သင့်ကို  မကြိုက်သောသူအား   မည်သို့ဆက်ဆံရမည်နည်း

2018-02-01 15:18:41 |သတင်းအရင်းအမြစ် 云桥网

ဤကမ္ဘာပေါ်တွင် သင့်မကြိုက်သော သူရှိသကဲ့သို့ သင့်ကိုမကြိုက်သောသူလည်း ရှိနိုင်ပါသည်။ ဤကား ရိုးနေပါပြီ။ အသင်ဘယ်မျှထူးချွန်နေသည်ဖြစ်စေ၊ သူတစ်ပါး ဘယ်မျှထိထူးချွန်နေသည်ဖြစ်စေ၊ အချင်းချင်းကိုယ်ထူးချွန်သကဲ့သို့ အတင်းတောင်းဆို၍ မရပါ။ ထူးချွန်မထူးချွန်သည်မှာ ကိစ္စတစ်ရပ် ဖြစ်သည်။ ကြိုက်မကြိုက်သည် မူဘးတခြားကိစ္စတစ်ရပ် ဖြစ်ပါသည်။

သူတစ်ပါးကြိုက်နှစ်သက်အောင် တမင်ပြုလုပ်ခြင်းမှာ မိမိ၏ဂုဏ်သိက္ခာကို ချိုးနှိမ်ရာကျသည်။ မိမိကိုယ် ကိုအကြိမ်ကြိမ် နှိမ့်ချခြင်းဖြင့် သူတစ်ပါးနှစ်သက်မှုကို တောင်းဆိုရန် မလိုအပ်ပါ။ ထိုသို့လုပ်ဆောင်ခြင်း မှာ သူတစ်ပါးကပိုမိုမာန်မာနထောင်လွှားလာကာ နိုင်ထက်စီးနင်းမှုများ ဖြစ်ပေါ်စေတတ်သည်။ တန်းတူ ညီမျှခြင်းမရှိပါက မျှတမှု လုံးဝမဖြစ်ပေါ် နိုင်ပါ။

ကြိုက်နှစ်သက်ခြင်းအပေါ်မှ လူကောင်းလူဆိုးမခွဲခြားပါနှင့်။ လူကိုက်သောခွေးကို ခွေးဆိုးဟု မဆိုပါနှင့်။ ခွေးကလူကိုက်ခြင်းသည် သဘာဝပင် ဖြစ်ပါသည်။ သူတစ်ပါးကိုကြည့်ရှုနေသည်နှင့်အတူ မိမိ၏ ချို့ယွင်းချက် များကိုလည်း ပြန်လည်ကြည့်ရှုရပါမည်။

တကယ်စင်စစ် အလွန်အမင်းကြိုက်နှစ်သက်ခြင်းသည် မိမိနှင့်အခြားသော မိမိတစ်ယောက် ပြန်လည် ဆုံတွေ့ရသကဲ့သို့ပင်။ သူတစ်ပါးအတွက်အကြောင်းမဲ့အမှုမဲ့ အကျိုးဆောင် လိုခြင်းမှာ အလွန်အမင်း ကြိုက်နှစ်သက် ခြင်းသာ ဖြစ်ပါသည်။

ဤအရာသည် အလွန်လျှို့ဝှက်ဆန်းကျယ်သော ပုဂ္ဂလိကပုံစံတိုးတက်မှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ပုဂ္ဂလိကပုံစံအဓိပ္ပာယ်မှာ မည်သို့မှားယွင်း သည်ဖြစ်စေ အမြဲမှန်ကန်ပါသည်။ တခါတရံ အသင်သည် အကြိမ်ကြိမ်ခါ ခါ ခေါင်းပြန်လှည့်ကြည့်ကာမူ ပခုံးဘေးက ဖြတ်သွားသောလူကိုတွေ့မှ တွေ့မြင်နိုင်မည် မဟုတ်ပေ။ တခါတရံ သင်၏ဖြူစင်သောနှလုံးသားကို ထုတ်ပြသော်လည်း ဖြူစင်သောတုံ့ပြန်မှုမရနိုင်ပါ။ တစ်ဖက်သားက သင်ကို မကြိုက်ပါက သင့်အတွက်ဟန်ဆောင်ပန်ဆောင် ပြုလုပ်လိမ့်မည် မဟုတ် ပါ။ ဟန်ဆောင်မှုသည် တုပသော်လည်း လူတစ်ဦးကို ဖြေသိမ့်နိုင်သည်။ သို့သော် စိတ်တွင်း၌ ဒဏ်ရာ ဒဏ်ချက်များ ကျန်ရစ်စေ၏။

ထို့ကြောင့် လောကကြီးတွင် အအဆုံးအရာသည် မကြိုက်သောသူထံသို့ သွားပြီး ဘာကြောင့်မကြိုက် တာလည်းဟု မေးခြင်းပင်ဖြစ်သည်။ “မကြိုက်လို့ မကြိုက်တာပဲ။ ဘာအကြောင်းမှ မရှိဘူး။”ဤ သည်ကို လေတစ်သုတ် တိုက်ခတ်သွားသကဲ့သို့ သဘောထားပါ။ သင်လုပ်ရမည့်ကိစ္စာမှာ ကိုယ်ပေါက ဖုံးများခါချပြီး စိတ်အေးစွာနှင့် ထွက်ခွာသွားရုံသာ ဖြစ်သည်။ ထိုသင့်ကိုမကြိုက်သူကို လုံးလုံးမေ့ပစ် လိုက်ပါ။

