ယူနန်ပြည်နယ် ကူမင်းမြို့ ရီလျန်ခရိုင် ကိန်ကျာရင်ရွာ ဟိုဝမ်ကျေးရွာသည် တရုတ်ကျေးရွာမဂ္ဂဇင်းမှ ရွေးချယ်ထားသော “ပထမအကြိမ်တရုတ်လယ်သမား သီးထွက်ပွဲတော်”၏ တမူထူးခြားသောကျေးရွာများတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။
ဟိုဝမ်ကျေးရွာရှိ ရောင်စုံစပါးခင်းတွင် အနက်ရောင်၊ အ၀ါရောင်၊ အဖြူရောင်၊ အစိမ်းရောင်၊ အနီရောင် စသည့်စပါး(၅)မျိုးတို့ကို စိုက်ပျိုးထားပါသည်။ စပါး၏ သဘာဝကျသောအရောင်ဖြင့် လယ်ခင်းတွင် သာယာလှပသော ပန်းချီတစ်ချပ် ဖန်တီးထားပါသည်။ စက်တင်ဘာလ(၂၃)ရက်နေ့သည် “ပထမအကြိမ် တရုတ်လယ်သမား သီးထွက်ပွဲတော်”ကို ကျင်းပမည့်နေ့ရက် ဖြစ်သည်။ အဆိုပါပွဲတော်တွင် စပါးရိတ်သိမ်းခြင်း၊ ငါးဖမ်းခြင်း၊ ပြောင်းဖူးခူးခြင်း၊ ရွှေဖရုံသယ်ဆောင်ခြင်း စသည့်ယှဉ်ပြိုင်လှုပ်ရှားမှုများကို ကျင်းပပေးမည်ဖြစ်သည်။
သတင်းထောက်--Yu Xiaoyue၊ Wang Anhaowei