ယူနန်တက္ကသိုလ်မှ The Funny လာအိုတီးဝိုင်းအဖွဲ့

2018-11-26 09:27:09 |သတင်းအရင်းအမြစ် 云桥网

“လှလည်းလှ၊ စိတ်ရင်းလည်းကောင်းတဲ့ မိန်းကလေးဟာ ငါ့နှလုံးကိုခုန်စေတယ်” ယူနန်တက္ကသိုလ် ကျီကွမ်ထန်အဆောင်ရှေ့တွင် တေးသံသာများ ပျံ့လွှင့်လာပါသည်။ လမ်းလျှေက်ရင်း ယောက်ျားလေးနှစ်ဦးသည် ဂီတာ တီးခတ်နေပြီး ဘေးနားရှိ ယောက်ျားလေး(၄)ဦးသည် ပျော်ရွှင်လေးနက်စွာဖြင့် တေးသီချင်းသီဆိုနေကြသည်ကို တွေ့ရှိရပါသည်။ မကြာခဏဆိုသလို လမ်းသွားလမ်းလာများက စိတ်ဝင်တစား ငေးမောနေကြပါသည်။ “သူတို့ ဘာသီချင်း ဆိုနေတာလဲ။ ဘာဖြစ်လို့ သိပ်နားမလည်ဘူးလဲ။”ဟု လူအများစုက မေးမြန်းကြပါသည်။ ၎င်းသည် The Funny တီးဝိုင်းအဖွဲ့မှ သီဆိုနေသည့် လာအိုသီချင်း “ချစ်စရာကောင်းလိုက်တာ” ဖြစ်ပါသည်။

လွန်ခဲ့သော(၃)နှစ်က လာအိုနိုင်ငံမှ ပညာတော်သင်အာဝိန်သည် The Funny တီးဝိုင်းအဖွဲ့ကို ထူထောင်ခဲ့သည်။ ငယ်ငယ်ကတည်းကပင် တေးဂီတကို ကြိုက်နှစ်သက်သူ အာဝိန်သည် ယူနန်ကို မရောက်ရှိမိ မိမိ၏ တီးဝိုင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း အာဝိန်သည် ယူနန်ကို ပညာသင်လာရောက်ပြီးနောက် လာအိုနိုင်ငံတွင် ဖွဲ့စည်းထားသည့် တီးဝိုင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပါသည်။ ယူနန်တက္ကသိုလ်တွင် အာဝိန်သည် တေးဂီတကို ချစ်ခင်နှစ်သက်သော ၀ါသနာတူသူငယ်ချင်းများနှင့် အပေါင်းအသင်းဖြစ်လာကာ တီးဝိုင်းအဖွဲ့ကို ပြန်လည်တည်ထောင်ခဲ့သည်။ ယခုအခါ အဆိုပါတီးဝိုင်းသည် အဖွဲ့ဝင်(၅)ဦးနှင့် အရံအဖွဲ့ဝင်(၂)ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ၎င်းအဖွဲ့ဝင်များသည် ယူနန်တက္ကသိုလ်မှ လာအိုနိုင်ငံပညာတော်သင်များဖြစ်ကြောင်း အာဝိန်က မိတ်ဆက်ပေးပါသည်။ The Funny တီးဝိုင်းအဖွဲ့သည် တေးဂီတကို လာအိုနိုင်ငံပညာတော်သင်များအား ဆုံဆည်းစေပါသည်။

၎င်းတီးဝိုင်းအဖွဲ့ဝင်များ၏ အတူကြိုးပမ်းမှုဖြင့် The Funny သည် ကျောင်းဝန်းထဲတွင် နာမည်ကျော်ကြားလာပါသည်။ ၃ နှစ်အတွင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဘွဲ့ရကျောင်းသားဂုဏ်ပြုနှုတ်ဆက်ပွဲ၊ အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုနှင့် ဖလှယ်ရေးလှုပ်ရှားမှု၊ ကူမင်းမြို့အခြေစိုက် လာအိုနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး နှစ်သစ်ကူးဂုဏ်ပြုပွဲများတွင် အဆိုပါတီးဝိုင်းအဖွဲ့ကို အမြဲတွေ့ရှိနိုင်ပါသည်။

ယခုလက်ရှိအချိန်တွင် The Funny သည် လာအိုနိုင်ငံပညာတော်သင်များ ဆုံဆည်းရာနေရာဖြစ်သကဲ့သို့ ပိုများလာသော ပရိသတ်များက ယူနန်တက္ကသိုလ်မှ လာအိုနိုင်ငံပညာတော်သင်တို့၏ တီးဝိုင်းကို သိရှိလာပါသည်။ ”ကျွန်တော် ကျောင်းပြီးတဲ့အချိန်မှာ အဖွဲ့ခေါင်းဆောင် နောက်တစ်ယောက် ပေါ်လာပါလိမ့်မယ်။ The Funny ဟာ အမြဲ ရှင်သန်နိုင်နေမှာပါ”ဟု အာဝိန်က ပြောပြပါသည်။ အနာဂတ်တွင် ၎င်းတီးဝိုင်းအဖွဲ့သည် လာအိုနိုင်ငံပညာတော်သင်များအား နွေးထွေးမှုနှင့်ပျော်ရွှင်မှုကို ပေးဆပ်နိုင်ရန်လည်းကောင်း၊ တေးဂီတမှတစ်ဆင့် နိုင်ငံအသီးသီးမှပညာတော်သင်များနှင့် ဖလှယ်နိုင်ရန်လည်းကောင်း သူက မျှော်လင့်သည်။

သတင်းထောက်--Li Wenjun၊ Yao Chengcheng

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006