ကျွန်တော် ယူနန်ပြည်နယ်သို့ ယခုလို ရောက်ရှိလာခြင်း

2018-01-22 18:10:33 |သတင်းအရင်းအမြစ် 云桥网

သူသည် အရပ် ၁.၈ မီတာမြင့်ပြီး ၇၆ နှစ်အရွယ်ရှိကာ မုတ်ဆိတ်မွေးနှင့် ဆံပင်များဖြူနေလေပြီ။ ရယ်ပြုံးလျှင် အမြဲတမ်းကြင်နာသဘောကောင်းပုံပေါက်သည်။ သူ့အမည်သည် Corrado Politi ဟုခေါ်ပြီး အီတလီနိုင်ငံမှ ရောက်ရှိလာခြင်းဖြစ်ပါသည်။ သူသည် ယူနန်နှင့်အလွန်ရေစက်ပါသည်။

Corrado Politi သည် ခရီးသွားလည်ပတ်ချင်သူတစ်ဦးဖြစ်ရာ တစ်ကမ္ဘာလုံး သူ့ခြေရာ များ ကျန်ရစ် ခဲ့ပါသည်။ သူယူနန်သို့ မရောက်မီ တရုတ် နိုင်ငံသို့ အကြိမ်ပေါင်း ၂ဝ ကျော် ရောက်ခဲ့ဖူးသည်။

“Corrado Politi နှင့် ယူနန်ရေစက်ဆုံခြင်းမှာ ကျွန်တော်စိတ်ဆိုးခဲ့ ဖူးသည့် အကြောင်း အရာလေး တစ်ခုမှ စတင်လာခြင်းဖြစ်သည်။” ဟု ယူနန်ပြည်နယ်ရှိ နာမည်ကျော်ခရီးသွား လိုက်စားသူ ဟွမ်တာရှန်း က ယခုလိုပြော ခဲ့ပါသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းပြပွဲ ကို ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံခရီး သွားလုပ်ငန်း ဆိုင်ရာ သုတေသနပြုရေးဌာနမှ နိုင်ငံခြားသား အကြံပေးဖြစ်သော Corrado Politi သည် ပြပွဲအတွင်းရှိ ယူနန်ပြခန်းအတွင်းပြသထားသော ပန်းဖြင့် စီမံပြုလုပ်ထားသည့် ဆင်ရုပ်ပုံနှင့်အဆိုကျော်ထန်ကျင်း သီဆိုပြသော“ထမင်းစားပွဲတန်းကြီး” MTV ကို တွေ့မြင် ကြည့်ရှုခဲ့ရရာ လွန်စွာ စိတ်ဝင်စား နှစ်သက်ခဲ့သည်။ “ယူနန်ရောက်ဖူးသလား”ဟုကျွန်တော် က သူ့ကို မေးရာသူက“မရောက်ဖူးသေးဘူး” ဟု ဖြေပါသည်၊“ယူနန်ကို မရောက်ဖူးရင် တရုတ်ပြည်ကို ရောက်ဖူးတယ်လို မဆိုနိုင်ဘူး” ဟု ကျွန်တော်က ပြောလေရာ သူက ချက်ချင်း စိတ်ဆိုးသွားသည်။ မကြာခင်က သူက ကျွန်တော်၏ ရုံးခန်းသို့ ရောက်ရှိလာခဲ့ပြီး “မင်းပြောလို့ ငါစိတ်ဆိုးပြီး အခုလို ရောက်ရှိလာတာ”ဟု သူက ပြောသည်။

