကားဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။
အိမ်အနီးအနားတွင်ရှိသော အဘွားအိုသည် အသက်(၆၀)နှစ်ကျော်သော်ငြားလည်း အကအဖွဲ့တွင် တက်ကြွစွာ ပါဝင်ကခုန်နေသည်။ “အရမ်းပျော်တယ်။ မနောပွဲကို အရမ်းသဘောကျတယ်”ဟု သူမကပြောကြားသည်။
ဂျင်းဖောရိုးရာဝတ်စုံဝတ်ထားသော ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်ကလည်း အကဖျော်ဖြေသောအဖွဲ့အတွင်း ပါဝင် ကခုန်နေသည်။ သူသည် သတင်းထောက်အား ဓာတ်ပုံရိုက်ခိုင်းသည်။ “အရမ်းပျော်တာပေါ့”ဟု ပြောပြောဆိုဆို သူသည် အကအဖွဲ့သို့ ပြန်ဝင်သွားသည်။
မူဆယ်မှမြန်မာ့ဂျင်းဖောလူမျိုး ကျန်းဆာ(အသံထွက်)သည် အလွန်စည်ကားသည့်အကအဖွဲ့မှ ခဏထွက်ပြီး ဓာတ်ပုံရိုက်သည်။ သူသည် မြန်မာစကားဖြင့် ကျွန်မတို့သတင်းထောက်အား မနောပွဲဆိုင်ရာအကြောင်းကို ပြောပြသည်။
ထို့ပြင်၊ တရုတ်နာမည်ကျော်ဒါရိုက်တာZhang Jizhong လည်း ယခုနှစ်မနောပွဲကို တက်ရောက်သည်။ သူသည် ဂျင်းဖောယောက်ကျားလးအဖွဲ့နှင့်အတူ ကနေသည်၊ ပျော်နေသည်ကိုတွေ့ရသည်။
မိတ်ဆက်ခြင်းအရသိရသည်မှာ-- မနောသည် ဂျင်းဖောဘာသာစကားဖြင့် စုဝေးပြီးအကကသည့်အဓိပ္ပာယ်ဖြစ်သည်။ နှစ်တိုင်းနွေဦးရာသီစချိန် လမင်းကြီးဝိုင်းဝိုင်းလေး လပြည့်ချိန်တွင် ကျင်းပလေ့ရှိသည်။ ဂျင်းဖောတိုင်းရင်းသားတို့သည် နှစ်စဉ်ယခုလိုအချိန်မျိုးတွင် စုပေါင်းအက ကခြင်းဖြင့် မိမိလူမျိုး၏မျှော်မှန်းချက်ကို ဖော်ပြကြသည်။