၂၄ ရာသီချိန်၊ ရှင်တို့သိလား(၂)

2018-02-12 15:34:11 |သတင်းအရင်းအမြစ် 云桥网综合

နွေဦးသီးနှံစိုက်ရာသီချိန်

နွေဦးသီးနှံစိုက်ရာသီချိန်သည် နွေဦးရာသီ၏နောက်ဆုံးရာသီချိန် ဖြစ်ပေရာအေးသော ရာသီကုန် ဆုံးခြင်း၊ အပူချိန်မြန်ဆန်စွာ ပြန်လည်မြင့်တက်လာခြင်းတို့ကို ဆိုလိုပါသည်။ တစ်ချိန်တည်းတွင် ကောက်စိုက်ချိန်နှင့် ပဲပင်မျိုးချသည့်၊  ဗူးသခ္ခါးများစိုက်သည့် အကောင်းဆုံးရာသီချိန်ဖြစ် ပါသည်။

 

နွေရာသီရောက်စရာသီချိန်

နွေရာသီရောက်စရာသီချိန်သည် နွေရာသီအတွင်း ပထမဦးဆုံးရာသီချိန်ဖြစ်ပါသည်။  အစဉ်အလာအရ နွေရာသီရောက်စရာသီချိန်သည်  ရာသီဥတုအပူချိန်သိသာစွာမြင့်တက်လာခြင်း၊ ပူအိုက်သောရာသီ နီးလာခြင်း၊ မိုးကြိုးမုန်တိုင်းများချိန်နှင့် မိုးများခြင်း၊ လယ်ယာစိုက်ပျိုးရေး  အသီးအပင်များ လျင်မြန်စွာ ကြီးပြင်းသည့်ကာလသို့ ရောက်ရှိခြင်းတို့ကို ပြသောအရေးကြီးရာသီချိန်ဖြစ်ပါသည်။

 

သီးနှံပြည့်ဖြိုးစရာသီချိန်

သီးနှံပြည့်ဖြိုးစရာသီချိန်သည် နွေရာသီအတွင်း ဒုတိယရာသီချိန်ဖြစ်ပါသည်။ ဤရာသီချိန်တွင်  မိုး နည်းပါးရွာလာသည်။  တရုတ်နိုင်ငံမြောက် ပိုင်းဒေသတွင် ဂျုံစသောနွေရာသီသီးနှံများသည် ဂျုံဆန် အစေ့ပြည့်ဖြိုးပြီး ရင့်ကျက်ရန်အချိန်လိုပါသေးကြောင်း ဖော်ပြပါသည်။

 

စပါးအနှံထွက်ရာသီချိန်

စပါးအနှံထွက်ရာသီချိန်သည် နွေရာသီဒုတိယလစတင်ခြင်းကို ဖော်ပြပါသည်။ တရုတ်စာအခေါ် အဝေါ် ၏အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အနှံထွက်သည်ကို ဂျုံများမြန်မြန်ရိတ်သိမ်းရမည်၊ အနှံထွက်ပျိုးပင် ကောက်ရိုက်သင့် ပြီဟု သဘောပေါက်ပါသည်။ စပါးအနှံထွက်ရာသီချိန် မရောက်မီရက်ပိုင်းနှင့်  ရောက် ပြီးသော နှောင်းပိုင်းကာလတွင် တရုတ်နိုင်ငံ၏အလယ်ပိုင်းဒေသဖြစ်သော  ယန်စီမြစ်၏အလယ်ပိုင်းနှင့် အောက်ပိုင်းမြစ်ဝှမ်းတစ်လျှောက်အတွင်း မိုးများလာခြင်း၊ ရာသီဥတုပိုမိုပူအိုက်လာခြင်း၊ အိမ်သုံးပစ္စည်း                                                                     ကိရိယာများနှင့် အဝတ်အစားများသည် မှိုတက်ခြင်းတို့ဖြစ်လာတတ်ပါ သည်။ ထို့ကြောင့် “မေယွီ” ဟု တရုတ်အခေါ်အဝေါ်ရှိပြီး မိုးရွာများခြင်း နှင့် မှိုတက်လွယ်ခြင်းဟု အဓိပ္ပါယ်ရပါသည်။

 

နွေယဉ်စွန်းရာသီချိန်

နွေယဉ်စွန်းရာသီချိန်သည် တစ်နှစ်ပတ်လုံးအတွင်း နေ့လယ်ပိုင်း နေမင်းကြီးအပူဒီဂရီအမြင့်ဆုံး နေ့ရက်ဖြစ်ပါသည်။ ဤရက်တွင် ကမ္ဘာလုံး၏မြောက်ဘက်ခြမ်း၌  နေ့ခင်းပိုင်းအရှည်ဆုံး၊ ညပိုင်း အတိုဆုံးနေ့ရက်ဖြစ်ပါသည်။ ဤနေ့ရက်မှစပြီး ပူအိုက်သောရာသီချိန်အတွင်း ရောက်ရှိခြင်း၊ ကမ္ဘာ  ပေါ်ရှိ အပင်အမျိုးမျိုးသည် ကြီးပြင်းမှုအခြေအနေအကောင်းဆုံးအချိန်ကို ဖော်ပြထားပါသည်။ နွေယဉ် စွန်းရာသီချိန်ကုန်ဆုံးသွားသည်နှင့်အညီ နေမင်းကြီးသည် တောင်ဘက်သို့  တဖြည်းဖြည်းရွေ့လျားခြင်း၊ ကမ္ဘာလုံး၏မြောက်ဘက်ခြမ်းတွင် နေ့ခင်းပိုင်းအချိန်သည် တစ်နေ့တစ်ခြားတိုတောင်းလာခြင်း၊  ညပိုင်း အချိန်သည်  တစ်နေ့တစ်ခြားရှည်လျားလာခြင်းတို့ကို ဖော်ပြထားပါသည်။