ယူနန်ကို ရောက်လေတော့သူသည် တောင်ဘက်ပိုင်းက ရောင်စုံတိမ် တိုက်များဟု တင်စားခေါ်ဝေါ်ကြသည့် ယူနန်ကို ချက်ချင်းနှစ်သက်စွဲလမ်းသွားခဲ့ပါသည်။ “ယူနန်က တောတောင်ရေမြေ သဘာဝအခြေအနေဟာ ကျွန်တော်ရဲ့ ဇာတိအခြေအနေနဲ့ သိပ်တူ တာပဲ။ ရှုခင်း အလွန်သာယာလှပ ပြီး တိုင်းရင်းသားလူမျိုးစု ယဉ်ကျေးမှုလည်း အလွန် နက်ရှိုင်းများပြားတယ်။ ကျွန်တော်ဟာ ဒေသခံအရပ်သားတွေနဲ့ ဘာသာစကား မပေါက်ပေမယ့် သူတို့ ပျူပျူငှာငှာ ဧည့်ခံကြိုဆိုတာကို ခံစားရပါတယ်” Corrado Politi က ပြောပြသည်။ နောက်ပိုင်းတွင် သူသည် ယူနန်ခရီးသွားလုပ်ငန်းကို ကြော်ငြာသူ တစ်ဦးဖြစ်လာပြီး ယူနန်၏ တောတောင်ရေမြေနေရာအနှံ့သို့ ရောက်ရှိခဲ့ကာ မိတ်ဆွေ များစွာလည်း ဖွဲ့ခဲ့ပါသည်။ ယူနန်၏ ရိုးရာအစားအစာများကိုလည်း စားသောက်ခဲ့သည်။ ဤသို့ဖြင့် ယူနန်သူယူနန်သား ထက်ပင် ယူနန်အကြောင်း သိကျွမ်းသူတစ်ယောက် ဖြစ်လာပါသည်။ “သူအကြိုက်ဆုံးယူနန်အစားအစာသည် ကြက်သားပေါင်း (yunnan-style steamed chicken) ဖြစ်ပြီး သူ၏ဖွားဖွားချက်ပြုတ်သည့် အရသာကို အောက်မေ့သတိရ စေသည်”ဟု သူက ပြောပါသည်။

၂ဝ၁၃ ခုနှစ်တွင် Corrado Politi သည် ယူနန်ပြည်နယ်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၏ ဖိတ်ကြားချက်အရ နိုင်ငံတကာ အရောင်းမြှင့်တင်ရေး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ထိုအဖိုးအို၏ မိတ်ဆက်ပေးခြင်းကြောင့် စပိန် နိုင်ငံ University Rovira I Virgili နှင့် ယူနန်ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်တို့ အကြား ဆက်ဆံရေးပြုနိုင်ခဲ့သည်။ “ကျွန်တော်ဟာ အားလုံးက ယူနန်အကြောင်းကို သိရှိနိုင်ဖို့နဲ့ လ့လာနိုင်ဖို့၊ ယူနန်ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် တိုးတက်လာရေး အတွက် အကြံပြုချက်ကောင်းများပေးနိုင်ဖို့၊ ယူနန်၏ခရီးသွားလုပ်ငန်း ပိုမိုအဆင်ပြေစွာ တိုးတက် လာရေးအတွက် လမ်းညွှန်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” အဖိုးအိုက ပြောကြား၏။

Corrado Politi ၏ခြေရာများသည် ဤနေရာများတွင် အဆုံးသတ်ခြင်းမဟုတ်ပါ။ သူ သည် ယူနန်မှတစ်ဆင့် အရှေ့တောင်အာရှအထိ သွားရောက်လည်ပတ်နိုင်ရန် ဆန္ဒ္ဒရှိပါသေး သည်။ ယခုနှစ်အတွင်း ဤအဖိုးအိုသည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် အစီ အစဉ်ရှိကြောင်းသိရပါ သည်။ Corrado Politi က “အရှေ့တောင်အာရှဟာ ဆွဲဆောင်မှုရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။ ကျွန်တော်ဟာ မြန်မာနိုင်ငံကို သွားရောက်လည် ပတ်ဖို့ အစီ အစဉ်ရှိပါတယ်။ တစ်ချိန်တည်းမှာ ယူနန်အကြောင်းကိုလည်း မိတ်ဆက်ပေးသွားမယ်”ဟု ပြောကြားသည်။။