နွေဦးရာသီကို ကျွန်မတို့ လှုပ်နှိုးခဲ့လေပြီ

2018-03-27 17:34:29 |သတင်းအရင်းအမြစ် 云桥网

နွေဦးရာသီသည် ပင်ပန်းနွမ်းနယ်နေသော ကလေးလေးတစ်ယောက်ကဲ့သို့ ဆောင်းရာသီ၏ ပျော့ပျောင်းနွေးထွေးသော ကတ္တီပါစောင်ကို ခြုံထားပြီး အိပ်ပျော်နေသေးသည်။

သို့ရာတွင် သဘာဝလောကထံမှ ဥစ္စာဓနရယူပြည့်ဝလိုကြပြီး မိနစ်စက္ကန့်နှင့်အမျှ အချိန်လုကြိုးပမ်း နေကြသည့် တရုတ်ပြည်သူများက ဆောင်းရာသီကဲ့သို့ ၎င်းအား အအိပ်မကြီးစေလိုပါ။ လူဦးရေ သန်း (၆၅ဝ)ရှိသော တရုတ်လူမျိုးတို့သည် တိုင်ပင်နှီးနှောကြပြီး ကျယ်လောင်သော အသံပလံများ ဖြင့်လည်းကောင်း၊ မိုးမြေကို သိမ့်သိမ့်တုန်စေနိုင်သော အပြုအမူများဖြင့်လည်းကောင်း၊ နွေဦးရာသီကို တညီတညာတည်း နှိုးလိုက်ကြလေတော့သည်။

ဟုတ်ပါသည်။ ဆီးနှင်းတဖွဲဖွဲလွင့်ပျံ့နေသောအချိန်၊ အရိုးထဲစိမ့်ဝင်အောင် ပြင်းထန်သည့်လေအေး တိုက်ခတ်ချိန်၊ လေတိုက်သဖြင့် မြေကြီးပေါ်မှ ထက်မြက်သည့်ဓားကဲ့သို့ သဲမြေများလွင့်ပျံလာသည့် ချိန်များတွင်၊ ကျွန်မတို့အားလုံးသည် နွေဦးရာသီကို စိတ်နှလုံးထဲသွင်းထားပြီး၊ လူစုလိုက်လူအုပ်လိုက် တရုတ်ပြည်အနှံ့အပြားတွင် မိမိ၏နွေဦးရာသီကို တမင်ဖန်တီးနေကြပါသည်။

ကျွန်မတို့သည် သတ္တုတွင်းထဲမှ နွေဦးရာသီကို တူးယူသည်၊ စက်ရုံ၏ ဘွိုင်လာအိုးအတွင်းမှ နွေဦးရာသီ ကို ထုတ်ယူသည်။ ဆားဖိုမှ ဆားလှန်းသည့် ကွင်းထဲမှ နွေဦးရာသီကို လှန်းယူသည်။ ရက္ကန်းစင်များမှ နွေဦးရာသီကို ရက်ယူသည်၊ သဲကန္တာရက ရထားလမ်းပေါ် နွေဦးရာသီကို ဖန်တီးသည်။ လှိုင်းတံပိုး
ထနေသည့် ပင်လယ်ထဲမှ နွေဦးရာသီကို ဆယ်ယူသည်။ မျှော်လင့်ချက်ကိုထားပြီး အမိနိုင်ငံကို ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်စေရန် ဆောင်ရွက်နေကြသည်။ ကျွန်မတို့သည် နီရဲသောပါးစပ်ဖြင့် နွေဦးရာသီကို ဖွဲ့ဆိုသီကျူးကြသည်။ လက်ထဲက ကလောင်တံဖြင့် နွေဦးရာသီအကြောင်းကို ရေးသား သည်။

