တရုတ်နိုင်ငံ၏နာမည်ကျော် မကာအိုသံစုံတီးဝိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး လာရောက်ဖျော်ဖြေ

2018-04-03 18:02:38 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ မတ်လ ၃၀ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကျော် တရုတ်နိုင်ငံ မကာအိုသံစုံတီးဝိုင်းဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ၎င်းဖျော်ဖြေပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုရေးနှင့်ယဉ်ကျေးမှုရေးရာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။