ယူနန်ပြည်နယ်၏ ဒေသသုံးခုသည် “တရုတ်အထူးလယ်ယာထွက်ကုန်၏ သာလွန်မှုရှိဒေသ”အဖြစ် ရွေးချ

2018-01-10 17:53:00 |သတင်းအရင်းအမြစ် 云南日报

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသည် ပထမအသုတ် တရုတ်အထူးလယ်ယာထွက်ကုန်၏ သာလွန်မှုရှိဒေသစာရင်းကို ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး ဒေသ(၆၂)ခုသည် ရွေးချယ်ခြင်း ခံရသည်။ ယူနန်ပြည်နယ်၏ဒေသ(၃)ခုသည် အဆိုပါရွေးချယ်ခြင်း ခံရသည်။ ယူနန်တွင် ဤဒေသများ၏ သက်ဆိုင်ရာလုပ်ငန်းသည် "တရုတ်တွင် ပထမအဆင့်၊ ကမ္ဘာတွင် နာမည်ကျော်ကြား"ဖြစ်နိုင်အောင် အခြေခံအားသာချက် ရှိသည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံတော်သည် ၎င်းအထူးလုပ်ငန်း၏အင်အား ပို၍ တောင့်တင်းဖြစ်နိုင်ရန် ထောက်ပံ့ပေးမည်ဖြစ်သည်။ ယူနန်တွင် ရွေးချယ်ခံရသည့် “တရုတ် အထူးလယ်ယာထွက်ကုန်၏ သာလွန်မှုရှိဒေသ”သုံးခုကို အတူတကွ လှည့်လည်ကြည့်ရှုကြရအောင်။

လင်ချန်ဖူအလ်လက်ဖက်ခြောက်ထွက် သာလွန်မှုရှိဒေသ

လင်ချန်ဒေသသည် ယူနန်ဇီဝအမျိုးအစားအပေါများဆုံးဒေသဖြစ်သည်။ ရှေးဟောင်းလက်ဖက်အပင် ကိုယ်စားပြုနိုင်သောဒေသလည်းဖြစ်သည်။

ယူနန်၏ နိုင်ငံတော်အဆင့်ရှိလယ်ဖက်မျိုးကောင်း(၃)မျိုးအနက် နှစ်မျိုးမှာ လင်ချန်တွင် ရှိသည်။