တယ်ဟုန်ပြည်နယ်ခွဲ တိုင်တိုင်းရင်းသား မီးထွန်းပွဲတော်နေ့ထူးနေ့မြတ်၏ အလှပဆုံး ညရှုခင်း

2018-10-26 18:35:28 |သတင်းအရင်းအမြစ် 德宏广播电视台

တိုင်တိုင်းရင်းသားလူမျိုးစုသည် တယ်ဟုန်ပြည်နယ်ခွဲတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်သော တိုင်းရင်းသားလူမျိုးစုဖြစ်ပြီး သမိုင်းရှည်လျားလှပါသည်။ ယခုအချိန်ထိတိုင် တမူထူးခြားသော ရိုးရာပွဲတော်များစွာကို ထိန်းသိမ်းကာ ဆင်နွှဲလေ့ရှိကြပါသည်။ မီးထွန်းပွဲတော်မှာလည်း ၎င်းအနက် အထူးခြားဆုံးရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။

မီးထွန်းပွဲတော်မှာ ထေရ၀ါဒ ဗုဒ္ဓ​ဘာ​သာ​ယုံကြည်ကိုးကွယ်သည့်အတွက် “အော်ဝါကန်တို”ကာလတွင် မရှိမဖြစ် ကျင်းပဆင်နွှဲသည့်ပွဲတော်ဖြစ်ပါသည်။ ထိုနေ့တွင် မြတ်စွာဘုရားက နတ်ပြည်တွင်တရားဦးဟောပြီး လူပြည်သို့ပြန်လည်ဆင်းသက်သည့်ခရီးစဉ်တွင် ဘာသာတရားသက်ဝင်ယုံကြည်သူတို့သည် မီးထွန်းကာ ကြိုဆိုကြပါသည်။ ယနေ့ခေတ်ကာလတွင် လာမည့်နှစ်တွင် ကောက်ပဲသီးနှံအထွက်များပါစေ၊ အန္တရာယ်များကင်းဝေးပါစေ၊ ကမ္ဘာအေးချမ်းသာယာပါစေ၊ အိမ်နီးချင်းသင့်မြတ်ပါစေ၊ မိသားစုချမ်းမြေ့ကြွယ်ဝပါစေဟု ဆုတောင်းကြသည်။

ညပိုင်းတွင် အရပ်သူအရပ်သားတို့ ပွဲတော်ဝတ်စုံကို ၀တ်ဆင်ကြကာ လတ်ဆတ်သော ပန်းမန်၊ ဖယောင်းတိုင်၊ မီးပုံးပျံ စသည်တို့ကို ယူဆောင်လာကြပြီး နေရာအနှံ့အပြားမှ လာရောက်ကြကာ ဘုရားရုပ်ပွားတော်ရှေ့တွင် ဆုတောင်းပြီး ဖယောင်းတိုင်ကို ရိုသေစွာ မီးထွန်းညှိကြကာ ဘုရားတရားကြည်ညိုကြပါသည်။

ဗီဒီယို--Ai Xiao။
သတင်းအရင်းအမြစ်--တယ်ဟုန်ပြည်နယ်ခွဲအသံလွှင့်ဌာန။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006