ကျွန်မတို့၏ ကြိုးပမ်းဆောင်ရွက်မှုများသည် အကျိုးဖြစ်ထွန်း၏။ ကျွန်မတို့နှိုးလိုက်၍ နှိုးလာသည့် နွေဦးရာသီသည် ကမန်းကတန်းမျက်စိပွတ်သတ်ရင်း ပြုံးရယ်ကာ ကျွန်မတို့အားပြောကြားသည်မှာ လွန်ခဲ့တဲ့နှစ်ပရိစ္ဆေဒတွေမှာ ကျွန်မတအားအိပ်ခဲ့တယ်။ အခုတော့ကျွန်မဟာ ဆောင်းရာသီကနေ ထွက် လာပါပြီ။ ကျွန်မက စိမ်းလန်းတဲ့မြက်ခင်း၊ တသွင်သွင်စီးနေတဲ့မြစ်ချောင်း၊ ရွှန်းတင့်လှပတဲ့ပန်းပေါင်းစုံကို ဆောင်ကြဉ်းပြီးရှင်တို့နဲ့ လာတွေ့ဆုံတယ်။ အခုခေတ်သစ်မှာ၊ အခြေအနေဟာ ပြောင်းပြန်ဖြစ်နေပါပြီ။ အခုအချိန်ဆိုရှယ်လစ်လူ့ဘောင်ကို တည်ဆောက်သူတို့ဟာ အထူးကြီးမြတ်တယ်။ တကယ်ပဲ ကြည်ညိုလေးစားအပ်တယ်။

ကျွန်မတို့၏ နွေဦးရာသီသည် ဝေဟင်တွင် ကုက္ကားကြီးကိုင်ဆောင်ပြီး လေဟုန်စီးပျံသန်းနေလေပြီ။

ကုက္ကားကို လေတိုက်ခတ်သည့်မြည်သံများအကြားတွင် ဝသုန်မြေပြင်မှ အရာခပ်သိမ်း နိုးကြွရှင်သန် လာ၏။

ခွင်းလွင် တစ်လျှောက်တွင် မိုးတိမ်တောင်ထဲထိုးဝင်နေအောင် မြင့်မားမတ်စောက်သည့် ဖြူဖွေးသော နှင်းတောင်များကို တွေ့မြင်ရ၏။ တောင်တန်းများ နိမ့်ချည်မြင့်ချည် မပြတ်မလပ်ဆက်စပ်လျက်ရှိသည်။ တရုတ်လူမျိုးတို့၏ နွေးထွေးသောစိတ်ဓာတ်က ယင်းကို လွမ်းခြုံထားသည်။ ခွင်းလွင်တောင်ကြီးသည် တစ်ဖြည်းဖြည်းချင်း ကိုယ့်လက်တန်ဖြန့်လိုက်သည်။ တောင်ပေါ်မှရေခဲများသည် အရည်ပျော်လာကာ ရေစီးကြောင်းများစွာဖြစ်လာပြီး မြင့်မားသောတောင်ကမ်းပါးပေါ်မှ မြူးတူးနေသောမြစ်ချောင်းကြီးမှ မည်ဟီးနေသောအင်းအိုင် မြစ်ချောင်းကြီးထဲသို့ ဒလဟောကျဆင်းလာလေသည်။ မြစ်ဝါမြစ်၊ ယန်စီ မြစ်ထဲသို့ စီးဆင်းလာသည်၊ ငွေရောင်ပိုက်ကွန်ကြီးသဖွယ် အချင်းချင်းဆက်စပ်လျက်ရှိသော မြစ်ချောင်း ငယ်များထဲသို့ စီးဆင်းလာသည်။ ထိုနေရာတွင် သိန်းသောင်းမကသော တမျှော်တခေါ်စောင့်နေကြသည့် လူများ၊ ခေါင်းပေါင်းထားသည့်လူများ၊ သို့မဟုတ် ယူနီဖောင်းဝတ်ထားသည့်ဝန်ထမ်းများ၊ ကျားမမရွှေး၊ သက်ကြီးသက်ငယ်တို့က ခွင်းလွင်တောင်မှ စီးဆင်းလာသည့်ရေကို စောစောစောင့် ကြိုဆိုနေကြ၏။
သူတို့က ရေများကို ဝမ်းသာစွာကြိုဆိုနေပြီး ရေလှောင်ကန်ထဲသို့လည်းကောင်း၊ ဆည်မြောင်း မှတစ်ဆင့် ကျယ်ပြန့်ခြောက်သွေ့သော နေရာများသို့လည်းကောင်း သွင်းပေးကြသည်။

