ထူးကဲသော ခြေထောက်မပါသည့်ငှက်ကောင်--အနုပညာရှင်ကျန်ကော်ယုံကို လွမ်းဆွတ်တမ်းတခြင်း

2018-01-05 17:11:05 |သတင်းအရင်းအမြစ်

သူသည် အဖြူရောင်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး ပြတင်းပေါက်နားတွင် မှီ၍ ထိုင်နေသည်။ မျက်လုံး တစ်စုံသည် အဝေးကို ငေးမျှော်ကြည့်နေပါသည်။ နောင်တွင် မည်သို့သောအရေးနှင့်ကံကြမ္မာကို ကြုံတွေ့ ရမည်ကို လုံးဝမသိနိုင်သောတွေဝေမှုဖြင့် ကနေ့နေပျော်လျှင်ပြီး ရောဟူ၍သာတွေးတောနေပါသည်။ ၎င်းသည်“ကျန်ကော်ယုံ” သရုပ်ဆောင်သည့် ရုပ်ရှင်《မိတ်ကပ်ဗူး》ဇာတ်ကားထဲမှဇာတ်ဝင်ခန်း တစ်ခန်းဖြစ်ပေသည်။ လူအများအပြားသည် “တစ်ဦးတည်းသာရှိသောထူးကဲသူ” ဟူသောစကားဖြင့် သူ့ကို ချီးမွမ်းထောပနာပြုကြသည်။ လူများစွာက ထိုကဲ့သို့ အဆိုပါစကားအတိုင်း သူ့ကို ချီးကျူးသြဘာ ပြုလေ့ရှိသည်။ ထိုထက်ကောင်းမွန်သော သြဘာစကားကို ရှာဖွေ၍မတွေ့တော့ပါ။ သူ၏ပြုမူ နေထိုင်ပုံအရည်အသွေးကို ဖော်ပြရန် အမှန်ပင်ခက်ခဲလှပေသည်။ တစ်ဦးတည်းသာရှိသောထူးကဲ သူ ဟူသောစကားနှင့်သာလိုက်ဖက်ပါသည်။

Online photo

“ကျန်ကော်ယုံ”ဟူသော ဇာတ်လိုက်မင်းသားကို သိရသောအချိန်မှာ ငယ်စဉ်အခါတုန်းက သူသရုပ် ဆောင်သည့်《တစ္ဆေမအချစ်ဇာတ်လမ်း》ကို အလွန်ကြိုက်နှစ်သက်ခဲ့သည့် အချိန်ဖြစ်ပါသည်။ ဇာတ်ကားထဲတွင် ရုပ်ရေသန့်ပြန့်သော ပညာတတ်ကလေး “နင်ချိုင်ချိန်”သည် အတတနှင့် အလွန် ရိုးသားလှပေသည်။ စိတ်လောစွာဖြင့် သစ်တောများကြားတွင် သွားလာကာ “နယ်ရှောင်ချယ်”ဟုခေါ် သော တစ္ဆေမချောကလေးကိုရှာဖွေ နေပါသည်။ ထိုအခါမှစပြီး နှစ်ပေါင်းများစွာ သူ့ကိုမှတ်မိပါသည်။ နောက်ပိုင်းတွင် တီဗွီလှိုင်းပြောင်းသည့်အခါတွင် တစ်ခါတစ်ရံ သူ၏ပုံရိပ်များကို မြင်ရပါသေးသည်။ ထိုစဉ်က မည်ကဲ့သို့သောခံစားမှုများမရှိပေ။ ထိုနောက်မန္တလေးသို့ပညာလာသင်သည့်အချိန်တွင် တီဗွီဒီအရောင်းဆိုင်တစ်ဆိုင်တွင် စိတ်ဝင်တစားတိတ်ခွေ ရှာနေသည့်အချိန်မှာ ဆိုင်ရှင်ကကျွန်တော်ကို ခွေတစ်ခွေထိုးပေးရင်း မပီကလာပီကလာသော တရုတ်စကားဖြင့် “ ကြည့်လို့ကောင်းတယ်၊ ကျန်ကော်ယုံ၊ နာမည်အရမ်းကြီးတယ်။”ဟု ဆိုသည်။ ထိုအချိန်ရောက်တော့မှ ယခင်က တစ်ခေါက် ကြည့်ပြီး မမေ့နိုင်သောအနုပညာရှင်သည် အာရှတစ်ခွင်နာမည်ကျော်ကြားသော“ကျန်ကော်ယုံ”ကို ပြန်သတိရပါသည်။

