တရုတ်နိုင်ငံ အနောက်တောင်ဘက် နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့ဝမ်တိန်မြို့နယ်တွင် နန်ရန်း (ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း)ပင်လယ်ရပ်ခြားရောက် တရုတ်လူမျိုးကားမောင်း ဆရာနှင့် ကားပြင် ဆရာများက အမိနိုင်ငံသို့ ပြန်ရောက်လာပြီး ဂျပန်ဖက်ဆစ်ခုခံရေးစစ်ပွဲ ပါဝင်ဆင်နွှဲကြခြင်းကို အထိမ်းအမှတ်ပြုသော ဥယျာဉ်တစ်ခုရှိပါသည်။
ဤအထိမ်းအမှတ်ဥယျာဉ်တည်ဆောက်ခြင်း၏ အဓိကရည်မှန်းချက်မှာ ဂျပန်ခုခံရေးစစ် ကာလတုန်းက နိုင်ငံတော်အတွက် အကျိုးပြုခဲ့သော နန်ရန်းပင်လယ်ရပ်ခြားရောက် တရုတ် လူမျိုး ကားမောင်းဆရာ နှင့်ကားပြင်ဆရာ ၃၂ဝဝ ကျော်အတွက် အမှတ်တရ ပြုလုပ်ထား ခြင်းဖြစ်ပါသည်။ ၁၉၃၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် တရုတ်နိုင်ငံ အရှေ့ တောင်ဘက်ရှိ ပင်လယ်ရေကြောင်းနှင့်ကုန်းတွင်းပိုင်းလမ်းကြောင်းများကို ဂျပန်စစ်တပ် များ ဖြတ်တောက်ခဲ့သည့်အတွက် အသစ်ဖောက်လုပ်ပြီး ဖွင့်လှစ်ထားသော ယူနန်-မြန်မာ ကားလမ်း(Stillwell Road)သည် နိုင်ငံတကာမှ ထောက်ပံ့ပေးသည့်ကုန်စည်များသယ်ယူ ပို့ဆောင်ရာ အဓိကလမ်းကြောင်းဖြစ်လာပါသည်။ ဤလမ်းကြောင်းသည် ၁၁၄၆ ကီလိုမီတာရှည်လျားပြီး အလွန်ခက်ခဲကြမ်းတမ်းမှုရှိပါသည်။ ထိုကာလတွင် အမိနိုင်ငံ၏ ဆော်သြချက်အရ နန်ရန်းပင်လယ်ရပ်ခြားရောက်တရုတ်လူမျိုးများသည် အမိနိုင်ငံသို့ ပြန်လာပြီး ယူနန်-မြန်မာကားလမ်း(Stillwell Road)ပေါ်တွင် ဂျပန်ခုခံရေးစစ်အတွက် အသုံးပြုရမည့်ကုန်စည်များကို အရေးတကြီး သယ်ယူပို့ဆောင်ကြ၏။
ပင်လယ်ရပ်ခြားရောက်တရုတ်လူမျိုး ကားမောင်းဆရာနှင့်ကားပြင်ဆရာတို့ဆိုသည်မှာ ဂျပန်ခုခံရေးစစ်ကာလတုန်းက နန်ရန်း(South Pacific) နိုင်ငံများမှ အမိတရုတ်နိုင်ငံသို့ ပြန် လာပြီး ဂျပန်ခုခံရေးစစ်တွင် ပါဝင်ဆင်နွှဲခဲ့သော ကားဆရာနှင့်ကားပြင်ဆရာ ၃၂ဝဝ ကျော် ကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ၁၉၃၉ ခုနှစ်တွင် “နန်ရန်းပင်လယ်ရပ်ခြားရောက် တရုတ်လူမျိုး အဖွဲ့ချုပ်၏ အမိနိုင်ငံစစ်ပြေးဒုက္ခသည်အား ထောက်ပံ့အကူအညီပေးရေး အဖွဲ့ချုပ်” ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာချိန်ကျားကန်း၏ဆော်သြချက်အရ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသောနိုင်ငံများမှ ပင်လယ်ရပ်ခြားရောက် တရုတ်လူမျိုး လူငယ်ကားမောင်းဆရာနှင့်ကားပြင်ဆရာ ၃၂ဝဝ ကျော်တို့သည် နန်ရန်းပင်လယ်ရပ်ခြား ရောက် တရုတ်လူမျိုးကားမောင်းဆရာနှင့်ကားပြင်ဆရာများ အမိနိုင်ငံသို့ ပြန်လာပြီး ဂျပန်ခုခံရေးစစ်အတွက် ဝန်ဆောင်မှုပေးရေးအဖွဲ့ ဖွဲ့စည်းပြီး အဖွဲ့ ၉ ဖွဲ့ခွဲ၍ အမိနိုင်ငံသို့ ပြန်လာကြပါသည်။