အလျှံပယ်ကျယ်ပြန့်သော လယ်မြေကြီးကို ထောင်ချီသော လယ်ထွန်စက်များ၊ သန်းချီသော ငွေရောင် တလက်လက်ပေါက်တူးများက ဆောင်းရာသီ၏ အအေးဒဏ်မှ ကင်းလွတ်ကြစေသည်။ လယ်မြေကြီး သည် ယင်း၏ ညိုမောင်းသော ရင်ခွင်ကို ဖော်ထားပြီး အသက်ရှူရှိုက်နေသည်၊ သူမ၏စားနပ်ရိက္ခာကို စောင့်မျှော်နေသည်။

ဝက်ခြံမှလည်းကောင်း၊ နွားတင်းကုပ်မှလည်းကောင်း၊ စက်ရုံ၏ ဘွိုင်လာအိုးရှိရာမှလည်းကောင်း၊ လူတွေ၏ နေအိမ်ဘေးမှလည်းကောင်း၊ အလေးချိန်သန်း (၁ဝဝ) ကျော်သောမြေသြဇာကို ကောက်ယူ စုဝေးခဲ့သည်။ ကားတစ်စီးပြီးတစ်စီး၊ တစ်အိတ်ပြီးတစ်အိတ် သယ်ဆောင်လာသည်။ ထို့ကြောင့် လယ်မြေမှာ မြေသြဇာပြည့်ဝလာသည်။ အစာဝအောင်သုတ်ခဲ့ရသော သူမသည် နှုတ်ခမ်းဘေးမှ ဆီများနှင့်မျက်နှာပေါ်က ချွေးရည်ကို သုတ်ပစ်လိုက်သည်။ သူမသည် မတ်တတ်ရပ်ပြီး သန်မာသည့် လက်မောင်းဖြန့်ကာ သူမ၏မရေတွက်နိုင်အောင်များပြားသည့် ဝဝတုတ်တုတ်ကလေးများကို ရင်ခွင်ထဲ ပွေ့ဖက်သွင်းလိုက်သည်။ သူမ၏ ဖြူလည်းဖြူ ဝလည်းဝ၊ အာဟာရကြွယ်ဝသော ကလေးများကို ပွေ့ဖက် နမ်းရှုပ်နေတော့သည်။

ယင်းတို့သည် ဆန်ပါးစေ့များဖြစ်သော ကလေးများဖြစ်သည်၊ ဂျုံစေ့များဖြစ်သော ကလေးများဖြစ်သည်၊ ဝါဂွမ်းများဖြစ်သော ကလေးများဖြစ်သည်။ သူတို့သည် ပျော်တပြုံးပြုံးနှင့် ဖောင်းပွပျော့အိသောမြေကြီး အတွင်း တိုးခွေ့နေကြပါသည်။ မြေကြီး၏ အမွှေးရနံ့က သူတို့ကိုမူးရစ်စေသည်။ သူတို့သည် တိုးရင်း ခွေ့ရင်းနှင့် အော်နေကြသည်မှာ“ညီအကိုမောင်နှမတို့ရယ်၊ ဒီမှာအရမ်းတင်းကြပ်တယ်၊ မြေကြီးပေါ်ကို ထွက်သွားကြစို့လေ”။

မျိုးစေ့တို့သည် ကောင်းကင်ပေါ်မှ လေတိုက်ခတ်၍ထွက်ပေါ်လာသော ကုက္ကားမြည်သံကို နည်းနည်း ကြားရသည်။ သူတို့သည် မြေကြီး၏အပေါက်ကလေးမှနေ၍ နွေဦးရာသီ၏ရွှေရောင်သန်းသော နေရောင်ခြည်ကို တွေ့မြင်ရပါသည်။

သူတို့သည် ခုန်ဆွခုန်ဆွနှင့် ဝမ်းသာလှပါသည်။ သူတို့သည် အပြင်ဘက်သို့ အတင့်တိုးထွက်နေကြ သည်၊ နက်ရှိုင်းသော မြေဆီလွှာမှတိုးထွက်လာပြီးနောက်တွင် သူတို့သည် မားမားမတ်မတ်ရပ်တည် နိုင်ကြပြီး နွေဦးရာသီ၏ ရနံ့ကို ရှူရှိုက်ကြသည်၊ သူတို့သည် မိမိတို့၏ ရွက်နုကလေးများကို ပသာအရာ ဖြန့်ကြင်းလက်ပျောက်စွာ လိုက်ကြသည်။

