ကျွန်တော်တို့မဂ္ဂဇင်းတိုက်သည် ၂၀၁၈ ခုနှစ် ဧပြီလ(၂၈)ရက်နေ့တွင် ကူမင်းမြို့ ပန်းမြို့တော်ဥယျာဉ်၌ “စာဖတ်ပရိသတ်နှင့်တွေ့ဆုံပွဲ”ကို ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ပရိသတ်တွေ့ဆုံပွဲအား“လန်ချမ်း-မဲခေါင် မြစ်တစ်စင်းတည်း ကျွန်တော်တို့ ချိတ်ဆက်၊ မိသားစုကဲ့သို့ အတူတကွနေထိုင်”ဟူသော အဓိကခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာ၊ လာအို၊ ထိုင်းနှင့် ကမ္ဘာဒီးယားနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်နှင့် ကောင်စစ်ဝန်များ ကြွရောက်ချီးမြှင့်ခဲ့ကြပြီး သက်ဆိုင်ရာ ဌာနများနှင့် ကူမင်းမြို့ရှိ အဆိုပါနိုင်ငံအသီးသီးမှ ပညာတော်သင် ကျောင်းသူကျောင်းသားများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်သည် အမှာစကားပြောကြားရာတွင် အောင်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ပါသည်--“မြန်မာနိုင်ငံအတွက် ထုတ်ဝေတဲ့ 《မင်္ဂလာ》မဂ္ဂဇင်းသာမကပဲ ထိုင်းနိုင်ငံအတွက် ထုတ်ဝေတဲ့ 《မဲခေါင်မြစ်》၊ လာအိုနိုင်ငံအတွက် ထုတ်ဝေတဲ့ 《ချမ်ပါမဂ္ဂဇင်း》၊ ကမ္ဘောဒီးယားနိုင်ငံအတွက် ထုတ်ဝေတဲ့《ခမာ》မဂ္ဂဇင်း စတာတွေကိုဖတ်ရှုလေ့လာတဲ့ ပရိသတ်တွေ ဒီမှာပါဝင်နေတာတွေ့ရပါတယ်။ အဆိုပါနိုင်ငံများဟာ လန်ချမ်း-မဲခေါင်မြစ် အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ထုတ်ဝေလျက်ရှိတဲ့ မဂ္ဂဇင်းများမှတစ်ဆင့် တရုတ်နိုင်ငံနှင့် လန်ချန်း-မဲခေါင်နိုင်ငံများအကြား ချစ်ကြည် ရေး ပိုမိုမြှင့်တင်နိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ခြင်း၊ နိုင်ငံများအချင်းချင်း ယဉ်ကျေးမှု နှင့်စီးပွားရေးဆိုင်ရာများ ဖလှယ်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်မယ့် အခွင့်အရေးဖြစ်ပါ တယ်။ 《မင်္ဂလာ》မဂ္ဂဇင်းတိုက်အနေနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးပေါ်လစီများအပြင်၊ နှစ်နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာဘာသာဖြင့် ရိုက်နှိပ်ထုတ်ဝေပေးတဲ့အတွက် ဖတ်ရှု လေ့လာကြတဲ့ မြန်မာနိုင်ငံသားများအတွက် များစွားအကျိုးဖြစ်ထွန်းတာကြောင့် ကျေးဇူးတင် ရှိပါ ကြောင်း ပြောကြားလိုပါတယ်။"