အနှစ်(၄၀)အတွင်း မွှေးပွသောပေါက်စီကို ရိုးရာချက်နည်းအတိုင်း ချက်ပြုတ်ရန် ကူမင်းရပ်သားဝမ်ယူသည် ကြိုးပမ်းလျက်ရှိ

2018-07-12 18:02:55 |သတင်းအရင်းအမြစ် 云桥网

မွှေးပွသောပေါက်စီဆိုသည်မှာ ကူမင်းရပ်သူရပ်သားတို့ ကြိုက်နှစ်သက်သော စားကောင်းသောက်ဖွယ်ဖြစ်သည်။ အသားလုံးတစ်လုံး၊ မှိုဖြင့် လုပ်ထားသော ဌာပနာဖြစ်စေ၊ ဝက်ပေါင်ခြောက်၊ သကြားနှင့်မြေပဲလုပ်ထားသော ဌာပနာဖြစ်စေ စားသည့်အခါ မွှေး၍ ပွသည်။

ပေါက်စီတစ်လုံး ဘယ်လောက်လေးသလဲ။ သာမန်လူအတွက် ပေါက်စီ တစ်လုံးနှစ်လုံးကို ဂရုစိုက်မည် မဟုတ်ပေ။ သို့သော်လည်း ဟွေရှန်ရှီစားသောက်ဆိုင်၏ ပေါက်စီဆရာ ဝမ်ယူအတွက် ပေါက်စီတစ်လုံးမှာ အနှစ်(၄၀)အတွင်း ကြိုးပမ်းမှုကို ထင်ဟပ်နေပါသည်။

အသက်(၆၀)ပြည့်တော့မည့် ပေါက်စီဆရာသည် အသက်(၁၇)နှစ်မှစ၍ ပေကျင်းစားသောက်ဆိုင်တွင် တပည့်ခံအလုပ်လုပ်ခဲ့သည်။ ဂျုံမှုန့်၊ တဆေးနှင့် အမြဲ ချက်ပြုတ်ရပြီး နုပျိုသောအရွယ်က မီးဖိုဆောင်တွင်သာ အချိန်ကုန်ခဲ့ပါသည်။ သူချက်ပြုတ်သည့်ပေါက်စီသည် အခြားလူတို့ ချက်ပြုတ်သည့်ပေါက်စီနှင့် မတူပေ။ ဒေသအသီးသီးမှ ဧည့်သည်များအတွက် ကူမင်းရောက်လျှင် သူ့ချက်ပြုတ်သည့်ပေါက်စီကို မရှိမဖြစ်စားရမည်ဟု အင်တာနက်တွင် အကြံပေးထားပါသည်။ သူ့ပေါက်စီကြောင့် ဟောင်ကောင်မှ ဧည့်သည်တစ်ဦးသည် ကူမင်းကို ထပ်ခါထပ်ခါလာရောက်ပြီး အိမ်ပြန်သည့်အခါ တကူးတက ပေါက်စီကို ထုပ်ယူသွားသည်။ ထို့ထက်မက ပေါက်စီဆရာ ဝမ်ယူထံ တပည့်ခံရန် တောင်းဆိုခဲ့သည်။ နူးညံ့သိမ်မွေ့စွာ ငြင်းပယ်ခြင်း ခံရပြီးနောက် ဤဧည့်သည်သည် ဝမ်ယူရှိသော မီးဖိုဆောင်တွင် တစ်နေ့လုံး လက်တွေ့လေ့လာခဲ့ပါသည်။

အဆက်မပြတ် ချီးမွမ်းခြင်းနှင့် စားသုံးသူတို့ ကြိုက်နှစ်သက်မှု များစွာ ရရှိစေကာမူ ပေါက်စီဆရာ ဝမ်ယူက စိတ်ထားနှိမ့်ချ၍ ဖော်ဖော်ရွေရွေရှိပါသည်။ "အလုပ်လုပ်နိုင်တဲ့နေ့ထိ ပေါက်စီကို ဆက်လက်လုပ်သွားရမယ်။ ဧည့်သည်တွေက ပေါက်စီဝယ်ဖို့ လာကြတာပဲ။ ကောင်းကောင်းမှလုပ်မပေးနိုင်ရင် အားနာစရာပါပဲလေ။"ဟု သူက ပြောပြသည်။ ကျွန်မတို့ သတင်းဗီဒီယို မရိုက်ကူးခင် ပေါက်စီဆရာ ဝမ်ယူက မိမိအလုပ်လုပ်ခန်း၏ တစ်စိတ်တစ်ပိုင်းကို ပြင်ဆင်မွမ်းမံနေလျက်ရှိပါသည်။

ဗီဒီယိုဖြင့်ရိုက်ကူးတင်ဆက်ထားသည့် ပေါက်စီဆရာ ဝမ်ယူ၏ ပေါက်စီပြုလုပ်နည်းကို အတူလေ့လာကြရအောင်။(သတင်းထောက်-Han Chengyuan၊ Li Wenjun)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006