ကျွန်မတို့က ဤချစ်စဖွယ်ကောင်းသောအပင်ကလေးများကို ယုယကြင်နာစွာ ငုံ့ကြည့်ကြသည်၊ ကြည့်ရှု့ ကြသည့်လူများအထဲတွင် ခေါင်းပေါ်တွင် ဆေးဆိုးပန်းရိုက်အဝတ်ခြုံထားပြီး ပါချိုင့်ကလေးများ ပေါ်အောင် ရယ်ပြုံးတတ်သည့် မိန်းကလေးများလည်းပါသည်။ ယူနီဖောင်းဝတ်ထားသည့် လူချော ကလေးများလည်းပါသည်။ ဆေးအိတ်ကိုင်ထားသည့်လက်ကို မြှောက်လိုက် လက်ညှိုးထိုးလိုက်နှင့် ချီးကျူးစကားပြောနေသည့်ဦးကြီးလည်းပါသည်။

သူတို့သည် မစောင့်နိုင်ကြတော့ပါ၊ မြန်မြန်ပြင်းလာလိုကြသည်။ တစ်ဖြည်းဖြည်းပျင်းလာကြလေပြီ။
ကျွန်မတို့၏မျှော်လင့်ချက်ဖြစ်သော နွေဦးရာသီသည် ကောင်းကင်ပေါ်မှနေ၍ အဆိုပါအခြေအနေ အားလုံးကို ငုံ့ကြည့်တွေ့မြင်နေရပါသည်။ သူမက ပြုံးရယ်ရင်း အလိုလိုပြောကြားသည်မှာ “အနှစ် (၂ဝ)တာဝန်ကို တစ်ရက်နဲ့ပြီးအောင် ကြိုစားထမ်းဆောင်တဲ့လူတွေရယ်၊ ရှင်တို့က အချိန်ကို အတင်း လိုက်လုနေတယ်။ အချိန်ကလည်း ရှင်တို့နောက်က လိုက်နေတယ်။” နွေဦးရာသီသည် ကုက္ကားကြီးကို ကိုင်ဆောင်လျက်တစ်နေရာမှ အခြားနေရာသို့ ခရီးနှင်၏။ သူမသည် အမိတရုတ်ပြည်၏ မည်သည့် တောင်တန်း၊ မည်သည့်မြေပြင်၊ သို့မဟုတ် မည်သည့်ပင်လယ်သို့ သွားရောက်အကျိုးဆောင်သည်ကို ကျွန်မတို့ မသိကြပါ၊ စုံစမ်းမေးမြန်းဖို့လည်းမအားပါ။

မည်သို့ပင်ဖြစ်စေ၊ နွေဦးရာသီကို ကျွန်မတို့က နိုးထသွားစေသည်။

(အဆိုပါဆောင်းပါးကို ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က ထုတ်ဝေသော ပြည်သူ့နေ့စဉ်သတင်း စာတွင် ဖော်ပြခဲ့ဖူးသည်။ ထိုနောက်တွင် စကားပြေပဒေသာ “ ကျွန်မတို့သည် နွေဦးရာသီနိုးလာစေပြီ” ၌ ထပ်မံဖော်ပြထားသည်။)

စာရေးဆရာမအကြောင်းအကျဉ်းချုပ်—

ပင်းစင်း၊ (၁၉၉ဝ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့--၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့) အသက် (၉၉)နှစ်တွင် ကွယ်လွန်သည်။ မူလနာမည်မှာ ရှည့်ဝမ်ယဉ်ဟု ခေါ်ပြီး ကလောင်နာမည်မှာမူ “ပင်းစင်း ” ဖြစ်သည်။ ခေတ်သစ်တရုတ်ပြည် အမည်ကျော်အမျိုးသမီးစာဆိုတော်၊ ဘာသာပြန်နှင့် ကလေးစာပေဆရာမဖြစ်၏။ လက်ရာမွန်များမှာ —ကဗျာပဒေသာ《ကြယ်တာရာများ》၊《နွေဦးရေစင်》၊ စကားပြေနှင့်ဝတ္ထုပေါင်းအချုပ်《ပြည်သူပြည်သားတို့၏ရှေးဟောင်းပုံပြင်》နှင့် ချောစာစု《စာဖတ် ပရိသတ်ကလေးများဆံသို့ပေးစာ》စသည်တို့ဖြစ်သည်။