ရှန်ဂရီလာနာဖဟိုင်ရေကန်တွင် ရွှေဝါရောင်သစ်ရွက်ဖြင့် ဆောင်းဦးရာသီအလှတရား ဖော်ပြနေ

2018-11-07 17:56:13 |သတင်းအရင်းအမြစ် 新华网

နာဖဟိုင်ရေကန်သည် ယူနန်ပြည်နယ် တီချင့်တိဗက်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှန်ဂရီလာမြို့တွင် တည်ရှိပြီး တိဗက်စကားဖြင့် “သစ်တောအနားရှိ ရေကန်”ဟု အဓိပ္ပာယ်ရပါသည်။

နာဖဟိုင်သည် စိမ့်မြေဖြစ်သည့်အတွက်ကြောင့် ရာသီအလိုက် နွေအပြီး ဆောင်းဦးအစ မိုးရေများပြားလာသည်နှင့်အညီ ရေကန်၏ အကျယ်အ၀န်းဧရိယာ တိုးများလာပါသည်။ သို့သော် ဆောင်းဦးအပြီးမှ လာမည့်နှစ်နွေအစ  ရေများပြန်ကျသည့်အတွက်ကြောင့် စိမ့်မြေများစွာ ဖြစ်ပေါ်လာပါသည်။ “ရေကန်က မြက်ခင်းပေါ်မှာရှိ၊ မြက်ခင်းက ရေကန်ပေါ်မှာရှိ”ဆိုသည့် တမူထူးခြားသော အလှတရားများကို ရှုစားနိုင်ပါသည်။

ဆောင်းဦးရာသီတွင် နာဖဟိုင်ရေကန်သည် ရွှေဝါရောင်သစ်ရွက်များဖြင့် အလှတရားများပြားစွာကို ဖော်ပြနေပါသည်။

(ဆင်ဟွာသတင်းထောက်--Nian Xinhong၊ ပုံ--Cui Yongjiang)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006