“မင်း ဘာဖြစ်လို့ ဆံပင်ကို တစ်ဝက်ပဲ ဖြီးတာလဲ။ ဘာဖြစ်လို့ မျက်နှာတစ်ဝက်ပဲ သစ်တာလဲ။ ဘာဖြစ်လို့ လက်တစ်ဝက်ကအဖြူ၊ တစ်ဝက်ကအမည်း ဖြစ်နေတာလဲ” …… အသက် (၅၃)နှစ်ရှိပြီဖြစ်သည့် ဟော်ကျင်မေသည် ကောင်းကင်ပေါ်ရှိနေဗိမာန်ကို ခန့်ညား တည်ကြည်စွာ မော်ကြည့်ကာ နားဝင်ချိုလှသော တေးသီဆိုသံက နားထောင်သော ပရိသတ်များအား စိတ်ခံစားထိခိုက်မိကာ မျက်ရည်ကျစေသည်။ တိဗက်လူမျိုးအတွက် မဟာအက်ပစ်ကဗျာ “King Gesar” ကို ဖော်ကျူးတေးဆိုသည့်အခါတိုင်း ဒေသခံဖြစ်စေ၊ ခရီးသည်ဖြစ်စေ နားထောင်သောပရိသတ်တို့သည် လေးနက်စွာ လှိုက်လှိုက်လှဲလှဲ ရှိကြသည်။
“King Gesar” သည် တိဗက်လူမျိုးတို့၏ မဟာအက်ပစ်ကဗျာ ဖြစ်သည်။ ကြာမြင့်သော သမိုင်းတစ်လျှောက်တွင် ဤကဗျာသည် နှုတ်တိုက်သင်ပေးသည့်နည်းလမ်းဖြင့် တိဗက်ဒေသတွင် တွင်ကျယ်စွာ ဖြန့်ဝေလျက် ရှိနေခဲ့သည်။ တဖြည်းဖြည်းချင်းနှင့် အနုပညာတစ်မျိုးအနေဖြင့် တမူထူးခြားသော “ဖော်ကျူးတေးဆိုခြင်း” တင်ဆက်မှုနှင့် ဖြန့်ဝေခြင်းနည်းလမ်း ဖြစ်ပေါ်လာသည်။ သို့သော်လည်း ယခု ယူနန်ပြည်နယ် တီချင့်ပြည်နယ်ခွဲတွင် “King Gesar” ဖော်ကျူးတေးဆိုမှုအနုပညာသည် ပျောက်ကွယ်တော့မည့်အန္တရာယ်ကြုံတွေ့နေသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်လာသည်။ “King Gesar” ဖော်ကျူးတေးဆိုမှုကို တတ်ကျွမ်းသော ဆက်ခံသူလည်း အနည်းငယ်သာ ရှိတော့ပါသည်။
“အသက်(၁၄)နှစ်မှစပြီး “King Gesar” ဖော်ကျူးတေးဆိုမှုအနုပညာကို စတင်ခဲ့တာ။ ဒီလိုအကြောင်းကြားရတာဟာ ကျွန်မစိတ်ကို ထိခိုက်စေတယ်။ လေးလေးနက်နက် ချစ်လို့ ဖော်ကျူးတေး သီဆိုခဲ့တယ်။ ကျွန်မ ဒီအနုပညာကို ဆက်လက် သင်ကြားလျက်ရှိနေပါတယ်။ အခုကတော့ (၅၂)ပုဒ်ကို အကုန်လုံး ဆိုတတ်နေပါပြီ။ ကျွန်မ အမြဲ တေးဆိုသွားမယ်။ King Gesar ပုံပြင်ကို အဆက်ဆက် ဆက်ခံနိုင်စေရမယ်။”ဟု ဟော်ကျင်မေက ပြုံးပြုံးလေးဖြင့် ပြောပြပါသည်။ အနုပညာ ဆက်ခံနိုင်သည့်အတွက် နှစ်ခြိုက်သည့်အပြင် စွဲစွဲမြဲမြဲ ကြိုးစားရဦးမည်ဖြစ်သည်။ ကျွမ်းကျင်စွာ သင်ယူနိုင်ရန်အတွက် ဟော်ကျင်မေသည် အားလပ်သည့်အချိန်တွင် အမြဲတမ်း သင်ယူလေ့ကျင့် သီဆိုပါသည်။
နေရောင်ခြည်သည် ပြာလဲ့လဲ့ကောင်းကင်မှ အရောင်ကွာခြားချက် ထင်ရှင်းသော တိဗက်သစ်သားအဆောက်အအုံရှေ့တွင် တိုးဝင်လာသည်။ ဆန်းတင့်ဝေဆာလှသော ထာချန်ခရိုင်ယဉ်ကျေးမှုကို ခံစားနိုင်ပါသည်။ ဤအဓိပ္ပာယ်လေးနက်သော တေးဆိုမှုတွင် နစ်မျော်နေသောကြောင့် “King Gesar” ဖော်ကျူးတေးဆိုမှုအနုပညာကို ဘိုးစဉ်ဘောင်ဆက် ဆက်ခံနိုင်လိမ့်မည်ဖြစ်သည်။
(ယူနန်နေ့စဉ်သတင်းစာ သတင်းထောက် -- Zhang Ruogu၊ Xiong Yan၊ Chu Donghua၊ Li Wenjun)