မသန်စွမ်းကလေးတွေရဲ့ မေမေ့အတွက်ပေးတဲ့ အထူးချစ်မေတ္တာ

2018-03-08 12:16:01 |သတင်းအရင်းအမြစ် 新华网

ရှန်ဟိုင်းမြို့ ဝူလီချောင်ရပ်ကွက်မှ ဘွားဘွားတွေဟာ စေတနာ့ဝန်ထမ်း အနေနဲ့ ရှန်ဟိုင်း တရုတ်အရှေ့ပိုင်းဆရာအတတ်သင်တက္ကသိုလ် လက်အောက်ခံ လူဝမ်လက်တွေ့စမ်းသပ်စာသင်ကျောင်းကို မတ်လ (၇)ရက်နေ့က လာရောက်ကြတယ်။ ဘွားဘွားတွေက အမျိုးသမီးများနေ့ လက်ဆောင်ဖြစ်တဲ့ လက်မှုပန်းမန်တွေကို ကလေးတွေနဲ့အတူ ကူညီလုပ်ဆောင်ပေးကြလို့ အဲဒီကျောင်းက မသန်စွမ်းကလေးတွေဟာ လက်မှုပန်းမန်တွေနဲ့ မေမေ့အတွက် အထူးချစ်မေတ္တာကို ဖော်ပြနိုင်ခဲ့ကြတယ်။

(ဆင်ဟွာသတင်းထောက် ဖန်ကျဲ ရိုက်ကူးသောပုံ)