ထို့နောက်တွင် သူသရုပ်ဆောင်သော ရုပ်ရှင်ဇာတ်ကားများစွာကိုကြည့်ခဲ့ပါသည်။ သူသီဆိုခဲ့သော သီချင်းများစွာကိုလည်း နားထောင်ခဲ့သည်။ 《အရှေ့အနောက်အဆိပ်များ》ထဲတွင် သူသရုပ်ဆောင်သော“အိုရန်ဖုံ”၏ အထီးကျန်ဘဝသည် ထင်ရှားလှပေသည်။ 《အရှေ့အနောက်ရလဒ်များ》ထဲတွင် သူ သရုပ်ဆောင်သောဘယဆေးဆရာ“ဟွမ်”သည် ပြတ်လုံးများစွာဖြင့် ပရိသတ်များကို ဟက်ဟက် ပက်ပက်ရယ်မောစေပါသည်။ သီချင်း《အနီ》ထဲတွင် ဆွဲဆောင် အားကြီးလှသည်။ 《တစ်ခုတည်း သောခေတ်》ထဲတွင်မာနထောင်လွှားတစ်ကမ္ကာလုံးကို မထင်မဲ့မြင်ပြုပုံကို သရုပ်ဖော်ခဲ့ပါသည်။ သူသည် ပရိသတ်အားလုံး၏ မိတ်ဆွေဖြစ်နေသည်။ သူ၏ မျက်စိအကြည့်မျိုးတစ်ခု၊ သို့မဟုတ် ကိုယ်ဟန်လက်ဟန်တစ် ခု၊ စကားတစ်ခွန်းသည် ပွဲကြည့်ပရိသတ်၏ စိတ်ခံစားမှုများကို ပေါ်လွင်လာ စေသည်။ သူသရုပ်ဆောင်သော ဇာတ်ကောင်သည် လူကောင်းဖြစ်စေ သို့မဟုတ် လူဆိုးဖြစ်စေ လူတို့ အား အထူးမှတ်သားစွဲလမ်းစေပါသည်။ ရုတ်ရှင်ဇာတ်ကားနှင့် တေးဆိုခြင်းကဏ္ဍကို ကြည့်ပြီးလျှင် သူ သည် ဘေး ဖယ်ပြီး သူ့ကိုကြည့်လျှင် သူသည် အရာအားလုံးအပေါ်တွင် ကြင်နာ၍ ဂရုဏာရှေ့ထား တတ်သော သူတစ်ဦးဖြစ်ကြောင်းသိရှိခံစားနိုင်ပေမည်။

၂ဝဝ၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အဆိုပါလင်းလက်တောက်ပသော ဇာတ်လိုက်မင်းသားသည် အရောင်မှိန်ပြီး ပျောက်ကွယ်သွားပါသည်။ ရုပ်ရှင်လောကထဲတွင်(၂၄)နှစ်ကျင်လည်ခဲ့ရာ ရုပ်ရှင် ဇာတ် ကားပေါင်း (၅၆) ကားကို သရုပ်ဆောင်ရိုက်ကူးခဲ့ပါသည်။ ဂါးနအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်၊ ဗင်းနစ်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်၊ ဟောင်ကောင်ရွှေရုပ်ဆု၊ ထိုင်ဝမ်မြင်းရုပ်ဆုပါဝင်သော အကောင်းဆုံးသရုပ်ဆောင်မင်းသား အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ သူနှင့်ပတ်သက်သော သတင်းများကို ရှာဖွေကြည့်သည့်အခါတွင် သူနှင့်အတူပူးပေါင်းသရုပ်ဆောင်ခဲ့သောသရုပ် ဆောင်မင်းသား၊ မင်းသမီးများက သူ့ကိုအလုပ်တာဝန် ကျေပွန်သည်၊ စိတ်အားထက်သန် တက်ကြွသည်ဟု ချီးကျူးကြပါသည်။ သူ၏ ကူညီမှုကို ရရှိခဲ့ဖူးသူများက သူ၏ညွှန်ကြားမှု နှင့်ပံ့ပိုးမှုကို အထူးကျေးဇူးတင်လျက်ရှိသည်။ ကိုယ်ကျင်တရားနှင့် အနုပညာနှစ်မျိုးစလုံး သာလွန်ပါသည်။ ထိုကြောင့် ပရိသတ်များစွာက သူ့ကိုမမေ့နိုင်ပါသည်။ မျိုးဆက်သစ်များသည် သူ၏ ပရိသတ် အရင်းများဖြစ်လာရခြင်း၏အကြောင်းရင်းလည်းဖြစ်ပေသည်။

《အားဖေအကြောင်း》ထဲတွင် “ကျန်ကော်ယုံ”သည် ဤသို့သော ဇာတ်ဝင်ခန်းစကားတစ်ပိုဒ်ရှိသည်- ကမ္ဘာပေါ်တွင် ငှက်တစ်မျိုးသည် ခြေထောက်မရှိပေ။ မွေးပြီးကတည်းက အဆက်မပြတ် ပျံသန်းနေရ သည်။ ပျံ၍မောသွားသောအခါတွင် လေထဲတွင်အိပ်ရသည်။ တစ်သက်လုံးတွင် မြေပြင်ပေါ်သို့ တစ်ကြိမ် သာ ထိတွေ့ခွင့်ရှိပါသည်။ ၎င်းမှာ သေသွားသော အချိန်ပင် ဖြစ်သည်။ ယခု အဆိုပါငှက်ကလေးသည် လည်း ထာဝစဉ်အိပ် ပျော်သွားပါပြီ။ ကျွန်တော်တို့သည် သူချန်ထားသောပုံရိပ်များဖြင့် အနုပညာတစ်မျိုး၊ လူ့ဘဝ၏အချို့ကိစ္စရပ်များကို စဉ်းစားဆင်ခြင်နိုင်ပေသည်။ ထိုကဲ့သို့ဖြင့် ကျွန်တော်တို့ကို အဖော်ပြုပေးခဲ့ သည့်အတွက်လည်း ကျွန်တော် တို့က အလွန်ကျေးဇူးတင်လှပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006