“ဖေဖေမေမေက သမီး(၅)ယောက်မွေးထားတယ်။ ကျွန်မက အကြီးဆုံးသမီးဖြစ်တယ်။ ငယ်စဉ် ကစပြီး ဖေဖေမေမေက ကျွန်မအတွက် တောင်းဆိုချက်တစ်ခုပဲရှိတယ်။ ဒါက တိဗက်တိုင်းရင်းသား ရိုးရာဝတ်စုံချုပ်တာပါ။ တကယ်ပြောရင် ဒါကလည်း ကျွန်မအကြိုက်ဆုံးကိစ္စ ဖြစ်တယ်လေ။”
အဆိုပါစကားသည် ယူနန်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စီမံကိန်းဖြစ်သော တိဗက် တိုင်းရင်းသားရိုးရာဝတ်စုံ ချုပ်လုပ်ရေးအနုပညာဆက်ခံသူ ကျော်မာ၏ရင်တွင်းစကားဖြစ်သည်။ ကျွန်တော်တို့၏သတင်းထောက်တို့သည် နံနက်စောစောစီးစီးတွင် ကျော်မာ၏ အိမ်တည်ရှိရာ ယူနန် ပြည်နယ် တီကျင့်တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ သခင်ခရိုင်၏ ပင်ကျီလန်မြို့နယ်သို့ ရောက်ရှိ ကြသည်။ သူမ၏ အလှပြင်ဆင်ဝတ်ဆင်ထားသော ခရမ်းရောင် တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံက ကျွန်တော်တို့၏မျက်စိကို ဆွဲဆောင်နေသည်။ ၎င်းအင်္ကျီအပေါ်တွင် ရွှေချည်ဖြင့် ပန်းပုံကိုထိုးထားပြီး အလွန်သေသပ်ချောမွေ့လှပသည်။
ကျော်မာသည် အသက်(၁၅)နှစ်မှကတည်းက တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံချုပ်လုပ်ခြင်းကို သင်ကြားခဲ့ကာ (၁၀)နှစ်အကြာတွင် သူမဘဝထဲတွင် ပထမဆုံးဝတ်စုံကို ကိုယ်တိုင်ချုပ်လုပ်သည်။ ယခုအချိန်တွင် သူမသည် အသက်(၅၅)နှစ်ရှိပြီး မိမိ၏ တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံ အလုပ်ရုံလည်း ဖွင့်လှစ်ထားကာ သူတို့ချုပ်ထားသည့်တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံကို ဒေသခံများအကြားနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် ရေပန်းစားလျက်ရှိနေသည်။
“တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံက လက်မှုအနုပညာနဲ့လုပ်ရတယ်။ အမျိုးသမီးတို့ရဲ့အင်္ကျီက အလုပ်ပိုမိုရှုပ်ထွေးတယ်လေ။ လူငယ်၊ အသက်(၃၀)-(၄၀)အမျိုးသမီနဲ့ လူကြီးတွေဝတ်တဲ့ ၀တ်စုံပုံစံ တွေက မတူပါဘူး။ ပြီးနောက် အဝတ်ထည်နဲ့ အလှဆင်ပစ္စည်းလည်း အရေးကြီးပါတယ်။ တစ်ယောက် တည်းချုပ်ရင် (၁၀)ရက်ကျော်အချိန်ယူရတယ်”ဟု ကျော်မာသည် ကျွန်တော်တို့အား မိတ်ဆက်ပေးခဲ့ သည်။ သူမသည် တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံဆိုင်ရာအကြောင်းပြောရင်း ပျော်ရွှင်စွာပြုံးနေရာ အနားရှိသူများကိုလည်း ဝမ်းသာခြင်းကူးစက်စေသည်။
ပင်ကျီလန်မြို့နယ်၏ တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံသည် အရောင်တောက်ပရွှန်းတင့်ပြီး အလှဆင် ပစ္စည်းများကိုလည်း သင့်တော်စွာ ဖက်စပ်ပေးထားသည်။ တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံ၏ ပုံစံကို ဆက်ခံပြီး တချိန်တည်းတွင် ခေါင်းပေါင်းနှင့် အတွန့်တွန့်အလိပ်လိပ်ချုပ်ထားသည့် ဂါဝန်စသည့် ပင်ကျီလန်၏ ဒေသခံထူးဆန်းချက်ရှိသောစတိုင်းလ်လည်း ပေါင်းစပ်ထားသည်။
တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံသည် ယခုခေတ်အထိ တိဗက်တိုင်းရင်းသားလူမျိုး၏ နေထိုင်မှုဘဝတွင် အရေးပါနေသေးပြီး လူတိုင်းအနည်းဆုံး တစ်စုံရှိရမည်ဖြစ်ကာ သုမင်္ဂလာဒုမင်္ဂလာကိစ္စ၊ နှစ်သစ်ကူး စသည့်ပွဲတော်ထောပနာပြုပွဲ၊ ကောကျွမ်းအက ( တိဗက်တိုင်းရင်းသားလူမျိုး၏ အကကြီး(၃)မျိုးထဲတွင် တစ်မျိုးဖြစ်သည်) တို့တွင် တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံကို ဝတ်ဆင်ကြရသည်။ သို့ရာတွင် ချုပ်ပုံ ချုပ်နည်းဆက်ခံသူ ပျောက်ကွယ်လုနီးနီး ဖြစ်နေရသည့် အခက်အခဲကို ကြုံတွေ့ခဲ့ဖူးသည်။ “ကျွန်မ အဖေက တွန်ကျူလင်တိဗက်ဗုဒ္ဓဘာသာဘုရားကျောင်းရဲ့ အကကဖို့ အဝတ်အစားချုပ်တဲ့ဖိတ်ကြားစာ ကို လက်ခံ တဲ့အခါ သူက ဒေသခံနေရာမှာ တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံကို ချုပ်တတ်တဲ့ တစ်ယောက်တည်း သောသူဖြစ်နေတယ်”ဟု ကျော်မာမှ ပြောကြားခဲ့သည်။
တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံသည် ကျော်မာကို နက်ရှိုင်းစွာ ဆွဲဆောင်နေပြီး နှစ်ပေါင်းကြာရှည်စွာ ကြိုးစားပြီးနောက် သူမသည် အလွန်ကျွမ်းကျင်လာသည်။ အလွန်ပူအိုက်သော နွေဦးရာသီရော အေးချမ်းသော ဆောင်းရာသီပါ သူမသည် အလုပ်ကြိုးစားလေ့ရှိသည်။
ယခုအချိန်တွင် ကျော်မာသည် သူမဖေဖေ၏ လက်မှုအနုပညာကို ဆက်ခံခြင်းအပြင် သူမ၏ချွေးမလည်း သင်ကြားနေသည်။ သူတို့ချုပ်လုပ်သည့် အင်္ကျီကို လူကြိုက်များလှသည်။
“စက်တင်ဘာလရောက်ပြီ။ ဒါပေမဲ့ အခု အော်ဒါမှာယူမှု အများအပြားကျန်နေသေးတယ်၊ မပြီးသေး ဘူး။ တန်းစီရတဲ့အတွက် ကျွန်မတို့လည်း တော်တော်အားနာပါတယ်”ဟု ကျော်မာ ပြောကြားခဲ့သည်။ သူမ၏ မိတ်ဆက်ခြင်းအရ အလုပ်ရုံတွင် ပုံမှန်တိဗက်တိုင်းရင်းသားအဝတ်အစားနှင့် ပွဲတက်အဝတ် အစားနှစ်မျိုးချုပ်လုပ်နေသည်။ ဈေးနှုန်းလည်း တရုတ်ငွေ ထောင်ချီမှ သောင်းချီအထိ ကွာခြားသည်။ ထို့ပြင်၊ သူမတို့ချုပ်လုပ်ထားသည့် အဝတ်အစားသည် လက်မှုအနုပညာကောင်းမွန်ချောမွေ့မှုကြောင့် ပြတိုက်များကလည်း ၀ယ်ယူထိန်းသိမ်းထားကြသည်။
“အင်္ကျီက လည်ထောင်မပါရင် ဒီလောက်လေးတဲ့အလှဆင်ပစ္စည်း ဝတ်တဲ့အခါ နာမယ်လေ”ဟု ကျော်မာ ပြောကြားခဲ့သည်။ ထို့ကြောင့် သူမသည် ရိုးရာချုပ်ပုံချုပ်နည်းကို ကောင်းမွန်အဆင်ပြေအောင် တီထွင်ပြောင်းလဲပေးခဲ့သည်။ တိဗက်တိုင်းရင်းသားရိုးရာဝတ်စုံကို ယခုအချိန် လည်ထောင်ထည့်ချုပ် ထားသည်။ ရိုးရာတိဗက်ဝတ်စုံ ကြိုးဆွဲရမည့်နေရာသည် သူမလည်း ရုန်းပြန်ကြိုးဖြင့် အစားထိုးဖန်တီး ခဲ့သည်။
မနှစ်က အကကဖို့ ဝတ်သောအဝတ်အစားချုပ်လုပ်ရန် တွန်ကျူလင်တိဗက်ဗုဒ္ဓဘာသာ ဘုရားကျောင်း သည် ကျော်မာကို ဖိတ်ကြားသည်။ အဆိုပါဘုရားကျောင်း၏ အကကရန် အဝတ်အစားလည်း ကျော်မာ၏ ဖေဖေချုပ်လုပ်ထားသည်ဖြစ်သည်။ “ကျွန်မရဲ့တသက်မှာ ကိစ္စတစ်ခုပဲလုပ်တယ်။ ဒါက တိဗက် တိုင်းရင်းသားရိုးရာဝတ်စုံချုပ်လုပ်တာဖြစ်တယ်လေ”ဟု သူမသည် ပြောရင်းပြုံးနေသည်။