“ယူနန်၏ တစ်မိနစ်”ဟူသော ဗီဒီယိုလေးမှာ တရုတ်ပြည် တံခါးဖွင့်ပြုပြင်ပြောင်းလဲမှု ပေါ်လစီကျင့်သုံးသည့် အနှစ်(၄၀)ပြည့်ခရီးစဉ်အတွင်း ဖွံ့ဖြိုးတိုးတက်လာသည့် ယူနန်၏ သာယာလှပသော တောတောင်ရေမြေအလှတရား၊ ထွေပြားစုံလင်သော တိုင်းရင်းသားဓလေ့ထုံးစံ၊ သဘာဝအရင်းအမြစ်ပေါများကြွယ်ဝသော ဒေသ၊ တမူထူးခြားသောလုပ်ငန်း၊ မြစိမ်းရောင်စွမ်းအင်၊ တံခါးဖွင့်လှစ်မှုနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး စသည့်အကြောင်းအရာများ ဖော်ပြလိုက်ပြီး “ဆွဲဆောင်မှုရှိသောယူနန်ပြည်နယ်၊ ကမ္ဘာနှင့်အတူ မျှဝေခံစားခြင်း”ဆောင်ပုဒ်ကို အပြည့်အ၀ ထင်ရှားပေါ်လွင်စေပါသည်။
ဤဗီဒီယိုလေးပေါ်တွင် ငွေပန်းတိမ် လက်မှုပစ္စည်းထုတ်လုပ်ခြင်း၊ တာ့လီပိုင်တိုင်းရင်းသားလူမျိုးစုတို့၏ ဆေးထိုးအထည်၊ ရွှေအလင်းရောင်ဖြာနေသည့် မေလီနှင်းတောင်၊ ပျော်ရွှင်ချမ်းမြေ့သော တူလုံတိုင်းရင်းသားတို့၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလမ်းကြောင်း စသည်တို့ဖြင့် ရပ်သူရပ်သားနှင့်အလှတရား၊ ခုန်ပျံကျော်လွှားနေသည့် ဖွံ့ဖြိုးတိုးတက်မှုကို တစ်မိနစ်အတွင်း ဖော်ပြလိုက်ကာ ဤတစ်မိနစ်မှာ ယူနန်၏ တစ်မိနစ်သာဖြစ်ပါသည်။