ပင်လယ်ရပ်ခြားရောက် တရုတ်လူမျိုးကားမောင်းဆရာနှင့်ကားပြင်ဆရာတို့သည် အခက်အခဲမျိုးစုံကို အမှုမထားဘဲ နေ့ရောညပါ အလုပ်ဆင်းပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စစ်ထောက်ပံ့ပစ္စည်းများ အရေးတကြီး သယ်ယူပို့ဆောင်ခြင်း၊ ကားများပြင်ဆင်ထိန်းသိမ်း ခြင်းတို့အား လုပ်ဆောင်ခြင်းဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ပြီး ပြည်သူများ၏ဂျပန်ခုခံရေးစစ်ပွဲတွင် အင်တိုက်အားတိုက်အထောက်အကူ ပြုနိုင်ခဲ့ပါသည်။ ထိုကာလအတွင်း ဂျပန်စစ်တိုက်လေယာဉ်များ၏ အကြိမ်ပေါင်းများစွာ ဗုံးကျဲတိုက်ခိုက်ခြင်း၊ အပူပိုင်းဒေသ၏ကပ်ရောဂါသောင်းကြမ်းခြင်းနှင့် မတော်တဆဖြစ် ခြင်းတို့ကြောင့် နန်ရန်းပင်လယ်ရပ်ခြားရောက် တရုတ်လူမျိုးကားမောင်းဆရာနှင့် ကားပြင် ဆရာတစ်ထောင်ကျော်တို့သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်ခုခံရေးစစ်ပွဲအတွက် ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ပေးလှူခဲ့ကြသည်။ မဟာမိတ်နိုင်ငံများမှ တရုတ်နိုင်ငံသို့ ကူညီထောက်ပံ့သော ဂျပန်ခုခံရေးစစ်ပစ္စည်းမျိုးစုံ (လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဓာတ်ဆီ အစရှိသဖြင့်)တို့ကို ပင်လယ်ရပ်ခြားရောက်တရုတ်လူမျိုးကားမောင်း ဆရာနှင့်ကားပြင်ဆရာတို့မှ ယူနန်-မြန်မာကားလမ်းမှတစ်ဆင့် အမိတရုတ်နိုင်ငံ၏ ရှေ့တန်းစစ်မျက်နှာပြင်ဘက်သို့ သယ်ယူပို့ဆောင်နိုင်ခဲ့သည်။ ကုန်စည်ပို့ဆောင်ခဲ့သော အရေအတွက်သည် တန်ချိန် ၄၅ဝဝဝဝ အထိ ရှိခဲ့ပါသည်။ တရုတ်နိုင်ငံရောက် မဟာမိတ် နိုင်ငံတပ်ဖွဲ့များအတွက် ထောက်ပံ့သောကုန်စည်များကိုလည်း နန်ရန်းပင်လယ်ရပ်ခြား ရောက် တရုတ်လူမျိုးကားမောင်းဆရာနှင့်ကားပြင်ဆရာတို့က မြန်မာနိုင်ငံမှတစ်ဆင့် မဟာမိတ်နိုင်ငံတပ်ဖွဲ့အသီးသီးထံ သယ်ယူပို့ဆောင်ခဲ့ပါသည်။ နန်ရန်းပင်လယ်ရပ်ခြား ရောက်တရုတ်လူမျိုးကားမောင်းဆရာနှင့်ကားပြင်ဆရာတို့သည် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ဂျပန်ခုခံရေးစစ်ပွဲအတွက် ကြီးမားစွာ အကျိုးဆောင်ခဲ့ပါသည်။
အထက်ပါတရုတ်အမျိုးသားတို့ သမိုင်းကာလတလျှောက် ထာဝရ မှတ်တမ်းတင်ထား သင့်သည့် သမိုင်းကြောင်းနှင့်အကျိုးပြုသူများအတွက် ဝမ်တိန်သစ်တောဥယျာဉ်တွင် နန်ရန်းပင်လယ်ရပ်ခြားရောက်တရုတ်လူမျိုးကားမောင်းဆရာနှင့်ကားပြင်ဆရာများက အမိနိုင်ငံသို့ ပြန်ရောက်လာပြီး ဂျပန်ခုခံရေးစစ်ပွဲ ပါဝင်ဆင်နွှဲသည့်အကြောင်း အထိမ်း အမှတ်ဥယျာဉ်ကို တည်ဆောက်ခဲ့ပါသည်။ ဥယျာဉ်အား အဆင့် ၃ ဆင့်ခွဲ၍ တည်ဆောက် လျက်ရှိရာ လက်ရှိတွင် စီမံကိန်းအဆင့်နှစ်ခုတည်ဆောက်ပြီးစီးပြီဖြစ်သည်။ ပထမအဆင့် တွင် အမှတ်တရကျောက်တိုင်၊ ဒုတိယအဆင့်တွင် အမှတ်တရပြခန်း၊ တတိယအဆင့်တွင် လမ်းများနှင့်ပူးတွဲအဆောက်အဦးများ တည်ဆောက်မည်ဖြစ်သည်။