ယွမ်မှုတ်ဟင်းသီးဟင်းရွက်ထွက်ရာ သာလွန်မှုရှိဒေသ
ယွမ်မှုတ်ခရိုင်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးလျှင် စောစွာက ဈေးသွားနိုင်သော၊ ပမာဏကြီးမား လှသော၊ အမျိုးအစားများပြားသော၊ ထွက်ကုန်အရေအတွက်မြင့်မားသော၊ အရည်အသွေးကောင်းမွန် သောသာလွန်မှုများ ရှိသည်။ ခရိုင်တစ်ခုလုံးတွင် နှစ်စဉ်ဆောင်းရာသီအစ ဟင်းသီးဟင်းရွက် မို(၂) သိန်းကျော်စိုက်ပျိုးသည်။ ပြင်ပသို့ ရောင်းချသည့်ဟင်းသီးဟင်းရွက်မှာ (၄.၅)သိန်းတန်ကျော်ရှိသည်။ ဟင်းရွက်ရောင်းချခြင်းဖြင့် တောင်သူလယ်သမား၏၀င်ငွေမှာ တရုတ်ယွမ်(၁.၅)ဘီလီယံအထက် ရှိပြီး ထူးခြားသောစီးပွားရေးသစ်တော၏ ထွက်ကုန်တန်ဖိုးမှာ (၁)ဘီလီယံအထက် ရှိသည်။
အပူရှိန်ရမှန်ကာအိမ်ရာသီ သဘာဝရှိသောကြောင့်လည်းကောင်း“ပတ်ဝန်ကျင်းညစ်ညမ်းမှုမရှိ”နှင့်“အစိမ်းရောင်”ဟူသောစံချိန်စံညွှန်းကို ကျင့်သုံးပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးသောကြောင့်လည်း ကောင်း ယွမ်မှုတ်ထွက်သော ခရမ်းချဉ်သီး၊ ပဲသီး၊ ဆီးသီးနှင့်စပျစ်သီးစသည့်ဟင်းသီးဟင်းရွက်များ သည် အရသာကောင်းမွန်ပြီး အမြန်ချောပို့နိုင်သည်။ ဆောင်းရာသီနှင့်နွေဦးရာသီတွင် ဈေးကွက်ပြိုင် ဆိုင်မှု ကြီးမားလှပြီး ပြည်တွင်းပြည်ပစားသုံးသူများ၏ နှစ်သက်ခြင်း များစွာခံရသည်။