(၅)ကြိမ်မြောက် အရှေ့တောင်အာရှ-တောင်အာရှကုန်စည်ပြပွဲ လာမည့်ဇွန်လတွင် ကျင်းပမည်

2018-05-07 17:43:41 |သတင်းအရင်းအမြစ် 云桥网

(၅)ကြိမ်မြောက် အရှေ့တောင်အာရှ-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၅)ကြိမ်မြောက် တရုတ်ကူမင်းမြို့ သွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲအား ၂၀၁၈ ခုနှစ် ဇွန်လ(၁၄)မှ (၂၀)ရက်နေ့ အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှ-တောင်အာရှကုန်စည်ပြပွဲသည် တရုတ်နိုင်ငံကုန်သွယ်ရေးနှင့်စီးပွားရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့မှ အတူပူးတွဲ၍ ဦးစီးကျင်းပခြင်းဖြစ်ပြီး တောင်အာရှနိုင်ငံအသီးသီး၏ စီးပွားရေးဌာနများကို ဖိတ်ကြားကာ အထောက်အကူပြု ကျင်းပသည့် ဘက်စုံသော ကုန်စည်ပြပွဲတစ်ခုဖြစ်သည်။ ထို့အတူ ကူမင်းမြို့ သွင်းကုန် ပို့ကုန်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံကုန်သွယ်ရေးနှင့်စီးပွားရေးဝန်ကြီးဌာနနှင့် ယူနန်၊ စီချွမ်း၊ ချွန်ချင်း၊ ကွေကျိုး၊ ကွမ်ရှီး၊ တိဗက်နှင့် ချင်တူး စသည့်ပြည်နယ်နှင့်မြို့တို့၏ ဒေသခံအစိုးရတို့မှ ပူးတွဲကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ ဌာနများစွာက ပါဝင် ထောက်ပံ့ကူညီများဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ယခုနှစ် အရှေ့တောင်အာရှ-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၅) ကြိမ်မြောက် တရုတ် ကူမင်းမြို့သွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲ၏ ပြခန်းအကျယ်အဝန်းသည် (၁.၉)သိန်း စတုရန်း ကီလိုမီတာရှိပြီး အစည်းအဝေးပွဲများ၊ လှုပ်ရှားမှုများ စသည့်အစီအစဉ်များလည်း အဆိုပါ ကုန်စည်ပြပွဲ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တချိန်တည်းတွင် ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှ-တောင်အာရှမှနိုင်ငံနှင့် ဒေသ(၈၀)ကျော်တို့သည် အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006