၂၄ ရာသီချိန်၊ ရှင်တို့သိလား(၁)

2018-02-12 15:26:10 |သတင်းအရင်းအမြစ် 云桥网综合

“၂၄ ရာသီချိန်”သည် တရုတ်လူမျိုးများက နေမင်းကြီးနှစ်ပတ်လည်အခြေအနေကို လေ့လာခြင်းဖြင့် တစ်နှစ်ပတ်လည်အတွင်း အချိန်ကာလထူးခြားချက်၊ ရာသီဥတုနှင့် အရာဝတ္ထုများ၏ ပြောင်းလဲမှု ထုံးတမ်းအစဉ်အလာကို လေ့လာရာမှ ဖြစ်ပေါ်လာသော သိမြင်နားလည်မှုစနစ်နှင့် လူမှုလက်တွေ့ ခံယူချက်များဖြစ်ပါသည်။ တရုတ်ရှေးခေတ်အမျိုးသားများသည် နေမင်းနှစ်ပတ်လည်လမ်းကြောင်းကို ၂၄ မျိုးခွဲခြားသတ်မှတ်ခဲ့ရာ၊ ရာသီဥတု  တစ်မျိုးသည် “ရာသီချိန်”တစ်ခုအဖြစ်ခံယူပြီး “ ၂၄ ရာသီချိန်”ဟု   ခေါ်ဝေါ်ပါသည်။ “၂၄ ရာသီချိန်”သည် မည်သည့်ရာသီချိန်များ ပါဝင်ပါသနည်း၊  အောက် ဖော်ပြထားသည့်အတိုင်း လေ့လာကြစို့။

 

နွေဦးသစ်စရာသီချိန်

နွေဦးသစ်စရာသီချိန်သည် ၂၄ ရာသီချိန်တွင် ပထမဦးဆုံးရာသီချိန် ဖြစ်ပါသည်။ တရုတ်လူမျိုးတို့၏ ရိုးရာအစဉ်အလာတွင် အရေးကြီးသည့် ရာသီချိန်တစ်ခုဖြစ်ပါသည်။ “စိုက်ပျိုးရာတွင် တစ်နှစ်လုံး သီးထွက်ကောင်းစေရန် နွေဦးကစပြီးကောင်းစွာလုပ်ကိုင်အခြေခံချသင့်၏”ဟု ဆိုလေ့ရှိပါ သည်။  နွေဦး သစ်စအချိန်ရောက်လာသည်နှင့်အညီ  အရာဝတ္ထုအားလုံး အသက်ပြန်ဝင်လာသည်ကို တွေ့နိုင်ပါ သည်။ တစ်နှစ်တွင် ရာသီဥတု ၄ ပါးရှိရာ ပထမဦးဆုံးရာသီရောက်ရှိလာခြင်းကို ဖော်ပြသည်။

 

မိုးရေကျရာသီချိန်

မိုးရေကျရာသီချိန်သည် နှစ်စဉ်တရုတ်စန္ဒရသက္ကရာဇ်ပထမလ ၁၅ ရက်အရှေ့နှင့် အနောက် ခန့်(ကမ္ဘာ့သက္ကရာဇ်ဖေဖော်ဝါရီလ ၁၈ မှ ၂ဝ ရက်အကြား) ရှိပါသည်။  ဤရာသီချိန်တွင်  နွေဦး လေစတိုက်ခြင်း၊ ရေခဲနှင့် ဆီးနှင်းရေပျော်ခြင်း၊ ရာသီဥတုတွင် စိုတိုင်းခြင်း၊ မိုးရေတိုးများလာခြင်း တို့ကြောင့် မိုးရေကျရာသီချိန်ဟု ခေါ်တွင်ပါသည်။

 

ပိုးသတ္တဝါများ လန့်နိုးလာသောရာသီချိန်

ပိုးသတ္တဝါများလန့်နိုးလာသောရာသီချိန်သည် ရာသီဥတုနွေးလာခြင်း၊ နွေဦးမိုးချုန်းခြင်း၊ မြေကြီးထဲ လျှိုးစပ်အိပ်ပျော်ဝင်သောပိုးပိုးသတ္တဝါကလေးတို့သည် မိုးချုန်းသံကြောင့် လန့်နိုးလာခြင်းတို့ကို ဆိုပါ သည်။ ဤရာသီ ချိန်တွင် တရုတ်နိုင်ငံနေရာအနှံ့အပြား၌ နွေဦးရာသီစိုက်ပျိုးချိန်သို့ ရောက်ရှိလာပါ သည်။

 

နွေကူးနေ့ညအချိန်တူညီသည့် ရာသီချိန်

ဤရာသီချိန်သည် နွေဦးရာသီရက်ပေါင်း ၉ဝ ရှိရာအလည်ကျသည် ဖြစ်ပါသည်။ ဤနေ့တွင် ကမ္ဘာလုံး၏ မြောက်ဖက်ခြမ်းနှင့်တောင်ဖက် ခြမ်းအချိန်တိုရှည်တူညီသည်။ ဤနေ့တွင် ကမ္ဘာလုံး၏ မြောက်ဖက်ခြမ်း တွင် နွေဦးရာသီစတင်ကြောင်း ဆိုလိုပါသည်။ တရုတ်နိုင်ငံ နေရာဒေသ  အများပိုင်းတွင် ဆောင်းရာသီစိုက်ပျိုးပင်များမှာ နွေဦးရာသီ၌ ကြီးပြင်းလာ သော အချိန်ဖြစ်ပါသည်။

 

ကြည်လင်သာယာသောရာသီချိန်

ကြည်လင်သာယာသောရာသီချိန်တွင် တရုတ်အစဉ်အလာပွဲတော် ချင်မင်ပွဲတော်ကို ကျင်းပပါသည်။ ချင်မင်ပွဲတော်ကို “ထာချင်ပွဲတော်(အစိမ်းရောင်သစ်ရွက်၊ မြက်ပင်များပွင့်ပေါက်ချိန်)”  ဟုလည်း ခေါ်ကြပါသည်။ ချင်မင်ပွဲတော်နေ့အတွင်း သင်းချိုင်းသို့သွား၍  သွားလေသူများကို ကန်တော့ကြသည်။ ဂူများကို သန့်စင်သည်။  ဤရာသီချိန်တွင် ရာသီဥတု တဖြည်းဖြည်း နွေးထွေးလာခြင်း၊ မြက်ပင်နှင့် သစ်ပင်များသည် အကိုင်းအညွှန့်အသစ်စထွက်ခြင်း၊ အရာဝတ္ထုအားလုံး စတင်ကြီးပြင်းလာခြင်း၊ တောင်သူလယ်သမားများက နွေဦးရာသီအလုပ်များချိန်ဖြစ်ကြောင်းဖော်ပြပါသည်။