ယူနန်တာ့လီဝေစန်စားကောင်းသောက်ဖွယ်ပွဲတော် မတ်လ(၂၄)ရက်နေ့တွင် ကျင်းပမည်

2018-03-14 19:02:43 |သတင်းအရင်းအမြစ် 民族时报

၂၀၁၈ ခုနှစ် တရုတ် ယီတိုင်းရင်းသား ဘိုးဘေးကန်တော့ပွဲ၊ အဋ္ဌမအကြိမ်မြောက် တာ့လီဝေစန်စားကောင်းသောက်ဖွယ်ပွဲတော်အား မတ်လ(၂၄)ရက်နေ့တွင် ဝေစန်၌ ကျင်းပမည်ဖြစ်ရာ တာ့လီရှိ ခရိုင်အသီးသီး၏ နာမည်ကျော် အရည်အသွေးကောင်းမွန်သော ဒေသအထူးစားကောင်းသောက်ဖွယ်များနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများ ခင်းကျင်းပြသမည်ဖြစ်ကြောင်း ယူနန်တာ့လီပိုင်တိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ဝေစန်ယီတိုင်းရင်းသား၊ ဟွေ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ပြန်ကြားရေးဌာနမှ သတင်းအရ သိရသည်။

ဝေစန်ရှေးဟောင်းမြို့သည် သမိုင်းကြာရှည်ပြီဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်ပေါများကြွယ်ဝလှ သောကြောင့် "တရုတ်နာမည်ကျော်စားကောင်းသောက်ဖွယ်များဇာတိ"ဟုပင် ဂုဏ်ပြု ချီးကျူးခေါ်ဝေါ်ကြသည်။ "ဝေစန်ကဆွဲဆောင်မှုရှိပြီး စားကောင်းသောက်ဖွယ်များပြားသည်"ဟူ လူအများက ပြောဆိုလေ့ရှိသည်။ အရသာထူးခြားချက်၊ ချက်ပြုတ်ခြင်းလက်ရာမြောက်ခြင်း၊ အမျိုးအစားများပြားခြင်းနှင့် ဈေးသက်သာခြင်းစသည်များကြောင့် ဒေသထွက်အစားအစာများသည် ပြည်တွင်းပြည်ပမှ ခရီးသည်များ၏ ကြိုက်နှစ်သက်ခြင်းကို ခံရပါသည်။ ဝေစန်စားကောင်းသောက်ဖွယ်ပွဲတော်ကို ၂၀၁၁ ခုနှစ် မှစ၍ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည်။ (သတင်းထောက် ကျူဖျင့်)