လူတစ်ယောက်သည် လောကကြီးထဲမှ မိမိကိုကြိုက်နှစ်သက်သူများအတွက် အသက်ရှင်သန်နေထိုင်ရ ပါမည်။ သင့်ကိုမကြိုက်သောသူထံတွင် ပျော်ရွှင်မှုများကို ထားခဲ့ပြီး မိမိကိုကြိုက်သူထံတွင် ပျော်ရွှင်မှုကို မေ့မသွား ပါစေနှင့်။

မဖြစ်နိုင်သောကိစ္စများကို ဇွတ်အတင်းမလုပ်ပါနှင့်။ ထိုအတွက် သင် မောပန်းနေသည့်အခါတွင် သူ တစ်ပါးကလည်း အမောပန်းဆုံးအခါဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သင်သာလျှင် ရပ်နားလိုက်၊ ချထား လိုက်ပါ။ မိုးကောင်းကင်ကြီးက ဘယ်တော့မှ ပြိုမကျနိုင်ပါ။ ကမ္ဘာကြီးသည် လူသားအားလုံး အတွက် အစဉ်အမြဲသာယာစွာ တည်ရှိနေသည်ကို တွေ့မြင်ရပါမည်။
လူအားလုံးသည် ကံကြမ္မာသံသရာထဲတွင် လျှောက်လှမ်းနေကြရ သည်။ အချို့လူက သင့်ကို ပင်ကိုယ်မူလကြိုက်နှစ်သက်သည်။ အချို့လူသည် သင့်အတွက် သင်ခန်းစာဖြစ်သည်။ သင်ကြိုးစား ပြုလုပ်နေသည်ကို သူတစ်ပါးအထင်မကြီးနိုင်ပါ။ သင်အလွန်မုန်းတီးသည်ကိုလည်း သူတစ်ပါးအတွက် အကျင့်ဖြစ်နေပြီး ထူးမခြားနားပါ။ ယင်းသည် ဘဝပင်ဖြစ်သည်။ နွေးထွေးမှုရှိသကဲ့သို့ အရိုးထဲ စိမ့်ဝင် အောင်ချမ်းလှမှုလည်းရှိပါသည်။ ကြိုက် ခြင်းနှင့် မကြိုက်ခြင်းဟာ သင့်၏ဘဝကို ပိုမိုပြည့်ဝစေမည် သာဖြစ်သည်။

ဤသို့ကျယ်ဝန်းသောဘဝထဲတွင် သင့်ဘေးတွင် ဝိုင်းရံလျက်ရှိမည့်နိမိတ်ကောင်းသောတိမ်တစ်ပွင့် သို့မဟုတ်အပွင့်များရှိပေလိမ့်မည်။ သင့်ကို ကြိုက်သည်သို့မဟုတ်မကြိုက်သော လူများအထဲတွင် ဒုက္ခခံကာ ရုန်းကန်နေရမည့်အစား ဤတိမ်ကလေးများ၏အောက်တွင် ပျော်ရွှင်စွာလျှောက်လှမ်းသွားနေသည်မှာ ပို၍ကောင်းသည် မဟုတ်ပါလော။ လောကကြီးတွင် ပျော်ရွှင်စရာကောင်းသော အရာများစွာရှိရန် မလိုအပ်ပါ။ ဤနိမိတ်ကောင်း သောတိမ်တစ်ပွင့်တည်းဖြင့်ပင် လုံလောက်ပါပြီ။

作者简介/About the author:

Online photo

စာရေးဆရာ၏အတ္ထုပ္ပတ္တိ။ ။မော်ရန်၊ ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီလ(၁၇) ရက်တွင် စန်းတုံးပြည်နယ်၌ မွေးဖွားခဲ့သည်။ တရုတ်နိုင်ငံတွင် ပထမဦးဆုံးနိုဘယ်လ်စာပေပညာဆုကိုရရှိခဲ့သောစာရေးဆရာဖြစ် သည်။ ၁၉၈၁ ခုနှစ်မှစပြီး “နွေဦးမိုး”ကို ထုတ်ဝေခဲ့ပြီး ၁၉၈၄ ခုနှစ်က “ ကြည်လင်သောကစွန်းဥ” ဖြင့် နာမည်ကျော်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်“ဝါ”ဝတ္ထုဖြင့် “မောက်တွန့် ”စာပေပညာဆုရရှိခဲ့သည်။ ၂ဝ၁၂ ခုနှစ် တွင် နိုဘယ်လ်စာပေပညာ ဆုရရှိခဲ့သည်။ ဆုရသောအကြောင်းအရင်းမှာ စိတ်ကူးယဉ် စစ်မှန်သဘော ထားဖြင့် ပုံပြင်၊ သမိုင်းနှင့်ခေတ်ပေါ်လူမှုရေးများ ရောစပ်ထားခြင်းကြောင့် ဖြစ်သည်။ မော်ရန်၏ စာပေ များကိုဘာသာစကား(၄ဝ)ကျော်ဖြင့် ဘာသာ ပြန်ဆိုပြီးကြောင်း သတင်းအရ သိရပါသည်။