နိုင်ငံခြားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရင်းဖြင့် မိတ်ဆွေများတိုးပွားပြီး ယူနန်ကို နားလည်သိရှိ

2018-05-31 19:19:22 |သတင်းအရင်းအမြစ် 云桥网

အားကစားလှုပ်ရှားမှုဖြင့် ဖလှယ်ရေးနှင့် နားလည်မှုကိုမြှင့်တင်ပေး နိုင်သည့်အပြင် ချစ်ကြည်ရေးကိုလည်း တိုးပွားစေနိုင်သည်။ ၂၀၁၈ ခုနှစ် ဒုတိယအကြိမ်မြောက် လန်ချန်းမြစ်-မဲခေါင်မြစ် တက္ကသိုလ် ကျောင်းသူကျောင်းသား ချစ်ကြည်ရေးအားကစားပြိုင်ပွဲနှင့် စတုတ္ထ အကြိမ်မြောက် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ တက္ကသိုလ် ကျောင်းသူကျောင်းသား ယဉ်ကျေးမှုနှင့် အားကစားလှုပ်ရှားမှု ဖလှယ် ရေးရက်သတ္တပတ်အစီအစဉ်ကို မေလ(၂၁) ရက်နေ့မှ (၂၈)ရက်နေ့ထိ ကူမင်းသိပ္ပံနည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အိန္ဒိယ၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ နှင့် မလေးရှားစသည့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်ပြည်တွင်းတို့မှ တက္ကသိုလ်ကျောင်း(၂၈)ခု၏ ပြိုင်ပွဲဝင်အဖွဲ့ (၂၉)ခုမှ လူငယ်ကျောင်းသူကျောင်းသား (၅၀၀)ကျော်သည်  အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ စသည့်ပြိုင်ပွဲ(၃)ပွဲကို ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း၊ ယဉ်ကျေးမှုဖလှယ်ရေးလေ့လာမှုကိုလည်း ဆင်နွှဲခဲ့ ကြကြောင်း သိရသည်။

ပြိုင်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကြပြီးနောက် ကျုံနန်တက္ကသိုလ်နှင့်  ကူမင်းသိပ္ပံနည်းပညာတက္ကသိုလ်တို့သည် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတို့ တွင် ချန်ပီယံဆု အသီးသီး ဆွတ်ခူးရရှိကြောင်း၊ ဘောလုံးပြိုင်ပွဲတွင် ဗီယက်နမ်ဟနွိုင်အားကစားနှင့် ဆရာအတတ်သင်တက္ကသိုလ်မှ ချန်ပီယံဆုကို ဆွတ်ခူးရရှိကြောင်း သိရသည်။

တတ်ကျွမ်းမှုပညာကို လေ့လာဆွေးနွေးခြင်းဖြင့် အရည်အချင်း မြှင့်တင်

စင်္ကာပူအမျိုးသားတက္ကသိုလ် တတိယနှစ်ကျောင်းသား နင်အန်၊ ဟွေယွီ--

ဒီနှစ် ကူမင်းကို နောက်တစ်ခေါက် ပြန်ရောက်လာတယ်။ တရုတ်သူငယ်ချင်းတွေနဲ့ အတူပါဝင်ယှဉ်ပြိုင်ပါတယ်။ ကိုယ်စွမ်းကိုယ်စနဲ့ ယှဉ်ပြိုင်ရင်း ဘော်လီဘောတတ်ကျွမ်းမှုပညာကို ဖလှယ်ဆွေးနွေးနိုင်ခဲ့တယ်။ အရမ်းအားတက်မိပါတယ်။

အိန္ဒိယကာလတ္တားအပြည်ပြည်ဆို်င်ရာ စီမံအုပ်ချုပ်မှုကောလိပ်မှ ဦးဆောင်သူ Roma Puri--

ဒါက ထူးခြားတဲ့ မမေ့နိုင်တဲ့ အတွေ့အကြုံဖြစ်တယ်။ ကျွန်တော်တို့ကျောင်းရဲ့ အမျိုးသားဘော်လီဘောအဖွဲ့ဟာ နိုင်ငံရပ်ခြားမှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်တာဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့မှာ လူငယ်တွေများလို့ ကျွန်တော်တို့အဖို့ အလွန်ကောင်းတဲ့ အခွင့်အရေးဖြစ်ပါတယ်။ နောက်တစ်ခေါက် ဒီထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။

ကူမင်းသိပ္ပံနည်းပညာတက္ကသိုလ်ဒုတိယနှစ်ကျောင်းသား လီယွချင်၊ ရှူနော်--

ဒီလိုမျိုးလှုပ်ရှားမှုကို ကျွန်မတို့ကျောင်းမှာ ကျင်းပနိုင်တဲ့အတွက်  အရမ်းဝမ်းသာမိပါတယ်။ အားကစားလှုပ်ရှားမှုအတန်းမှာ ဒီလိုဖလှယ်ရေးတွေကတစ်ဆင့် လေ့လာဆွေးနွေးရင်းကနေ ကျွမ်းကျင်မှုလည်း မြှင့်တင်လာစေပါတယ်။

မိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံရင်း ဖွံ့ဖြိုးမှုကို အားပါးတရ ဆွေးနွေး 

စင်္ကပူအမျိုးသားတက္ကသိုလ်မှ ဦးဆောင်သူ ဆရာမော--

ကျွန်တော်တို့ကျောင်းက ဘောလုံးပြိုင်ပွဲအဖွဲ့ကို ဒုတိယအကြိမ် စေလွှတ်ခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရတဲ့အပြင်  တရုတ်ယဉ်ကျေးမှုကို လေ့လာခဲ့ရတယ်။ ဆွဲဆောင်မှု တအားရှိတယ်။ ကူမင်းရဲ့စားကောင်းသောက်ဖွယ်တွေလည်း မြည်းစမ်းကြည့်ပါတယ်။  ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေက လွန်ခဲ့တဲ့နှစ်က ပြိုင်ပွဲကို ပါဝင်တက်ရောက်ခဲ့ပြီး ချစ်မိတ်ဆွေတွေနဲ့လည်း ဆုံစည်းကြရတယ်။ သူတို့တွေနဲ့ Facebook ကနေတဆင့် မကြာခဏဆိုသလို ဆက်သွယ်လေ့ရှိပါတယ်။

လာအိုနိုင်ငံ Souphanouvong University ကျောင်းသူကျောင်း သားရေးရာရုံးမှ ဌာနမှူး Phetsamone--

ပထမအကြိမ်မှစပြီး ကျွန်တော်တို့ကျောင်းဟာ ဒီလှုပ်ရှားမှုကို ဆက်တိုက်ပါဝင်ဆင်နွှဲလျက်ရှိပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့ ကျောင်းသူကျောင်းသားတွေအဖို့ အခွင့်အရေးကောင်းရှိတဲ့ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲဖြစ်တယ်။ နိုင်ငံအသီးသီးမှ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့ အချင်းချင်း လေ့လာလို့ရတဲ့ အခွင့်အရေးတွေရှိပြီး အတူတူ ပေါင်းသင်းဆက်ဆံလို့ရကြတယ်။ ဒါ့အပြင်၊ ဒီလှုပ်ရှားမှုကတစ်ဆင့် ကျွန်တော်တို့ တက္ကသိုလ်ဟာ ကူမင်းသိပ္ပံနည်းပညာတက္ကသိုလ် စတဲ့တက္ကသိုလ်တွေနဲ့ လူတော်မွေးထုတ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် သဘောတူညီချက်များစွာ ရရှိခဲ့တယ်။ ဒီလှုပ်ရှားမှုမှာလည်း ခရီးပိုရောက်စေနိုင်ပါတယ်။

တရုတ်ပြည်ကို လေ့လာသိရှိဖို့ အိပ်မက်က အကောင်အထည်ပေါ်လာ
Rajamangala University of Technology Isan မှ ဦးဆောင်သူ  Numphon Thaiwong--
 နှစ်စဉ်ကျင်းပတဲ့ လန်ချန်းမြစ်-မဲခေါင်မြစ် တက္ကသိုလ်ကျောင်းသူကျောင်းသား ချစ်ကြည်ရေးအားကစား လှုပ်ရှားမှုကို ပါဝင်ဆင်နွှဲနိုင်ဖို့ ကျောင်းသူကျောင်းသားများစွာက မျှော်လင့်ကြတယ်။ ကျွန်တော်တို့က လူသစ်တွေကိုရွေးချယ်ပြီး ပါဝင်ယှဉ်ပြိုင်လေ့ရှိတာကြောင့် ကျောင်းသူကျောင်းသားများစွာက ယူနန်ကို ရောက်ရှိလေ့လာစေနိုင်တယ်။ တရုတ်ပြည်ကိုလည်း သိရှိစေနိုင်တယ်။

Rajamangala University of Technoloogy Lanna မှ ဦးဆောင်သူ  Sittisak Yeeyoun --

ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ပြီးနောက် ကျွန်တော်တို့ တရုတ်ကျောင်းသူကျောင်းသားတွေနဲ့ ပိုမိုရင်းနှီးလာတယ်။  ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်တဲ့ ကူမင်းသိပ္ပံနည်းပညာတက္ကသိုလ်မှ အဖွဲ့ဝင်တွေဟာ အရမ်းတော်တယ်။ ကျွန်တော်တို့ သင်ယူစရာတွေကို အများကြီးတွေ့ရတယ်။ နောက်ပြီး သင်ကြားလေ့လာတဲ့နေရာမှာ  တရုတ်ကျောင်းသူ ကျောင်းသားတို့ရဲ့ ကြိုးစားမှုကို တွေ့ရှိပါတယ်။ ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေက ယူနန်ကို နောက်တစ်ခေါက် ပြန်ရောက်နိုင်ဖို့ မျှော်လင့်ကြတယ်။ တချို့ကတော့ ကူမင်းမှာ အနာဂတ်မှာ ပညာလာရောက်သင်ယူနိုင်ဖို့ မျှော်လင့်နေတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006