တရုတ်နိုင်ငံ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကို ဝိုင်းဝန်းဖော်ဆောင်ရန်လည်းကောင်း၊ တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများသို့ မျက်နှာပြုကာ ကျယ်ပြန့်စွာအကျိုးပြုမှုစင်တာတည်ဆောက်ရေးကို တွန်းတင် ရန်လည်းကောင်း ယူနန်ပြည်နယ်သည် အတူအောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းကို တက်ကြွစွာ တည်ဆောက်လျက်ရှိနေပါသည်။
တရုတ်-တောင်အာရှကုန်စည်ပြပွဲသည် တရုတ်နိုင်ငံနှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံနှင့်ဒေသတို့ အတူအကျိုးကောင်းရရှိသော၊ အတူအောင်မြင်သော ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုဖလှယ်ရေး ပလက်ဖောင်း ဖြစ်လာပါသည်။ တံခါးဖွင့်လှစ်မှုစမ်းသပ်ဇုန်၊ နယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ နယ်ခြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ အထွေထွေအခွန်လွတ်ဇုန်စသည့် နယ်စပ်ဒေသတစ်လျှောက် တံခါးဖွင့် လှစ်မှုစီးပွားရေးအသိုက်အဝန်းကို ဘက်စုံမှ ဖော်ဆောင်လျက်ရှိသည်။
စီးပွားရေး၊ ကျန်းမာရေး၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားလှုပ်ရှားမှုစသည့် အများပြည်သူဝန်ဆောင်မှု ပလက်ဖောင်းကို တည်ဆောက်နေပါသည်။ လူတော်မွေးထုတ်ရေးအခြေခံစခန်း၊ ဆေးကုသရေးအခြေခံစခန်း၊ သိပ္ပံနည်းပညာတီထွင်ဆန်းသစ်မှုအခြေခံ စခန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးစင်တာကို ထူထာင်ထားပါသည်။ အတူလက်တွဲပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်မှုများစွာ မျှဝေကြပါစို့။