မှတ်တမ်းတင်ရုပ်ရှင်ကား《AMAZING CHINA》တရုတ်တစ်နိုင်ငံလုံးတွင် ရုံတင်ပြသမည်

2018-02-28 10:15:25 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံဗဟိုရုပ်မြင်သံကြားထုတ်လွှင့်ရေးဌာနနှင့် တရုတ်ရုပ်ရှင်ပွဲတော်ကုမ္ပဏီလီမိတက် တို့အတူပူးတွဲရိုက်ကူးသည့် မှတ်တမ်းတင်ရုပ်ရှင်ကား《AMAZING CHINA》ကို မတ်လ(၂)ရက်နေ့တွင် တရုတ်တစ်နိုင်ငံလုံး၌ ရုံတင်ပြသမည်ဖြစ်သည်။ သတင်းအရသိရသည်မှာ-- ဤရုပ်ရှင်ကားသည် သမ္မတ ရှီကျင့်ဖျင်ဦးဆောင်သော ခေတ်သစ်ကာလတွင် ထူးခြားသောဝိသေသလက္ခဏရှိဆိုရှယ်လစ်ဝါဒကို လမ်းညွှန်ပေးသောတရုတ်နိုင်ငံ၏အကြောင်း၊  တရုတ်ကွန်မြူနစ်ပါတီ(၁၈)ကြိမ်မြောက်ပြည်လုံးဆိုင်ရာညီလာခံပြီးနောက် ဆန်းသစ်တီထွင်ဖန်တီးခြင်း၊ ဆွေးနွေးဖလှယ်ခြင်း၊ အစိမ်းရောင်၊ တံခါးဖွင့်ဝါဒ၊ အတူမျှဝေခံစားခြင်း စသည့် အတွေးအခေါ်များဖြင့်ဆောင်ရွက်ကြောင့် တရုတ်နိုင်ငံသမိုင်းဝင်အောင်မြင်မှုရလဒ်ရရှိသည်ကို ပြသမည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ကားတွင် တရုတ်တံတားကြီး၊ လမ်းပန်းဆက်သွယ်ရေး၊ မော်တော်ကား၊ ဆိပ်ကမ်း၊ တရုတ်ကွန်ယက်စသည့်အကြောင်းများပါဝင်သည်ဟု ထုတ်ဝေရေးကုမ္ပဏီ၏ (၂၇)ရက်နေ့က မိတ်ဆက်ခြင်းအရ သိရသည်။  ထို့ပြင် လူလောကသမိုင်းတွင် အကြီးမားဆုံး Radio Telescope FAST၊ တစ်ကမ္ဘာလုံးအကြီးမားဆုံး Drilling Platform ဖြစ်သော Lanjing အမှတ်(၂)၊ Maglev Train သုတေ သနပြုခြင်းနှင့် 5G ကွန်ယက်နည်းပညာမှတ်တိုင်ကဲ့သို့ ခေတ်ကာလရှေ့တန်းသို့ ရောက်ရှိနေသည့် နည်းပညာ သုတေသနရလဒ်များလည်း ဖော်ကျူးထားသည်။

ရုပ်ရှင်ကား၏ဒုတိယအပိုင်းကမူ လူပုဂ္ဂိုလ်၏ပုံပြင်ဖြင့် ရိုးရိုးပြည်သူပြည်သားများ၏နေထိုင် စားသောက်မှုဆိုင်ရာ ကောင်းမွန်သော ပြောင်းလဲမှုကို ဖော်ပြသည်။  အခြေခံဆင်းရဲနွမ်းပါးမှုလျှော့ချရေးတာဝန်ခံဝန်ထမ်းတို့၏ နေထိုင်မှုအခြေအနေ၊ ကမ္ဘာ့အကြီးမားဆုံးလူစွမ်းအားဖြင့် သစ်တောကြီးတည်ဆောက်ခြင်းအတွက် တွန်းအားပေးသည့် သားမြေးမြစ်တီ (၃)ဆက်၏ပုံပြင်၊ အမိနိုင်ငံနှင့်ပြည်သူပြည်သားများကို ထိန်းသိမ်းစောင့်ရှောက်သူများ၏ပုံပြင်စသည်တို့ဖြင့် ကျွန်မတို့ နိုင်ငံမှ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာယဉ်ကျေးမှုတည်ဆောက်ခြင်း၊ ဆေးကုသခြင်းအာမခံ၊ နိုင်ငံတော်လုံခြုံရေးစနစ်စသည့်နယ်ပယ်၏ အောင်မြင်မှုရလဒ်ကို ပုံဖော်ပြသမည်ဖြစ်သည်။

(ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်ထားသည်၊ ဘာသာပြန်၊ Yunnan gateway)